cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ဆန် ပြည်ပဈေးကွက်ရဲ့ ထက်ဝက်ခန့် တရုတ်ရယူထား

. ဈေးကွက်သတင်းများ
လစဉ်ထုတ်ပြန်သည့် မြန်မာနိုင်ငံဆန်စပါးသင်းချုပ် (MRF)၏ နိုင်ငံတကာဆန်ရောင်းချမှု စာရင်းတွင် ယခုဘဏ္ဍာနှစ် ၃လအတွင်း တရုတ်နိုင်ငံက ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃သိန်းနီးပါး ဝယ်ယူထားသည်ကို တွေ့ရပါတယ်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို အင်ဒိုနီးရှားနိုင်ငံမှ အများဆုံးဝယ်ယူခဲ့ပါတယ်။
  • မြန်မာနိုင်ငံမှ ပြည်ပသို့ ၃လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၆သိန်းကျော် တင်ပို့ရောင်းချခဲ့ရာတွင် တရုတ်နိုင်ငံမှ ၅၀ ရာခိုင်နှုန်းခန့် ဈေးကွက်ဝေစု ရယူထားပါတယ်။

    လစဉ်ထုတ်ပြန်သည့် မြန်မာနိုင်ငံဆန်စပါးသင်းချုပ် (MRF)၏ နိုင်ငံတကာဆန်ရောင်းချမှု စာရင်းတွင် ယခုဘဏ္ဍာနှစ် ၃လအတွင်း တရုတ်နိုင်ငံက ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃သိန်းနီးပါး ဝယ်ယူထားသည်ကို တွေ့ရပါတယ်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို အင်ဒိုနီးရှားနိုင်ငံမှ အများဆုံးဝယ်ယူခဲ့ပါတယ်။

    ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၃၂၀,၀၀၀ ကျော်၊ ဆန်ကွဲတန်ချိန် ၂၈၅,၀၀၀ ကျော် တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂၉၇,၀၀၀ ကျော် တင်ပို့ရောင်းချခဲ့ပါတယ်။

    မြန်မာနိုင်ငံသည်နှစ်စဉ် ဆန်တန်ချိန် ၁၄သန်းကျော်စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုက တန်ချိန် ၁၀ သန်း ကျော်သာရှိခြင်းကြောင့် ပိုလျှံဆန်များကို ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်း ချနေပါတယ်။

    ယခုဘဏ္ဍာနှစ်တွင်လည်း ပြည်ပသို့ဆန်တန်ချိန် ၃သန်း တင်ပို့နိုင်ရန် ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောထားပါတယ်။

    လက်ရှိ နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းများက အကျဘက်မှာသာရှိနေသော်လည်း မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ် ပထမ ၃လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်သည့် ပမာဏက ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူထက် ၄၀ ရာခိုင်နှုန်းကျော် တိုးတက်လာပါတယ်။ 

    ပြီးခဲ့သည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၃လတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃၄၅,၀၀၀ ကျော်သာတင်ပို့နိုင်ခဲ့ပါတယ်။

    AMIA

    -----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
8
comments
0
views
2544
cover
cover
cover
cover
cover