သဘာဝဆေးစွမ်း ပျဥ်းတော်သိမ်ရဲ့ အကျိုးကျေးဇူးနဲ့အသုံးဝင်ပုံများ
- ပျဉ်းတော်သိမ်ပင်ကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ နေရာအများအပြားတွင် ဖြစ်ထွန်း ပေါက်ရောက်သည်ကို တွေ့ရှိနိုင်၏။ အချို့သောဒေသများတွင် အလေ့ကျမဟုတ်ဘဲ အသီးကိုပျိုး၍ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးဖြစ်ထွန်းသော အပင်မျိုးဖြစ်၏။ - ပျဥ်းတော်သိမ်ရွက် ၁၀၀ ဂရမ်တွင် အစာစွမ်းအင် ၉၇ ကယ်လိုရီပါဝင်ပြီး ကာဘိုဟိုက်ဒရိုက်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ အဆီ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်းယွန်း၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် အေ၊ ဗီတာမင် စီတို့ ကြွယ်ဝစွာ ပါဝင်၏။ ထို့အပြင် ဗီတာမင် ဘီကွန်ပလက်အနေဖြင့် သိုင်ယာမင်၊ နိုင်ရာစင်၊ ပိုင်ရီဒေါစင်၊ ပင်တိုသဲနစ် အက်စစ် နှင့် ရီဘိုဖလာဗင်တို့လည်း ကြွယ်ဝစွာ ပါဝင်၏။ အခြားသောသတ္တုဓာတ်များအနေဖြင့် ကော့ပါး၊ ဇင့်၊ ဆီလီနီယမ် တို့လည်း ပါဝင်၏။ - ဗီတာမင်အေနှင့် ဘီတာကယ်ရိုတင်းကြွယ်ဝစွာပါဝင်သည့်ပျဥ်းတော် သိမ်ရွက်သည် အမြင် အာရုံ ကောင်းမွန်စေခြင်းနှင့်မျက်လုံး ကျန်းမာရေး အထောက်အကူပြုနိုင်စွမ်းရှိ၏။
- သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို လျော့နည်းစေနိုင်စွမ်းရှိသည့် ပျဥ်းတော်သိမ်ရွက်သည် ဆီးချို ရောဂါ ဝေဒနာရှင်များအတွက် အကောင်းဆုံးသော သဘာဝကုထုံးတစ်လက်ဖြစ်စေ၏။
- ပျဥ်းတော်သိမ်ရွက်သည် သွေးအတွင်းရှိ မကောင်းသော ကိုလက်စထရောပမာဏကို လျော့ကျစေရန် အထောက်အကူပြုပြီး ကိုလက်စထရောများဓာတ်တိုးခြင်းမှလည်း ကာကွယ် ပေးနိုင်စွမ်းရှိ၏။
- ပရိုတင်းနှင့် ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝစွာပါဝင်သည့် ပျဥ်းတော်သိမ်ရွက်သည် ဆံကေသာ ကျန်းမာသန်စွမ်းခြင်းကို အားပေးပြီး ဆံပင် ကျွတ်ခြင်းကို လျော့နည်းစေ၏။
- ပျဥ်းတော်သိမ်ရွက်သည် အစာခြေဖျက်နိုင်သည့်အင်ဇိုင်းထုတ်လွှတ်မှုကို လှုံ့ဆော်နိုင်ခြင်း၊ အူလမ်းကြောင်း ပုံမှန်လှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်စွမ်း၊ အလမ်းကြောင်းရှိ သန်ကောင်များကို ဖယ်ရှားရာတွင် အထောက်အကူပေးနိုင်စွမ်းရှိ၏။
- ပျဥ်းတော်သိမ်ရွက်တွင် ရောင်ရမ်းနာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်းရှိသည့်အတွက် အဆစ် အမြစ် ရောင်နာ ဝေဒနာရှင်များနှင့် ကိုယ်လက်ရောင်ရမ်းနာဝေဒနာရှင်များအတွက် သင့်လျော် သည့် သဘာဝဆေးတစ်လက် ဖြစ်၏။
- အာဟာရဓာတ်ပေါင်းစုံကြွယ်ဝစွာပါဝင်သည့် ပျဥ်းတော်သိမ်ရွက်သည် ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးရာတွင် အထောက်အပံ့ဖြစ်စေ၏။
