ဦးနှောက်လုပ်ဆောင်ရည်ကိုမြင့်မားစေပြီး မှတ်ဉာဏ်အားကောင်းစေတဲ့ နှစ်တစ်ရာသီး ခေါ် ပဲကောသီး
- နှစ်တစ်ရာသီး မှာပါတဲ့ အာဟာရတွေ ကတော့ဗီတာမင် B အုပ်စုတွေ ဖြစ်ကြတဲ့ riboflavin၊ niacin၊ thiamin၊ pantothenic acid၊ vitamin B-6 နဲ့ folates တို့ပါဝင်သလို copper၊ မဂ္ဂနိစ်၊ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ selenium တို့ ပါဝင်နေပါတယ်။ ခါးသက်သက် စေးပိုင်ပိုင်အရသာရှိတဲ့ နှစ်တစ်ရာသီး စားသုံးပေးတာက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေနိုင်တယ်၊ လို့ ၂၀၀၈ ခုနှစ်က Food Research International အဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှု တစ်ရပ် အရ သိရပါတယ်။ - နှစ်တစ်ရာသီးက အဆီတွေကို ပျော်စေနိုင်ပြီး အသည်း အဆီဖုံးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။ နှလုံး သွေးကြောကျဉ်းတာ အပါအဝင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ကင်းစေဖို့ စားပေးသင့်ပါတယ်။ - ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ကင်ဆာ အပါအဝင် နာတာရှည်ရောဂါတွေကို ကာကွယ်ပေး ပါတယ်။ နှစ်တစ်ရာသီး မှာပါတဲ့ flavonoids နဲ့ terpenoids တို့လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်က ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နှစ်တစ်ရာသီးမှာ အခြား အစားအစာတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များစွာ ပါဝင်နေတာကြောင့် ကင်ဆာကို အထိရောက်ဆုံး ကာကွယ်ပေး ပါတယ်။ - ဦးနှောက်ထဲမှာ အဆီတွေ စုလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အပါအဝင် သိမြင်မှုစွမ်းရည်ကျဆင်းတဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နှစ်တစ်ရာသီးရဲ့ အဆီအနှစ်က သွေးတွင်းမှာ အဆီတွေ စုတာကို လျော့ပါးစေပါတယ်။ - ဦးနှောက်ထဲမှာ အဆီတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးတာကြောင့် သိမြင်မှုစွမ်းရည် တဖြည်းဖြည်း ကျဆင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဦးနှောက်တွင်း သွေးစီးဆင်းမှု ကောင်းစေနိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ norepinephrine ပါဝင်နေတာကြောင့် သိမြင်မှု စွမ်းရည်ကို တိုးတက် ကောင်းမွန်စေနိုင်သလို မှတ်ဉာဏ် ကောင်းစေပါတယ်။ အသက်အရွယ်ကြောင့် မှတ်ဉာဏ် အားနည်းလာတာ ကိုလည်း ကာကွယ်ပေး ပါတယ်။ - Hello ဆရာဝန် ဆောင်းပါးမှ ကူးယူဖော်ပြသည်။ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
