cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ယခုဘဏ္ဍာနှစ် ပြည်ပသို့ ဆန်တင်ပို့မှုပြန်တက်လာ

. ဈေးကွက်သတင်းများ
လက်ရှိ တရုတ်ကို အများဆုံ တင်ပို့နေရပြီး အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်နိုင်ငံတို့ ကို ဆန် တင်ပို့ ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
  • နယ်စပ်မှ တင်ပို့မှုမရှိသော်လည်း ဆန်တင်ပို့မှုက ပြီးခဲ့သည့် လများထပ် မြင့်တက်လာကြောင်း သိရပါသည်။ 

    ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလက ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှာ မတ်ထရစ်တန်ချိန် ၁၁၃၆၈၃ တန် သာရှိ ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ် ဧပြီလက ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှာ မတ်ထရစ်တန်ချိန် ၁၄၂၇၈၈တန် ထိ မြင့် တက်ခဲ့သည်။ 

    အဆိုပါ တင်ပို့မူမှာ ပင်လယ်ရေကြောင်းလမ်း မှ တဆင့် တင်ပို့ ခဲ့ခြင်း ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးမှ အကြောင်း အမျိုးမျိုးကြောင့် တင်ပို့နိုင်ခဲ့ခြင်း မရှိကြောင်းသိရပါသည်။  

    “ နောက်ပိုင်း အမယ်တော်တော်များများကို ပင်လယ်ရေကြောင်းကပဲ အဓိကထား တင်ပို့ကြတော့တာ ၊နယ်စပ် က အကြောင်းအမျိုးမျိုးကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ အခက်အခဲရှိတယ်။ လိုတဲ့ ခရီး မရောက်ဘူး ။ ဆန်ကိုလဲ ပင်လယ်ရေကြောင်းပဲ အဓိက သွားတယ်။ ဧပြီလတုန်းက နယ်စပ်က သွားတာကို မရှိဘူး။ ဆန်က တရုတ်က အဝယ်များသလို တင်ပို့မှုလဲ များတယ်။” ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။ 

    လက်ရှိ မေလ အတွက် အသင်း မှ ထုတ်ပြန်ထားသည့် သင့်တင့် မျှတ သည့် စျေးနှုန်း များမှာ ပြီးခဲ့သည့် မတ်လ ထပ် ကျဆင်းသွား သော်လည်း အပြင်ဆန်စျေး ကွက် မှာ မြင့်တက်နေဆဲဖြစ် ကြောင်း လည်း သိရသည်။ 

    ထို့ အပြင် တင်ပို့ မှု ပုံမှန်ရှိနေပြီး 

    ဆန်စျေးမှာ မြင့်တက် နေ သော်လည်း တောင်သူ များ မှာစပါး ဝယ်ယူသူနည်းပြီး ဈေးမရ ဖြစ်နေတာကြောင့် အရှုံးများ နှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ 

    စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် မေလ အတွက် သင်တင့်မျှတသော စျေးနှုန်း ဖြစ်စေရန် ဆန်ကြမ်း အုပ်စုဖြစ်သော၂၅မှတ်ဆန် တစ်အိတ်လျှင် ၆၀၀၀၀ ကျပ် မှ ၆၇၀၀၀ကျပ် နှင့် ၁၅မှတ်တန် ဆန်တအိတ်လျှင် ၆၂၀၀၀ကျပ် မှ ၇၀၀၀၀ကျပ် သတ်မှတ်ထားပြီး ဇီယာ၊ရွှေသွယ် ၊ပခန်း ၊ အညာသား စသည့် ပြည်ပတင်ပို့ခြင်း နှင့် ပြည်တွင်း စားသုံးသည့်ဆန် ၁၀-၅ မှတ်တန် အဟောင်း တစ်အိတ်လျှင် ၇၈၀၀၀ကျပ် ၊အသစ်တစ်အိတ် လျှင် ၆၈၀၀၀ ကျပ် ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။ 

    ပေါ်ဆန်အုပ်စု တစ်အိတ်လျှင် အမျိုးစားပေါ်မှုတည်ပြီး ၇၅၀၀၀ မှ ၁၃၃၀၀၀ ကျပ် အထိ သတ်မှတ်ထားကြောင်း သိရပါသည်။ 

    “ သတ်မှတ်စျေးကတော့ ထုတ်ပြန်ချက်ပေါ် မှာပဲရှိတယ်။ အပြင်စျေးက တော့ သူစျေးကွက် ကို သပ်သပ်ရှိတယ်။မြေပြင်ထိ အသင်းကလူတွေ လိုက်မကြည့်နိုင်တဲ့ အတွက်တော့ စျေးကတော့ တက်နေမှာပဲ။ ဘာဖြစ်ဖြစ် စားသုံးသူပဲ နစ်နာတာ။ “ဟု သင်္ဃန်းကျွန်း မြို့နယ်နေထိုင်သူ ဒေါ်ခင်မိုးကပြောသည်။ 

    သို့သော် ယခုနှစ် အောက်တိုဘာလ တွင် ဆန်တန်ချိန် ၄၂၀,၀၀၀ကျော်တင်ပို့ခဲ့ပြီး ယခုဘဏ္ဍာနှစ် ၇ လ အတွင်း ဆန်တင်ပို့မှု အများဆုံးတင်ပို့နိုင်သည့် လဖြစ်ကြောင်း လည်း သိရသည်။ 

    မြန်မာနိုင်ငံအနေဖြင့် တနှစ်ကို ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သန်းအထက် ပြည်ပကို ပုံမှန်တင်ပို့နေခြင်း ဖြစ်ကြောင်း သိရပြီး အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ပထမ ၇ လအတွင်း ဆန်တင်ပို့မှုမှာ ၁ ဒသမ ၃၆ သန်းကျော်ရှိကြောင်း သိရသည်။ 

    ဖိုးချဲ(AMIA) 


  • article
likes
15
comments
0
views
2655
cover
cover
cover
cover
cover