မိုးရာသီတွင် ခရမ်းချဥ်၊ အာလူးတွင်အကျများသော နှောင်းပင်နာကျရောဂါ
- ရောဂါဖြစ်စေသက်ရှိ - Phytophthora infestans - ကျရောက်အချိန် - အပင်ငယ်စဥ်မှ သီးနှံသက်တမ်းတစ်လျှောက်လုံးကျရောက်နိုင်ပါသည်။ - ဖျက်ဆီးပုံလက္ခဏာ - အရွက်ပေါ်တွင်ပုံသဏ္ဍန်မမှန်သော အညိုရောင်ရေစိုနာကွက်များစတင်ဖြစ်ပေါ်လာတာတွေ့နိုင်ပါသည်။ စိုထိုင်းသောရာသီဥတုအခြေအနေဖြစ်ပါက အရွက်အောက်ဘက်တွင် အဖြူရောင် မှိုမျှင်အစုအဝေးများကို တွေ့ရတတ်သည်။ ရောဂါ ပြင်းထန်လာပါက ရေစိုနာကွက်များကြီးလာပြီး အရွက်တစ်ခုလုံးဖုံးလွှမ်းသွားကာ ညှိုးမည်းခြောက်သွေ့သွားပါသည်။ - အေးမြစိုစွတ်သော မိုးရာသီတွင်အဓိကကျရောက်သလို၊ ဆောင်းရာသီမှာလည်း ကျရောက်တတ် - မိုးရေ၊သွင်းရေမှတစ်ဆင့် အဓိကကူးစက်ပြန့်နှံ့ နိုင်သည်။ - ကာကွယ်နှိမ်နင်းနည်း - ရောဂါကျစိုက်ခင်းက မျိုးကိုယူမစိုက်သင့်ပါ။ - စိုက်ခင်းဘောင်ကိုမြင့်မြင့် ပြုပြင်ပါ။ - ပင်ခြေရေမဝပ်အောင်ဆောင်ရွက်ပါ။ - အသုံးပြုနိုင်သောဓာတုဆေးများ- Metalaxyl, Cymoxanil, Dimethomorph, Propamocarb hydrochloride - ထွက်တိုး - ----------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
