cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း ဇူလိုင်လ ၁၀ ရက် မှ ဇူလိုင်လ ၁၆ ရက် မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ငါးမွေးကန်ရှိကန်ရေများ နောက်ကျိရခြင်းသည် ရေထဲတွင် အမှုန်အမွှားကလေးများ များပြားခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် ရွှံ့ နှုန်းမြေများကို မိုးရေတိုက်စားပြီး ကန်အတွင်းကျရောက်သဖြင့် ရေနောက်ကျိခြင်းကို ပိုမိုများပြားစေပါသည်။
  • အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်ပေါ်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းသည် နောက်လာမည့် ၂ ရက်အထိဆက်လက်တည်ရှိနေမှာဖြစ်ပြီး အနောက်-အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာဆက်လက်ရွေ့လျားမှာဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ဇူလိုင် ၉ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ တောင်တရုတ်ပင်လယ်ဘက်က တိုင်ဖွန်းမုန်တိုင်း DANAS က ဇူလိုင် ၁၄ ရက်အထိ ကုန်းတွင်းလေပွေလှိုင်းတခုအနေနဲ့ အနောက်ဘက်ကိုဆက်ရွေ့လာပြီး မုန်တိုင်းအရှေ့ပိုင်းကတိမ်တိုက်တွေက မြန်မာနိုင်ငံအတွင်းကို ဇူလိုင် ၁၀ ရက်နေ့မှာ စတင်ဝင်ရောက်လာနိုင်တာကြောင့် မြန်မာတနိုင်ငံလုံးမှာ နေရာအနှံ့အပြား မိုးရွာနိုင်ပါတယ်။ 

    ဧရာဝတီတိုင်းရဲ့ အနောက်ဘက် အပန်းဖြေကမ်းခြေများရှိတဲ့ ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေမှာ မိုးများနိုင်ပြီး ဧရာဝတီတိုင်းမြောက်ဘက်၊ ဟင်္သာတမြို့အထက်ဘက်မှာ မိုးနည်းနိုင်(၂၄ နာရီအတွင်း မိုးရေချိန် ၀.၅ လက်မ မှ ၁ လက်မဝန်းကျင်)ပါမယ်။ ဧရာဝတီတိုင်းရဲ့ အလယ်ပိုင်း ခရိုင်/မြို့နယ်တွေမှာတော့ မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မ ဝန်းကျင်)ရွာနိုင်ပြီး နေရာကွက်မိုးများတာဖြစ်နိုင်ပါမယ်။ 

    ဧရာဝတီတိုင်းရဲ့ ပျမ်းမျှအမြင့်ဆုံးနေ့အပူချိန် ၃၂°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆ ၆၀% မှ ၉၀% ရှိပြီး လေငြိမ်တဲ့အချိန်များမှာ ခံစားရတဲ့အပူချိန် ၃၆°C အထိ ရှိနိုင်ပါမယ်။ 

    ပင်လယ်ကမ်းရိုးတန်းတွေမှာ အနောက်တောင်ဘက်မှလေတိုက်နှုန်းအများဆုံး တနာရီ ၇ မိုင်မှ ၁၅ မိုင်ခန့်အထိရှိနေပြီး လှိုင်းအမြင့် ၄ ပေ မှ ၅ ပေ ခန့်အထိ ရှိနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မိုးရာသီ ငါးမွေးကန်ရေနောက်ကျိရခြင်း 

    ငါးမွေးကန်ရှိကန်ရေများ နောက်ကျိရခြင်းသည် ရေထဲတွင် အမှုန်အမွှားကလေးများ များပြားခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် ရွှံ့ နှုန်းမြေများကို မိုးရေတိုက်စားပြီး ကန်အတွင်းကျရောက်သဖြင့် ရေနောက်ကျိခြင်းကို ပိုမိုများပြားစေပါသည်။ ကန်ရေနောက်ကျိနေခြင်းကြောင့် နေအပူချိန် နှင့်အလင်းရောင်သည် ကန်မျက်နှာပြင်မှ အောက်သို့ထိုးဖောက်ဝင်ရောက်မှု နည်းပါးပြီး အလင်းမှီစု အစာချက်လုပ်ခြင်း ဓာတုဖြစ်စဉ် ပြုလုပ်ရခြင်းနည်းပါးသဖြင့် အပင်မျှောလှေးနှင့် အကောင်မျှောလှေး ပေါက်ဖွားခြင်းကို လျှော့နည်းစေသည့်အပြင် ကန်အတွင်း အောက်စီဂျင်ပျော်ဝင်မှု ဖြစ်စဉ်လည်း ကျ ဆင်းလာသည်ကို တွေ့ရှိရပါသည်။ 

    ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။  

    ---------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
2991
cover
cover
cover
cover
cover