ခရမ်းချဉ်စိုက်ပျိုးရာမှာ အထွက်တိုးစေဖို့ နည်းလမ်းတစ်ခု ပြောပြချင်ပါတယ်
- (တချို့နိုင်ငံတွေမှာ အသုံးပြုနေတဲ့နည်းလမ်းလေးကို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။ Original video အား မြန်မာမှုပြုပြီး ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။ ) - ခရမ်းချဉ်ပင် စိုက်ပြီး ၁၂ လက်မအမြင့် ရောက်ရှိတဲ့အခါ ညင်ညင်သာသာနဲ့ အပင်ကို အလျားလိုက် လှဲပေးပါ။ - ဒီလိုလှဲပေးခြင်းဟာ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ - (၁) အပင် အရပ်မြင့်ခြင်း (သို့) ပင်ပိုင်းဆိုင်ရာကြီးထွားမှုများခြင်း/အပင်ဟုန်ခြင်းကို ဟန့်တားပေးပါတယ်။ - (၂) အပင်ကို လှဲပေးလိုက်ခြင်းဟာ အပေါ်ပိုင်းလွှမ်းမိုးမှု/အပင်မတ်မတ်ကြီးထွားမှုကို ထိန်းချုပ်လိုက်တာကြောင့် အပင်ပြုစုရာမှာ အဆင်ပြေစေပါတယ်။ - (၃) အဆစ်မှ အမြစ်များ ထွက်လာပြီး မြေဆီလွှာနဲ့ အမြစ်များများထိတွေ့စေနိုင်ခြင်းကြောင့် အာဟာရဓာတ် များများစုပ်ယူနိုင်ကာ ပင်စည်ကို တောင့်တင်းစေသည်။ အပင်ကို ကောင်းစွာကြီးထွားဖွဲ့ဖြိုးစေသည်။ - (၄) အပွင့်၊ အသီးတင်မှု ကောင်းစေပါတယ်။ ခရမ်းချဉ်ပင်ဟာ ပုံမှန်ဆိုရင် ၆ ပေအမြင့်ထိ ကြီးထွားတာကြောင့် အသီးတင်မှု အားနည်းစေတတ်ပါတယ်။ ဒီလိုအလျားလိုက်လဲ ပေးခြင်းဟာ အသီးတင်မှု အနေအထားကိုပါ သက်ရောက်မှုရှိပြီး အသီးအရေအတွက် များစေပါတယ်။ - (၅) အပင်က စိုက်မြေနှင့် ကောင်းစွာထိတွေ့နေတာကြောင့် အစိုဓာတ်ကို လုံလုံလောက်လောက် ရရှိစေပြီး အပင်ကြီးထွား တုပ်ခိုင်စေကာ ပိုးမွှား၊ ရောဂါကျရောက်မှု ခံနိုင်ရည်ရှိစေပါတယ်။ အမြစ်အနည်းငယ်ထိခိုက်ရုံဖြင့် အပင်ဒဏ်ပိခြင်း၊ ညိုးခြင်းမှလည်း ရှောင်ရှားနိုင်ပါတယ်။ - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
