အာလူး အရောင်းအဝယ်ဖြစ်နေပြီး စျေးကောင်းနေ
- အာလူး အရောင်းအဝယ်ဖြစ်နေပြီး စျေးတက်လာကြောင်း ကုန်စိမ်းရောင်းဝယ်သူများထံမှ သိရသည်။ - နွေအာလူး အကုန် မိုးအာလူး စိုက်သည့် ကာလဖြစ်သည့်အတွက် စျေးကွက်သို့ ကုန်အဝင်နည်း လာ၍ စျေးတက်လာခြင်းဖြစ်ကြောင်းလည်း ကုန်သည်တချို့က သုံးသပ်ကြသည်။ - ရှမ်းပြည်နယ် အောင်ပန်းမြို့ တွင် ပြီးခဲ့သည့် မေလက မားကစ် S-1/S-2 တစ်ပိဿာလျှင် ၅၀၀၀ကျပ် ၊ မျက်နီ S-2/S-1 တစ်ပိဿာလျှင် ၄၃၀၀ ကျပ် ၊ မျက်နီ S1 OK အာလူး - တစ်ပိဿာလျှင်၄၀၀၀ ကျပ် သာရှိခဲ့ပြီး လက်ရှိ ဇွန်လ တွင် မားကစ် S-1/S-2 တစ်ပိဿာလျှင် ၅၅၀၀ကျပ် ၊ မျက်နီ S-2/ S-1 တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ၊ မျက်နီ S1 OK အာလူး - တစ်ပိဿာလျှင်၄၅၀၀ ကျပ် ထိမြင့် တက်လာကြောင်း သိရပါသည်။ - “ အာလူး အဝယ်ပြန်လိုက်လာတယ်။ စျေးလည်း အနည်းငယ် တက်လာတယ်။ တချို့ မိုးအာလူး တွေ စိုက်ပျိုးနေကြပြီဖြစ်လို့ စျေးတက်လာတဲ့ သဘောပါ။ “ဟု ရှမ်းပြည်နယ်အောင်ပန်း မှ ကုန်စိမ်းရောင်းဝယ်သူ တစ်ဦးက ပြောထားသည်။ - တရုတ်ဘက်မှ ကုန်သွယ်မှု အခက်အခဲ ရှိ နေသောကြောင့် တရုတ်အားလူးများအဝင်နည်းနေပြီး အာလူးစျေးကောင်းရနေကြောင်း အာလူးစိုက်တောင်သူ နှင့် ကုန်သည် အချို့ က သုံးသပ်ထား ခြင်း လည်းရှိသည်။ - လက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဟဲဟိုး A1 တစ်ပိဿာ လျှင် ၂၇၀၀ ကျပ် ၊ ဟဲဟိုး OK နှင့် S1 တစ်ပိဿာလျှင် ၃၀၀၀ အထိ ရှိ နေပြီး တစ်ပိဿာလျှင် ၃၀၀ကျပ် မှ ၅၀၀ ကျပ် အထိ မြင့် တက်လာကြောင်း သိရပါသည်။ - အာလူးမျိုးများကို ဘင်္ဂလားဒေ့လ်နိုင်ငံ၊ နယ်သာလန်၊ အိန္ဒိယ၊ နှင့် တရုတ် နိုင်ငဲများ မှ ဝယ်ယူစိုက်ပျိုးကြရပြီး မျိုးအာမခံချက်နှင့် လမ်းခရီးအခက်အခဲများကိုလည်း ကြုံတွေ့နေရ ကြောင်း သိရပါသည်။ - “ အခုက နယ်စပ်တွေမှာ အခြေအနေ အမျိုးမျိုး အခက်အခဲတွေ ရှိတယ်။ တရုတ်အာလူးတွေလဲ အဝယ်နည်းသလို တရုတ်မျိုးတွေလဲ အဝင်နည်းတယ်လို့ ပြောလို့ရတယ်။ တရုတ်အာလူးတွေ အဝင်များရင် ပြည်တွင်း အာလူး တွေ ကျလေ့ရှိတယ် ။ ဒါကြောင့် တောင်သူတွေနှစ်စဉ် အရှုံးပေါ် ခဲ့ တာတွေရှိတယ်။“ ဟု ရှမ်းပြည်နယ်မှ အာလူးစိုက်တောင်သူ တစ်ဦးက ပြောသည်။ - လက်ရှိ အာလူးစိုက်တောင်သူများ အနေဖြင့်မျိုးအာလူး ရရှိရန် အခက်အခဲ များလျော့ကျရန် - နှင့် အရည်အသွေးကောင်း အာလူးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံစိုက်ပျိုးရေးနှင့် သုတေသနဌာန(DAR)နှင့် နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းတို့ ပူးပေါင်း၍ - ပြည်တွင်း ၌ တစ်သျှူးကာချားနည်းဖြင့် မျိုးအာလူးများထုတ်လုပ်ပေးနိုင်ရေးဆောင်ရွက်နေကြောင်း လည်း သိရပါ သည်။ မိုးအာလူး အတွက် တရုတ်မျိုး နှင့် နယ်သာလန်မျိုးများကို အဓိကထား စိုက်ကြကြောင်း နောင်တရားဒေသမှ အာလူး စိုက်တောင်သူတစ်ဦးက ပြောသည်။ - ပြည်တွင်း၌ အာလူးအား ၅လပိုင်း မှ ၆လပိုင်း တစ်ကြိမ် ၊ ၈လပိုင်း မှ၉လပိုင်း တစ်ကြိမ် - ၊ နှင့် ၁၂ လပိုင်းဘမှ ၁လပိုင်း တစ်ကြိမ် သုံးကြိမ်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။ - ဖိုးချဲ(AMIA) - -------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
