ဂန္ဓမာပန်းတွင်အဓိကကျရောက်တတ်သောရောဂါ(၂)မျိုး 🌱🌱
- (၁) ဂန္ဓမာကျောက်ရောဂါ - ပင်ပြလက္ခဏာ အရွက်ရဲ့ အပေါ်ယံမျက်နှာပြင်မှာ စိမ်းရောင်ဖျော့ဖျော့ မှ အဝါရောင် အစက်အပြောက်လေးများကို ထင်ရှားစွာ တွေ့ပါတယ်။ - နောက်ပိုင်းမှာ အညိုရောင် ဆဲလ်သေကွက်များအဖြစ်ပြောင်းသွားပါမယ်။ - အောက်ဖက်မျက်နှာပြင်မှာ အညိုရောင် (သို့မဟုတ်) ပန်းရောင်အဖု လေးတွေကို တွေ့ရပါတယ်။ - ဆိုးဝါးစွာ ကျရောက်ခဲ့ရင်တော့ အပင်ကညှိုးခြောက်ပြီးတော့ သေသွားပါမယ်။ - ကူးစက်ပျံ့နှံ့ပုံ - မှိုစပိုးများဟာ လေမှတစ်ဆင့်၊ ရေမှတစ်ဆင့်၊ လူမှတစ်ဆင့်လည်း ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ - စိုထိုင်းဆများရင် လေမှတစ်ဆင့် မိုင်ဝက်ခန့် ပျံ့နှံ့နိုင်ပါတယ်။ - စိုထိုင်းဆ (၉၆ မှ ၁၀၀%) ၊ အပူချိန် (၄.၄ မှ ၂၂.၇) ဒီဂရီစင်တီဂရိတ် ရှိခဲ့လျှင် ပိုပြီး ကူးစက်ပျံ့ပွားနိုင်ပါတယ်။ - စိုထိုင်ဆနည်းပြီး နေရောင်ခြည်တိုက်ရိုက်ရရှိခဲ့ရင်တော့ ရောဂါ မဖြစ်နိုင်ပါဘူး။ - ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများ - ရောဂါဖြစ်စေတဲ့သက်ရှိဟာ ပင်ကြွင်းပင်ကျန်များထဲမှာ ၈ ပတ်ခန့် ခိုအောင်းနေထိုင်ပြီး (၃) ပတ်ခန့် အသက်ရှင်နိုင်ပါတယ်။ - ဒါကြောင့် ပင်ကြွင်းပင်ကျန်များကို စိုက်ခင်းနှင့် ဝေးရာတွင် မီးရှို့ဖျက်ဆီးပစ်ပါ။ - ရောဂါကျရောက်ထားတဲ့ စိုက်ခင်းမြေမှာ မုန်ညှင်း၊ မုန်လာမျိုးနွယ်ဝင် အပင်တွေကို မစိုက်ပျိုးသင့်ပါဘူး။ - ဆေးအနေနဲ့ကတော့ - (၁) အဇိုဆီစတိုဗင် (Azoxystrobin)၊ - (၂) ကလိုရိုသာလိုနေး (Chlorothalonil)၊ - (၃) အိုင်ပရိုဒီရုန်း (Iprodione)၊ - (၄) မာန်ကိုဇာတ်(mancozeb)၊ - (၅) ပရိုပီကိုနဇိုး (Propiconazole) ၊ - (၆) သိုင်အိုဖီနိတ် မီသိုင်း (Thiophanate methyl) - (၇) ဟက်ဇာကိုနာဇိုလ်း (Hexaconazole) ပါဝင်တဲ့ ဆေးအုပ်စုဝင်တွေထဲက တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ - (၂) ဂန္ဓမာရွက်ပြောက်ရောဂါ - ၁။ မိုးရာသီအတွင်း အစက်အပြောက်ရောဂါကျရောက်လေ့ရှိသည်. - ၂။ မိုးဆက်များမှ တစ်ဆင့်ကူးဆက်သဖြင့် အောက်ဆုံးအရွက်မှစတင်၍ ဖြစ်ပေါ်တတ်သည်။ - ၃။ ရောဂါပြင်းထန်ပါက အရွက်များညှိုးနွမ်းသွားပြီး အပင်တွင် ကြာရှည်တွဲလဲရှိနေတတ်သည်။ - ၄။ ပန်းပွင့်များကိုပါ ကူူးဆက်၍ အပွင့်များပုပ်စေသည်။ - ၅။ ရောဂါရပင်ကြွင်းပင်ကျန်များကို ဖယ်ရှားပါ။ - ၆။ ရေအလွန်အကျွံသွင်းခြင်း ရှောင်ကြဉ်ပါ။ - ၇။ ရောဂါပြင်းထန်ပါက မန်ကိုဇက်(Mancozeb)၊ ဒိုင်ဖီနိုကိုနာဇိုးလ် (Difenoconazole)၊ ပရိုပီကိုနာဇိုးလ်(Propiconazole)၊ သိုင်အိုဖာနိတ်မီသိုင်း(Thiophanate-methyl)၊ ကလိုရိုသာလိုနေး (Chlorothalonil) ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ပါ။ - Source: ဦးကိုကို (စီးပွားဖြစ်အလှစိုက် ပန်းမန်များတွင် ကျရောက်တတ်သော အင်းဆက်ပိုးမွှားများနှင့် ရောဂါများအား ကာကွယ်နှိမ်နင်းနည်း) - ----- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
