မန္တလေးတိုင်း ဇူလိုင် ၁၁ ရက် မှ ဇူလိုင် ၁၇ ရက်အထိ မိုးလေဝသအခြေအနေ
- ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း အိန္ဒိယနိုင်ငံကုန်းတွင်းက လေဖိအားနည်းရပ်ဝန်းက အနောက်/အနောက်မြောက်ဘက်ကိုရွေ့သွားပြီးတဲ့နောက်၊ အဲ့ဒီဒေသမှာပဲ အထက်လေပွေလှိုင်းအသစ်တခု ထပ်ဖြစ်လာဦးမှာမို့ အနော်တောင်မုတ်သုံလေအားဆက်ပြီးကောင်းနေဦးမှာပါ။ တောင်တရုတ်ပင်လယ်ဘက်က တိုင်ဖွန်းမုန်တိုင်း DANAS က ကုန်းတွင်းမှာ အားပျော့ပျက်ပြယ်သွားပြီး မုန်တိုင်းအကြွင်းအကျန်မိုးတိမ်များက ဇူလိုင် ၁၀ ရက်နေ့ညနဲ့ ၁၁ ရက်နေ့နံနက်ပိုင်းတွေမှာ မြန်မာနိုင်ငံအတွင်းဝင်ရောက်လာမှာဖြစ်ပါတယ်။ - တောင်တရုတ်ပင်လယ်ဘက်က မုန်တိုင်းအကြွင်းအကျန်များနဲ့ လေပွေလှိုင်းများဝင်ရောက်မှ အလယ်ပိုင်းဒေသများမှာ မိုးရွာတတ်/မိုးရေချိန်ရတတ်ပါတယ်။ - နေ့စဉ် ပျမ်းမျှမိုးရေချိန်ရရှိနိုင်ချေ ကြိုတင်ခန့်မှန်း - မန္တလေးတိုင်းတောင်ဘက်- ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ မိတ္ထီလာ၊ သဲတော-ဝမ်းတွင်း၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်ငယ်၊ တံတားဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူးနှင့်မန္တလေးတိုင်းမြောက်ဘက်- တကောင်းဒေသတွင် နေ့စဉ်ပျမ်းမျှ မိုးရေချိန် ၀.၅ လက်မအောက် - မန္တလေးတိုင်းအနောက်ဘက်- မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ငါ့သရောက်၊ ပုဂံ၊ ညောင်ဦး ဒေသများတွင် နေ့စဉ်ပျမ်းမျှ မိုးရေချိန် ၀.၅ လက်မအောက်။ - ၇ ရက်အတွင်းမိုးရေချိန်ရရှိနိုင်ချေ ကြိုတင်ခန့်မှန်း - မန္တလေးတိုင်းတောင်ဘက်- ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ မိတ္ထီလာ၊ သဲတော-ဝမ်းတွင်း၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်ငယ်၊ တံတားဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူးနှင့်မန္တလေးတိုင်းမြောက်ဘက်- တကောင်းဒေသတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်/၅ လက်မအောက် - မန္တလေးတိုင်းအနောက်ဘက်- မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ငါ့သရောက်၊ ပုဂံ၊ ညောင်ဦး ဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအောက်။ - မန္တလေးတိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ကာ လေထုစိုထိုင်းဆ ၆၀% မှ ၉၀% အထိ ရှိနိုင်ပါတယ်။ ငွေ့ရည်ဖွဲ့အမှတ်အပူချိန်(Dew Point)က ၂၆°C ရှိနေမှာဖြစ်တာကြောင့် ညနေဘက်/ညဘက်အပူချိန်များကျဆင်းလာတဲ့အချိန် မိုးတိမ်များဝင်ရောက်လာတဲ့အခါ မိုးရွာနိုင်ပါမယ်။ - တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ ၁၅ မိုင်အထိရှိနိုင်ပြီး မန္တလေး၊ မတ္တရာနဲ့ ပြင်ဦးလွင်ဘက်မှ ကာဗွန်မိုနောက်ဆိုဒ်(CO)ပါဝင်မှုပမာဏ 300ppbv ရှိတာကြောင့် ညနေပိုင်းအချိန်တွေမှာ CO ပါဝင်မှုက မြင့်နေတာ တွေ့ရပါတယ်။ - CO concentration: Carbon monoxide is a colorless, odorless, and tasteless gas that is slightly less dense than air. The level of CO concentration in the troposphere is measured by a system called Parts Per Billion by Volume (PPBV). - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးရောဂါဖြစ်ပေါ်ရခြင်း အကြောင်းရင်း အကြံပြုချက် - ငါးများ ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ငါးကို တိုက်ရိုက်ထိခိုက်စေနိုင်သည့် (သို့မဟုတ်) ငါးရောဂါများကို ဖြစ်ပေါ် ပျံ့ပွားစေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။ ရေအရည်အသွေး၊ စားသုံးနေရသည့် အစာ(ဖြည့်စွက်စာ) အရည်အသွေး နှင့် ရာသီဥတု အခြေအနေများကြောင့် ငါးများတွင် ဖိစီးမှု ဖြစ်ပေါ်နေခြင်းနှင့် အင်အားချိနဲ့ပြီး ခုခံစွမ်းအင်လျော့နည်းမှု ဖြစ်ပေါ်စေပါသည်။ ထိုအချိန် ငါးများတွင် ရောဂါဝင်ရောက်မှု လွယ်ကူစေပါသည်။ - ရောဂါဖြစ်စေသည့် အကြောင်းရင်း (၃) ချက်မှာ- - (၁) ရောဂါပိုး - (၂) လက်ခံကောင် (အဓိက ငါး၏ ခုခံမှု)၊ ရောဂါကို သယ်ဆောင်လာသော အကောင် - (၃) ပတ်ဝန်းကျင်အခြေအနေ (ငါးကန်အတွင်း ကန်ရေအရည်အသွေးကျဆင်းနေခြင်း) သည် ရောဂါပိုးပျံနှံ့ စေရန်အတွက် ဖန်တီးပေးပါသည်။ - ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
