cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စျေးကြီးပေးဝယ်စားနေရသော ပိန္နဲသီးခြောက်ကို ကိုယ်တိုင်လုပ်စားကြည့်ရအောင်

. တန်ဖိုးမြှင့် ထုတ်ကုန်များ
ပိန္နဲသီးခြောက်ကို စျေးဝယ်စင်တာများတွင် ပါကင်လှလှလေးတွေနဲ့ စျေးကြီးပေးဝယ်စားရတာ စားမဝတဲ့သူလေးတွေရှိကြလား။ အိမ်မှာအလွယ်တကူ လုပ်စားလို့ရအောင် နည်းပညာလေးတွေမျှဝေပေးလိုက်ပါတယ်။
  • ပိန္နဲသီးတွင် မြန်မာအခေါ်အရ အမာသီးနှင့် အပျော့သီးဟူ၍ နှစ်မျိုးရှိသည့်အနက် ပိန္နဲသီးခြောက် ပြုလုပ်ရာတွင် အမာသီးအား အသုံးပြုရပါမည်။  

    လိုအပ်သောပစ္စည်းများ  

    1. ပိန္နဲသီး - ၁ ကီလို 
    2. ကွမ်းစားထုံး - ၁ ဇွန်း (ထမင်းစားဇွန်း) 
    3. သကြား - ၂၅ ကျပ်သား 
    4. ဆား - အနည်းငယ် 

    ပြုလုပ်နည်း 

    • ပိန္နဲသီးစိမ်ရန် ထုံးရည်ပြင်ဆင်ရာတွင် ကွမ်းစားထုံး စားပွဲတင်ဇွန်း ၁ ဇွန်းအား ပိန္နဲသီးမြုပ်သည်ထိရေပမာဏနှင့်ဖျော်ထားပါ။  
    • ခပ်မာမာ အနေအထားရှိသော ပိန္နဲသီးများကို ထုံးရည်ထဲတွင် ၂-၃ နာရီကြာစိမ်ပေးပါ။ အချိန်ပြည့်ပါက ရေသန့် တွင် ၃-၄ ကြိမ်ခန့် ဆေးကြောပေးပါ။  
    • ပိန္နဲသီး၏ အချိုပေါ်မူတည်၍ သကြားကို လိုအပ်သလို ထည့်နိုင်သည်။  
    • သကြား၊ ဆားနှင့် ရေနည်းနည်းအားဆူလာသည်ထိတည်ပါ။  
    • ထုံးရည်စိမ်ထားသော ပိန္နဲသီးများအားထည့်၍ ပျော့လာသည်အထိ ညင်သာစွာ မွှေပေးပါ။ (ခဏခဏမမွှေပေးရပါ။)  
    • ပိန္နဲသီး အသားအရောင်ပြောင်းလာပါက မီးပိတ်၍ အအေးခံပါ။  
    • အေးသွားပါက ဇကာပေါ်တင်၍ နေပူထဲတွင် ၂ရက် - ၃ရက် ကြာသည်အထိ နေလှန်းပေးပါ။  
    • မိမိကြိုက်နှစ်သက်သော အနေအထားရရှိပါက လေအလုံဘူးထဲသို့ထည့်၍ သိမ်းဆည်းကာ ကြွပ်ရွချိုမွှေးသော ပိန္နဲသီးခြောက်အား သုံးဆောင်နိုင်ပြီဖြစ်ပါသည်။  

    ကဲ .....အိမ်မှာ အလွယ်တကူ လိုက်လုပ်စားကြည့်ကြပါဦးနော်...................... 

    ရတနာ မှ ပြန်လည်မျှဝေသည်။ 

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
10
comments
0
views
3185
cover
cover
cover
cover
cover