ဖလံတောင်ဝှေး နဲ့ ကျန်းမာရေး
- ဖလံတောင်ဝှေး ကြော်ကို ထမင်းပူပူနဲ့ တွဲစားရတဲ့ မိုးတွင်းအရသာလေးက စားကောင်းရုံတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးအတွက် ဘယ်လိုများ အထောက်အကူပြုပေးလဲဆိုတာ ပြောပြပေးမယ်နော်။ - ဖလံတောင်ဝှေးဆိုတာ ဘာလဲ……..- အစိမ်းရောင် အရိုးတံရှည်ရှည်လေးတွေရှိနေတဲ့ တစ်တောင်သာသာလှီးဖြတ်ထားတဲ့ ဖလံတောင်ဝှေးလေးတွေက မြန်မာလူမျိုးတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိပြီးသားဖြစ်မှာပါ။ - ဖလံတောင်ဝှေးက စားကောင်းတဲ့ ဟင်းတစ်ခွက်ဆိုတာထက် ဆေးဖက်ဝင် အပင်တစ်မျိုးဆိုရင် ပိုမှန်ပါမယ်။ ချက်ပြုတ်စားတဲ့ ပင်စည်တင်မကပဲ အမြစ်ကစလို့ ပွင့်လာမယ့် ပန်းအထိ အကုန်လုံးက ဆေးဖက်ဝင်ပါတယ်။ - ဖလံတောင်ဝှေးအမြစ်ကို သဘာဝ သန်ချဆေးအဖြစ် အသုံးပြုပေးလို့ရပါတယ်။ ဖလံတောင်ဝှေး အဆီကို ချောင်းဆိုးတာ၊ပန်းနာရင်ကြပ်နဲ့ လေထိုးလေအောင့်တာကို သက်သာစေနိုင်ပြီး ဝမ်းပျက်ဝမ်းလျှောတာကိုလည်း သက်သာစေနိုင်ပါတယ်။ အစာကြေစေဖို့လည်း အထောက်အကူပြုပေးပါသေးတယ်။ - ဖလံတောင်ဝှေး ကပေးတဲ့ ကျန်းမာရေး- ဖလံတောင်ဝှေးကို စားသုံးပေးတာက - အစာခြေစနစ် ပြဿနာ ကင်းတယ်- ဖလံတောင်ဝှေးမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။ လေထိုးလေအောင့်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေအပြင် သန်မထအောင်ပါ အထောက်အပံ့ပေးပါတယ်။ - မှတ်ဉာဏ် ကောင်းစေတယ်- ဖလံတောင်ဝှေးကို ပျားရည်နဲ့ ရောစပ်ပြီး တစ်နေ့ကို ၂ ကြိမ်လောက် ပုံမှန် စားသုံးပေးမယ်ဆိုရင် ကာလတိုမှတ်ဉာဏ်ပျောက်တာ၊ ခဏခဏမေ့တာနဲ့ အသက်အရွယ်ကြောင့် ခံစားရနိုင်တဲ့ မှတ်ဉာဏ်ပြဿနာတွေကို ကာကွယ်ပေးနိုင်မှာပါ။ သားသားမီးမီးလေးတွေ ဉာဏ်ကောင်းစေဖို့အတွက်လည်း ကျွေးပေးလို့ရပါတယ်။ - သွေးတွင်းကိုလက်စထရော ကျစေတယ်- ဖလံတောင်ဝှေးကို ကြက်သွန်ဖြူနဲ့ ရောစပ်ပြီး စားသုံးပေးမယ်ဆိုရင် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး သွေးကြောတွေထဲမှာ အဆီကင်းစေမှပြါ။ သွေးတွင်းအဆီနည်းတာက သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံး ကျန်းမာစေမှာပါ။ - ခံတွင်းအနံ့ဆိုး သက်သာစေတယ်- ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး သွားနဲ့ သွားဖုံး ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဘက်တီးရီးယား ကင်းတာကြောင့် သွားနဲ့ ခံတွင်း ပြဿနာကင်းပြီး ခံတွင်းအနံ့ဆိုး ဖြစ်ပေါ်မှု ကင်းစေမှာပါ။ - နှာခေါင်းပိတ်တာ သက်သာစေတယ်- အအေးမိတာကြောင့် နှာစေးနှာပိတ်မယ်ဆိုရင် အိမ်တွင်းကုထုံး တစ်ရပ် အနေနဲ့ ဖလံတောင်ဝှေးကို အသုံးပြုပေးလို့ရပါတယ်။ ဖလံတောင်ဝှေးကို နှမ်းဆီ၊ ချင်း (ဂျင်း) တို့နဲ့ရောစပ်ပြီး စားပေးမယ်ဆိုရင် နှာစေးနှာပိတ်တာကို သက်သာစေမှာပါ။ - ပန်းနာရင်ကြပ် သက်သာစေတယ်- ဖလံတောင်ဝှေးကို မီးနွေးနွေးလေးနဲ့ ပြုတ်ပြီးရလာတဲ့ ပြုတ်ရည်ကို သောက်သုံးပေးတာက ပန်းနာရင်ကြပ် ဖြစ်တာနဲ့ လေပြွန်ရောင်တာတွေကို သက်သာစေနိုင်ပါတယ်။ - အရေပြား ကျန်းမာစေတယ်- ဖလံတောင်ဝှေးကို အခြောက်ခံပြီး ရေနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်လို့ အရေပြားကို ပေါင်းတင်ပေးမယ်ဆိုရင် အသားအရေကို ကျန်းမာစေပြီး အသားအရောင် မညီတာ၊ ဝက်ခြံ နဲ့ နေလောင်ကွက်တွေကို သက်သာစေနိုင်ပါတယ်။ - ----------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
