cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကျန်းမာသန်စွမ်းသော ငါးသားပေါက်များ ရွေးချယ်မွေးမြူခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါး၏ကျန်းမာရေးကို ကြည့်ရှုပြီးနောက် အဆိုပါ ငါးများကို ကန်အတွင်း တိုက်ရိုက်ထည့်ခြင်းထက် ဆား ဖျော်ရည် (သို့မဟုတ်) ပိုတက်စီယမ်ပါမင်းဂနိတ် ဆေးဖျော်ရည်တွင် အနည်းငယ်စိမ်ပြီးလွှတ်ပါက ငါးတွင် ကပ်ပါလာသော ပိုးမွှားများကို ရှင်းလင်းနိုင်ပါသည်။
  •            ငါးမြန်မာစီမံကိန်းသည် ငါးမွေးတောင်သူများအား အစိမ်းရောင်ငါးမွေးမြူရေးဖြစ်စေရန်အတွက် ငါးသား ပေါက်များ‌ ရွေးချယ်မွေးမြူရာတွင် မျိုးကောင်း မျိုးသန့် ငါးသားပေါက်များစုဆောင်းမွေးမြူရန်နှင့် ကျန်းမာသော ငါးသားပေါက်များရွေးချယ်မွေးမြူရန် ပညာပေးခြင်း၊ အလေ့အကျင့်ပြုလုပ်စေခြင်းကို ဆောင်ရွက်စေခဲ့ပါသည်။

               ငါးမွေးတောင်သူအများစုသည် ငါးသားပေါက်စခန်းများမှ မိမိတို့လိုအပ်သော ငါးမျိုးစိတ်ကို (၁)လက်မ မှ (၃)လက်မအထိ ငါးသားပေါက်များဝယ်ယူပြီး ကန်အတွင်းသို့ တိုက်ရိုက် ထည့်သွင်းခြင်းကို ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါသည်။ မိမိဝယ်ယူခဲ့သော ငါးမျိုးစိတ် သည် မျိုးကောင်း မျိုးသန့်ဖြစ်ခြင်း ၊ မဖြစ်ခြင်းကို လေ့လာစုံစမ်းခြင်းများ မရှိခဲ့ပါ။ ထို့အတူ အဆိုပါ ငါးသားပေါက်များကို ငါးသားပေါက်စခန်းများမှသယ်ယူပြီး၊ ကန်အတွင်းတိုက်ရိုက် ထည့်သွင်းခဲ့ကြပါသည်။

               အဆိုပါအပြုအမူ အလေ့အကျင့်များကြောင့် ငါးမွေးမြူရေးကာလအတွင်း ငါးသားပေါက် အသေအ ပျောက်များခြင်း ၊ ငါးများတွင်ရောဂါကျရောက်တတ်ခြင်း ၊ ငါးကြီးထွားမှုနှေးကွေးခြင်းများ ကြုံတွေ့ခဲ့ကြရပါ သည်။ ယနေ့အချိန်ကာလတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း နှင့် ငါးစာကုန်ကျစရိတ်ကြီးမြင့်ခြင်းစသည့် စိန်ခေါ်မှုသည် ကြီးမားလာပါသည်။ အဆိုပါ စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်း နိုင်ရန်အတွက် မိမိတို့မွေးမြူမည့်ငါး သားပေါက်များသည် မျိုးကောင်း မျိုးသန့် ဖြစ်စေခြင်း နှင့် ကျန်းမာသန်စွမ်းသော ငါးမျိုးဖြစ်စေရန်အရေးကြီးပါ သည်။

               ငါးသားပေါက်ထည့်သွင်းရာတွင် ငါးသားပေါက်အရွယ် (၁)လက်မမှ (၃)လက်မအထိထည့်သွင်းကြသည် က များပါသည်။ (၁)လက်မ (၁)လက်မခွဲ ငါးသားပေါက်များထည့်သွင်းပါက ရှင်သန်နှုန်းသည် (၇၅)ရာခိုင်နှုန်းသာရရှိ ကြပါသည်။ ကန်အတွင်းရှိ ရေအရည်အသွေး ၊အခြားသောငါးရိုင်းနှင့် သားစားငါးများအန္တရာယ် သည် ခံနိုင်ရည် နည်းပါးပြီး၊ အသေအပျောက်များနိုင်ပါသည်။ ထို့ကြောင့် ငါးသားပေါက်ထည့်သွင်းရာတွင် အနည်းဆုံး(၃)လက်မ မှ (၆)လက်မအထိထည့်သွင်းပါက ရှင်သန်နှုံးကောင်းမွန်ပြီး ၊ ငါရိုင်းနှင့်သားစားငါးများအန္တရာယ်လည်း ရှောင်ရှား နိုင်ပါသည်။

               မိမိကန်အတွင်းသို့ ငါးသားပေါက်များမထည့်မှီ ငါးသားပေါက်များ၏ ကျန်းမာရေးကောင်း၊ မကောင်းကို အောက်ပါအတိုင်းစစ်ဆေးသင့်ပါသည်။ 

    (၁)ငါး၏ခန္ဓာပုံမှန်၊ မမှန် နှင့် ကိုယ်ခန္ဓာ အရောင်အဆင်းတောက်ပနေရမည်။ 

    (၂)အကြေးခွံကျွတ်ခြင်း နှင့် ဆူးတောင်များ မကျိုးပဲ့စေရပါ။

    (၃)ငါးများထည့်ထားသော ရေပုံးတွင် လက်ဖြင့်ရေစီးကြောင်းဖန်တီးပေးပါက ငါးသန်များသည် ရေစီးကြောင်းနှင့်ဆန့်ကျင်ဖက်သို့‌ ရွေ့လျားကူးခတ်နေပါမည်။ 

    ငါး၏ကျန်းမာရေးကို ကြည့်ရှုပြီးနောက် အဆိုပါ ငါးများကို ကန်အတွင်း တိုက်ရိုက်ထည့်ခြင်းထက် ဆား ဖျော်ရည် (သို့မဟုတ်) ပိုတက်စီယမ်ပါမင်းဂနိတ် ဆေးဖျော်ရည်တွင် အနည်းငယ်စိမ်ပြီးလွှတ်ပါက ငါးတွင် ကပ်ပါလာသော ပိုးမွှားများကို ရှင်းလင်းနိုင်ပါသည်။ 

    ဦးဆန်းအောင်

    ထွက်တိုး

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
4
comments
0
views
2341
cover
cover
cover
cover
cover