cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ(အက်စ်ကျူ၊ အာစီ)များသည် ယခင်လထက်စျေးအနည်းငယ်တက်လာပြီး၊ ပဲစဉ်းငုံဈေးနှုန်းသည် ယခင်လထက် စျေးကျနေတာ တွေ့ရပါတယ်။ မတ်ပဲ နှင့် ပဲစဥ်းငုံ စျေးနှုန်းက ပြည်ပ ဝယ်လိုအား အပေါ် လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ(အက်စ်ကျူ၊အာစီ)နဲ့ ပဲစဉ်းငုံနီ(အာစီ) တစ်တန်ဈေးနှုန်းများကို လေ့လာ သော် ဇွန်လ ၂၆ ရက် ပေါက်စျေးအရ မတ်ပဲ(အက်စ်ကျူ၊ အာစီ)ဈေးနှုန်းမှာ ၃,၃၀၆,၀၀၀/-ကျပ်၊ ပဲစဉ်းငုံနီ (အာစီ) ဈေးနှုန်းမှာ ၂,၇၅၇,၀၀၀/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ ေပါ က်စျေးနှုန်းများသည် နေရာ၊ ဒေသ၊ အချိန်ကို လိုက်ပြီး စျေးကွာခြားနိုင်ပါတယ်။ ယခုပေါက်စျေးနှုန်းများသည် ရန်ကုန်တိုင်း၊ဘုရင့်နောင်စျေးက တစ် တန် ပေါက်စျေးနှုန်းများကို ဖော်ပြထားခြင်းဖြစ်ပါတယ်။  

     ယခင်လ (မေလ)နဲ့ ယခုလ (ဇွန်လ) နှိုင်းယှဉ်ချက်      

    ၂၀၂၅ ခုနှစ်၊ မေလ နှင့် ဇွန်လ (တတိယပတ်အထိ)ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ယခုလ မတ်ပဲ (အက်စ်ကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများမှာ ယခင်လထက် ၄၀,၅၄၀/-ကျပ်ခန့် တက်လာတာကို တွေ့ရပါတယ်။ ထို့အတူ ပဲစဉ်းငုံနီ(အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းလည်း ယခင်လ ထက် - ၁၁၆,၆၁၄/ကျပ် ခန့် စျေးကျသွားတာတွေ့ရှိရပါတယ်။       

     ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း      

     ၂၀၂၅ ခုနှစ်၊ နှစ်စမှ လက်ရှိ ဇွန်လ တတိယပတ်အထိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများကို လေ့လာသော် မတ်ပဲ(အက်စ်ကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ပျှမ်းမျှစျေးနှုန်းမှာ ၃,၃၈၅,၂၂၂ိ/ကျပ်၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၃,၁၀၉,၅၄၂ိ/- ကျပ်၊ မတ်လတွင်  ၃၃၂၀,၆၃၂ိ/-ကျပ်၊ ဧပြီလတွင် ၃,၃၅၁,၀၉၄/-ကျပ်၊ မေလတွင် ၃,၂၆၂,၈၈၀/ ကျပ်၊ ဇွန်လတွင် ၃,၃၀၃,၄၂၁/ကျပ် ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။      

      ပဲစဉ်းငုံနီ(အာစီ)ဈေးနှုန်းလေ့လာသော် တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီလ တွင် ပျှမ်းမျှစျေးနှုန်းမှာ ၂,၉၆၈,၂၂၂ိ/ကျပ်၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၂,၉၇၀,၅၂၆/- ကျပ်၊ မတ်လတွင် ၂,၉၉၅,၇၈၉ိ/-ကျပ်၊ ဧပြီလတွင် ၂,၉၆၃,၀၆၃/-ကျပ်၊ မေလတွင် ၂,၈၇၁,၆၆၇/ကျပ်၊ ဇွန်လတွင်  ၂,၇၅၅,၀၅၃/ကျပ် ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။    

    သုံးသပ်ခန့်မှန်းချက်      

    ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ(အက်စ်ကျူ၊ အာစီ)များသည် ယခင်လထက်စျေးအနည်းငယ်တက်လာပြီး၊ ပဲစဉ်းငုံဈေးနှုန်းသည် ယခင်လထက် စျေးကျနေတာ တွေ့ရပါတယ်။ မတ်ပဲ နှင့် ပဲစဥ်းငုံ စျေးနှုန်းက ပြည်ပ ဝယ်လိုအား အပေါ် လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ မတ်ပဲနဲ့ ပဲစဥ်းငုံကို အိန္ဒိယက အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်သက်တမ်းတိုးပေးထားပေမယ့်လည်း ဝယ်လိုအားနည်းနေတာကြောင့် မြန်မာ့ပဲစျေးကလည်း မနှစ်ကဖြစ်ပေါ်ခဲ့တဲ့စျေးတန်းထက် နိမ့်ကျနေတာဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။ မတ်ပဲ နဲ့ ပဲစဥ်းငုံက နှစ်စဥ်ဖြစ်ပေါ်ခဲ့တဲ့စျေးကွက်အရဆိုရင် ဇူလိုင်လကနေ ဩဂုတ်လမှာ စျေးတန်းမြင့်တက်လေ့ရှိတယ်လို့သိရပါတယ်။ လာမည့်လတွေမှာ စျေးထပ်တက်လာနိုင်မလားဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။  

    ထွက်တိုး      

    --------      

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။      

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download  


  • article
  • article
likes
2
comments
0
views
3001
cover
cover
cover
cover
cover