ပိုက်ဆံမကုန်သော သဘာဝမှိုသတ်ဆေးပြုလုပ်ကြရအောင်
- ဗီဆက်ရွက်ဆေးရည်ကို ပိုးသတ်ဆေးအဖြစ်သော်လည်းကောင်း၊ မှိုသတ်ဆေးအဖြစ်သော်လည်းကောင်း အသုံပြုနိုင်ပါသည်။ ပျ၊ လိပ်ပြာဖလံဖြစ်မည့်ပိုးလောက်ကောင်၊ ကျိုင်းကောင် စသောဖျက်ပိုးများနှင့် Fusarium (ဖျူစေရီယမ်)၊ Aspergillus (အက်စပါးဂျီးလတ်) နှင့် Rhizoctonia (ရိုက်ဇိုတိုးနီးယား) စသော မှိုရောဂါများ ကိုလည်း ကာကွယ်နှိမ်နင်းနိုင်ပါသည်။ - ဗီဆက်ရွက်ဆေးရည် ပြုလုပ်နည်း - (၁) ဗီဆက်အပင်၏ အရွက်များကိုခူး၍ ရေဖြင့် ၃ ကြိမ်ခန့် ဆေးကြောသန့်စင်ထားပါ။ - (၂) ရေဆေးထားသော ဗီဆက်ရွက်များကို ကြိတ်စက် သို့မဟုတ် ကြိတ်ဆုံနှင့် ကြိတ်ချေထားပါ။ - (၃) ကြိတ်ချေ၍ရရှိလာသော ဗီဆက်ရွက်အရည်များကို ပိတ်စဖြင့်စစ်ပြီးသတ္တုရည်ကိုယူပါ။ - (၄) ဗီဆက်ရွက်သတ္တုရည် ၁ ဆနှင့် အရက်ပြန် (Ethanol) ၁ဆ ကိုရော၍ ရေသန့်ဘူးထဲထည့်ထားပါ။ - တစ်ရက် (၂၄ နာရီ ) ကြာအောင်ထားပြီးလျှင် ဗီဆက်ရွက် မှိုသတ်ဆေးရည်အဖြစ်အသုံးပြုနိုင်ပါသည်။ ရေ ၂၀ လီတာကို ဗီဆက်ရွက်ဆေးရည် ၁ လီတာရောဆက်၍ သီးနှံပင်များတွင် သဘာဝမှိုသတ်ဆေးအဖြစ် အသုံးပြု နိုင်ပါသည်။ - ------------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
