"ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်ခြေ - မေလကုန်အတွင်း မိုးလေဝသအခြေအနေ"
- 🔸 နောက်လာမည့် ၄ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation - UACC)စတင်ဖြစ်ပေါ်လာနိုင်သည့် နေရာကို ECMWF, GFS နှင့် ICON model ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပြီဖြစ်ပါတယ်။ - အဆိုပါ UACC သည် - - 🔸 မေလ ၂၆-၂၇ ရက်နေ့များတွင် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိလာနိုင်ကာ မြောက်-အနောက်မြောက်ယွန်းယွန်း(အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်ကမ်းခြေများဆီသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း၊ - 🔸 မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်သည်အခြေအနေမတွေ့ရကြောင်း ကနဦး ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါတယ်။ - 🔸 UACC သည် အားကောင်းသော လေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)အဆင့်အထိရောက်ရှိလာပြီးနောက် - 🔸 အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေအနီးချဉ်းကပ်ရောက်ရှိစဉ် - မေလ ၂၉ ရက်နေ့၌ ဗဟိုအနီးလေတိုက်နှုန်း တစ်နာရီမိုင် ၄၀ အထက်သို့ရောက်လာနိုင်ပြီး "အမည်ရဆိုင်ကလုန်းမုန်တိုင်း" အဆင့်အထိရောက်လာနိုင်ကြောင်းတွေ့ရပါတယ်။ - 🔸 အထက်လေပွေလှိုင်း အစပျိုးဖြစ်ပေါ်သည့်နေ့(မေလ ၂၅ ရက် နံနက်)မှ စတင်၍ မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့သောပြည်နယ်/တိုင်းဒေသများတွင် နေရာကွက်၍ မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း၊ မိုးများရာမှ မိုးအလွန်များနိုင်ကြောင်း တွေ့ရပါတယ်။ - 🔸 ကြိုတင်ခန့်မှန်းချက်ပြောင်းလဲခြင်းများအတွက် ဆက်လက်စောင့်ကြည့်တင်ပြပေးနေပါမယ်။ - နောက်လာမည့် ၄ ရက်အတွက် မိုးလေဝသဖြစ်နိုင်ချေ ကြိုတင်ခန့်မှန်းချက်များကြည့်ရန် - https://www.mmweather.org/divisional-cities-weather - (မေလ ၂၁ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်) - Source: U Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
