မကွေးတိုင်း မေလ ၇ ရက် မှ မေလ ၁၃ ရက်အထိ မိုးလေဝသအခြေအနေ
- မေလ ၉ ရက်နေ့က စ ပြီးအနောက်တောင်ဘက်ကလေတိုက်ပြီး မိုးဖွဲစတင်ကျနိုင်တဲ့ အခြေအနေမှာ အပူချိန်တွေ ၄၀°C အထက်ထိ မြင့်တက်နေတာတွေ့ရပါတယ်။ ရုတ်တရက်ဆောင့်တိုက်လိုက်တဲ့လေပြင်း(Wind Gust)ပြင်းနိုင်ပါတယ်။ မေလ ၁၁ ရက် မွန်းလွဲ/ညနေပိုင်းနဲ့ မေလ ၁၂ ရက် မနက်ပိုင်းတွေမှာ မိုးရေချိန်မများတဲ့ မိုးသက်လေပြင်းကျနိုင်ပါတယ်။ နေ့အပူချိန်များလည်း မေလ ၁၂ ရက်မှ စတင်ကာ ကျဆင်းသွားနိုင်ပါတယ်။ - မေလ ၁၃ ရက်နဲ့နောက်ပိုင်းရက်တွေမှာတော့ အနောက်တောင်မုတ်သုံလေနဲ့ဆက်ပြီး မိုးအသင့်အတင့်ဆက်လက်ရွာနိုင်ပါတယ် မိုးရေချိန်လဲ ၂၄ နာရီအတွင်း ၀.၈ လက်မ(20mm)ခန့်ရွာနိုင်ပါတယ်။ - ဦးဝင်းနိုင် - မိုးလေဝသပညာရှင် - ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်👇👇 - မိုးဦးလည်း ဝင်လာပြီဆိုတော့ ငါးကန်များ အစာကျွေးရာမှာ အလအလွင့်မဖြစ်စေဖို့ အကြံပြုအပ်ပါသည်။ - - မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။ - - အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။ - - ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါသည်။ - - ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ - - အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။ - ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
