ဧရာဝတီတိုင်း မေလ ၈ ရက် မှ မေလ ၁၄ ရက် အထိ မိုးလေဝသအခြေအနေ
- ဧရာဝတီတိုင်းအတွင်းမိုးဖြိုင်ဖြိုင်ရွာနိုင်မှာက မေလ ၁၄ ရက်နေ့နဲ့ မေလ ၁၅ ရက်နေ့နောက်ပိုင်းမှသာဖြစ်နိုင်ပါမယ်၊ ၁၃ ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်း ၆၀% ရှိနေပြီး မိုးရေချိန်က ၂၄ နာရီအတွင်း ၅ မီလီမီတာခန့်(၀.၂ လက်မ ခန့်)သာရှိမှာမို့ မိုးအလွန်နည်းနိုင်ပါတယ်။ မိုးဦးကျစကာလဖြစ်တာကြောင့် ဧရာဝတီတိုင်းအတွင်းမှာ ရွှေလောင်း၊ ဝါးခယ်မမြို့တွေရဲ့တောင်ဘက်ဒေသတွေမှာ မိုးပိုများနိုင်ပြီး၊ ညောင်တုန်း၊ ဓနုဖြူ အထက်ဘက်ဒေသတွေမှာတော့ မိုးလျော့နည်းနေနိုင်ပါသေးတယ်။ - မေလ ၁၂ ရက် နောက်ပိုင်းနေ့အပူချိန်တွေ ၃၃°C နဲ့အောက်အထိ တဖြည်းဖြည်းကျဆင်းလာနိုင်ပါတယ်။ အနိမ့်ဆုံးအပူချိန်(ညအပူချိန်) က ၂၆°C ဝန်းကျင်မှာ ဆက်ရှိနေပါမယ်။ - ဒီကာလအတွင်း အနောက်ဘက်၊ အနောက်တောင်ဘက်နဲ့ တောင်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်အထိ တိုက်နိုင်ပြီး၊ ဧရာဝတီတိုင်းအနောက်ဘက် အပန်းဖြေကမ်းခြေများရှိတဲ့ဒေသတွေမှာတော့ အနောက်ဘက်၊ အနောက်မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ မိုင်၂၀ ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။ - ဦးဝင်းနိုင် (မိုးလေဝသပညာရှင်) - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရုတ်တရက် မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း၊ ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည်။ နေ့ပွင့်ချိန်မှာ ပြန်ကျွေးနိုင်ပါသည်။ - မိုးရွာပြီး နောက်တစ်နေ့တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကို ပြန်လည် တိုင်းတာပြီး ကျဆင်းနေပါက တစ်ဧက လျှင် ထုံး (၁၅)ပိဿာ ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။ - ကန်ရေဩဇာဓါတ်လည်း ကျဆင်းပျောက်ဆုံးခြင်းများလည်း ကြုံတွေ့ရပါမည်။ ထို့ကြောင့် မိုးရွာသွန်း ပြီးနောက် ရေကြည်နှုန်း (၁၈)လက်မကျော်နေပါက ပုလဲနှင့်တီစူပါ မြေဩဇာများပြန်လည်ထည့်သွင်းပေးပါရန် အကြံပြုတင်ပြအပ်ပါသည်။ - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ - ------------------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
