ပဲခူးတိုင်း ဇူလိုင် ၁၅ ရက် မှ ဇူလိုင် ၂၁ ရက်အထိ မိုးလေဝသအခြေအနေ
- အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဘင်္ဂလားဒေ့နယ်စပ်အနီးက ကိုလ်ကတ္တားမြို့အနီးမှာ ဇူလိုင် ၁၃ ရက်နေ့မှာ စ တင်ဖြစ်ပေါ်ခဲ့တဲ့ အထက်လေပွေလှိုင်းက လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(DEPRESSION)ဖြစ်လာနိုင်ကြောင်း၊ နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ကြောင်း၊ အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ကြေညာပါတယ်။ - လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး၊ မိုးများလာနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေက ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အားကောင်း/အားအလွန်ကောင်းနေပြီးဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အားအသင့်အတင့်သာ ရှိနိုင်ပါတယ်။ - ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်း ၂ ဘက်စလုံးမှာ ဇူလိုင် ၁၇ ရက်နေ့က စ ပြီး ဇူလိုင် ၂၈ ရက်အထိ မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၁ လက်မ ခန့်)ရွာသွန်းနိုင်ပြီး ဇူလိုင် ၂၁ ရက် နောက်ပိုင်းမှာမှ နေရာကွက်၍မိုးများတာရှိလာပါမယ်။ ပဲခူးတိုင်းအနောက်ခြမ်းမှာ မိုးရွာသွန်းမှုပမာဏ(မိုးရေချိန်)အနည်းငယ်လျော့နည်းနိုင်ပါတယ်။ - ယခုတပါတ်အတွင်း တောင်-အရှေ့တောင်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ ၂၂ မိုင်အထိရှိနိုင်ကာ၊ အမြင့်ဆုံးနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး ခံစားရတဲ့အပူချိန်(T-Feels-Like) ၃၈°C အထိရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆ ၇၀% မှ ၁၀၀% အထိရှိနိုင်ပါမယ်။ - ပဲခူးတိုင်းအနောက်ခြမ်းပြည်မြို့နယ်အတွင်းမှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI “50” ရှိနိုင်ပြီး၊ ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်မှာ AQI “35” အမြင့်ဆုံး ရှိနိုင်/ အန္တရာယ်မရှိနိုင်ပါ။ လေထုအတွင်း ကျန်းမာရေးကိုထိခိုက်စေတဲ့ CO ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှုပမာဧသည် ၄၀၀ ppbv အောက်မှာရှိတာကြောင့် စိုးရိမ်ရသည့်အခြေအနေမရှိပါ။ - ⚠️ စစ်တောင်းမြစ်ရေမြင့်တက်လာနိုင်မည့်အခြေအနေကို သတိပြုစောင့်ကြည့်ရပါမည်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးအစာ ကျွေးချိန်နှင့် အကြိမ်ရေအတွက် အကြံပြုချက် - ✅ငါး ငါးကျပ်သားခန့် အရွယ်အထိ တစ်နေ့ သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်လျှင် ဖမ်းဆီးရောင်းချချိန်အထိ တစ်နေ့နှစ်ကြိမ် ကျွေးနိုင်သည်။ - ✅ငါးကန်ရေ၏ ပျော်ဝင်အောက်ဆီဂျင် လျော့ကျတတ်သည့် မိုးအုံ့သော ရက်များတွင် ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၇၀% အောက် လျော့ချကျွေးသင့်သည်။ (အကောင်းဆုံးပျော်ဝင်အောက်ဆီဂျင် ပမာဏ သည် ၅-၇ မီလီဂရမ်/၁လီတာ ဖြစ်သည်။) - ✅ငါးကန်ရေ၏ အပူချိန် အတက်အကျသည်လည်း အစာစားနှုန်းကို လျော့ကျစေသည်။ ( အကောင်းဆုံးအပူချိန် အတိုင်းအတာ ၂၅°C - ၃၂°C )။ အကယ်၍ ရေ၏ အပူချိန်သည် ၂၀°C- ၂၄°C ၊ ၁၆°C -၁၉°C နှင့် ၃၃°C -၃၈°C အတွင်း တည်ရှိပါက ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၈၀%၊ ၆၀% အထိလျော့ပြီး ကျွေးသင့်သည်။ - ✅မနက်ပိုင်း နေထွက်ပြီး နှစ်နာရီခန့်အကြာတွင် နေ့စဉ်ကျွေးရမည့် ပမာဏ၏ ၆၀- ၆၅ % (တစ်နေ့လုံးကျွေးရမည့် အစာ၏ တစ်ဝက်ကျော်) ကို ကျွေး၍ ညနေနေမဝင်မီ နှစ်နာရီခန့် အလိုတွင် ကျန် ၃၅-၄၀ % ကို ကျွေးသင့်သည်။ - ✅ငါးကန်ရေ၏ အရည်အသွေးသည် မိုးဆက်တိုက်ရွာသည့် နေ့များတွင် အပြောင်းအလဲ မြန်သဖြင့် ငါးများအစာစားနှုန်း လျော့ကျလေ့ရှိသည်။ - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