- လေ့လာဆန်းစစ်မှုများအရ ပျဥ်းတော်သိမ်ရွက်သည် ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အကျိုး ကျေးဇူးကောင်းများစွာကို ပေးစွမ်းနိုင်သည် ဆို၏။
- ပျဥ်းတော်သိမ်ရွက်တွင် ဆဲလ်များ ဗီဇပြောင်းလဲနိုင်ခြင်းကို ဆန့်ကျင်နိုင်စွမ်းရှိသည့်အတွက် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေမှ ကာကွယ်ပေး၏။
- ပျဥ်းတော်သိမ်ရွက်သည် နာကျင်မှုကို သက်သာစေနိုင်စွမ်းရှိသည့် အတွက် အကိုက်အခဲ ပျောက်ဆေးအဖြစ် ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြ၏။
- အစောပိုင်းလေ့လာမှုများအရ ပျဥ်းတော်သိမ်ရွက်သည် အယ်လ်ဇိုင်းမားရောဂါကိုအမှန်တကယ် ကာကွယ် နိုင်သည်ဟု အကြံပြုထား၏။
- အိမ်တိုင်း၏ စားဖိုဆောင်တွင် ပျဥ်းတော်သိမ်ရွက်ကို ဟင်းလျာများ စီမံချက်ပြုတ်သည့် အခါတိုင်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်သွင်း အသုံးပြုလေ့ရှိတတ်ကြ၏။
- အသား၊ ငါးဟင်းများ၊ သီးစုံပဲဟင်းများ ချက်သည့်အခါ ပျဥ်းတော်သိမ်ရွက်ကို ဆီသတ်ပြီး ထည့်ချက်ခြင်းဖြင့် ဟင်းလျာများ၏ အနံ့အရသာကို ပိုကောင်းစေပြီး ထမင်းမြိန်စေ၏။
- မြေပဲ၊ ဆန်လုံးစီ၊ အသားတု၊ အာလူး၊ တို့ဟူးခြောက်၊ ဗယာကြော် အစရှိသည့် သတ်သတ်လွတ် ဟင်းလျာ အခြောက်အကြွပ်ကြော်များထဲတွင်လည်း ပျဥ်းတော်သိမ်ရွက်ကို ထည့်ကြော် ပေးခြင်း ဖြင့် ပိုမိုဆွဲဆောင်မှု ရှိပြီး နှုတ်မြိန်စေ၏။
- ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို ချင်း၊ ကြက်သွန်ဖြူ၊ မန်ကျည်းမှည့်၊ ငရုတ်သီး၊ ဆားတို့နှင့်အတူ ရောကြိတ်၍ အနှစ်ကို ထမင်းဖြူနှင့်စားသုံးပါက ခံတွင်းကို မြိန်စေ၏။
- ပျဥ်းတော်သိမ်ရွက်နုလေးများကို ငပိရည်ကျို၊ ခရမ်းချဥ်သီးနှင့် ငါး ခြောက်ချက်၊ ခရမ်းချဉ်သီး ငါးပိချက်၊ ငါးပိထောင်း သံပရာရည်ဆမ်းတို့နှင့်အတူတွဲဖက်ပြီး တို့စရာအဖြစ် စားသုံးနိုင်၏။
- ကြက်ရိုးပြုတ်ရည်၊ ငါးမီးအုံးဟင်းခါး၊ ငါးကျည်းကျပ်တိုက်ဟင်းခါး တို့တွင်လည်း ပျဥ်းတော်သိမ်ရွက်ကို ခပ်ကာ အရည်သောက်ဟင်းခါးအဖြစ်လည်း ချက်သောက်နိုင်၏။
- ပျဥ်းတော်သိမ်ရွက်ကလေးများကို အခြောက်လှန်းပြီး ရေနွေးကြမ်းအဖြစ် ပြုလုပ် သောက်သုံးနိုင်၏။
 - သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် ပျဥ်းတော်သိမ်ပင်၏ အစိတ်အပိုင်းများကို အမြတ်တနိုး တန်ဖိုးထားပြီး ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ - ကြေးမုံငယ် မှ ကိုးကားဖော်ပြသည်။ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
