cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပိုးသတ်ဆေးဖျန်းသော်လည်းပိုးတွေမသေတာ ဘာကြောင့်လဲ?

. ပိုးမွှား
ပိုးသတ်ဆေးတွေဖျန်းနေသော်လည်း ပိုးတွေမသေပဲ ဆေးဖိုးတွေကုန် အကျိုးမရှိပဲ ဖြစ်နေတယ် ဆိုပါက အောက်ပါအချက်တွေထဲကအတိုင်း လိုက်လုပ်မိနေပါသလား......
  • (၁) ကြိုတင်ကာကွယ်မှုမပြုလုပ်ခြင်း 

    တောင်သူအများစုက မိမိစိုက်ခင်းထဲကို အသေးစိတ်ကွင်းဆင်း စစ်ဆေးတဲ့အခါ ကန်သင်းပေါ် ကနေ ကြည့်ပြီး အိမ်ပြန်သွားကြတာများပါတယ်။ အပင်လေးတွေ ကောင်းနေတာပဲ ဆေးဖျန်းစရာ မလိုသေးပါဘူးလေ ... ပိုးကျမှပဲ ဖျန်းတော့မယ်။ 

    ဒီလိုနဲ့ ပိုးများတဲ့အထိ ပိုးတွေဖျက်စီးပြီးတဲ့အထိပိုးကောင်းတွေ ပေါများလာတဲ့အထိ စောင့်ကြပါ၏။ 

    ပိုးမွှားရောဂါ စစ်ဆေးတဲ့အပိုင်းမှာ အနည်းအများနဲ့တိုင်းတာကြပါတယ်။ နေ့ခင်းဘက်မှာဆိုရင် .. 

    ပိုးအများစုက ခိုအောင်းနေတတ်ကြပါတယ်။ 

    လူသံကြားရင် ပျံခြင်း၊ ပုံးခြင်း၊ ကွယ်ခြင်းတို့ပြုလုပ်ကြပါတယ်။ ပိုးကောင် အရေအတွက်တစ်ပင် ၂ ကောင်အထက် တွေ့ပါက ဆေးဖျန်းဖို့ပြင်ဆင်ရပါတော့မယ်။ အကောင်းဆုံးကတော့အပင်သက်တမ်း ၁၅ ရက် ကျော်ပါက ကြိုတင်၍ကာကွယ်ဆေးဖျန်းရန် လိုအပ်ပါသည်။ 

    (၂) ဆေးပြင်းနဲ့အရင်မဖျင်း(ဖျန်း)ပါနှင့်!! 

    တောင်သူအများစုက ဆေးအေအိုင်တွေအကြောင်းမလေ့လာကြပါ။ သိအောင်လည်း မကြိုးစားကြပါ။ သိတဲ့တောင်သူအချို့ကျပြန်တော့ သူအလွတ်ကျက်အလွတ်ရထားတဲ့ ဆေးအေအိုင်နာမည် ရွတ်ပြပြီး ဆေးလာဝယ်ကြပါတယ်။ ဘာပိုးကျနေတာလဲ?!!မေးကြည့်မှ တစ်လွှဲကြီး ဖြစ်နေပါတော့တယ်။ 

    တကယ်နားလည်တဲ့သူ အတွေ့အကြုံရှိတဲ့သူတွေလဲအများကြီး ရှိပါတယ်။  

    ဆေးပြင်းဆေးပျော့ဆိုတာ ပိုးဆေးမှိုဆေးတွေမှာရှိပါတယ်။ ရောင်းတဲ့ဆိုင်အချို့ ဒါကို သိပါတယ်။ 

    မသိတဲ့ဆိုင်တွေလည်း အများကြီးပါ။ ဥပမာ ...ဆိုက်ပါမီသရင် / ဆေးပူဆေးပျော့ 

    အေမီဒါကလိုပစ်/ဆေးမပျော့မပြင်း၊ သိုင်ရာမီသောက်ဇင်/ဆေးပြင်း ဒီသဘောပါ။ 

    ဒါက တောင်သူတွေ နားလည်အောင် ပြောချင်တာပါ။ဆေးပြင်းတွေ အကြိမ်ကြိမ်ဖျန်းပါများတော့... 

    ပိုးကောင်က ဆေးဒဏ် ခံနိုင်ရည် ရှိသွားပါတော့တယ်၊ဆေးပြင်းကို အရင်မဖျင်းမိစေဖို့ အထူးသတိပြုပါ။ 

    (၃) အနာနဲ့ဆေးတည့်အောင်ပေးပါ။ 

    ကျနေတဲ့ပိုးက လှေးပိုး။ ဖျန်းတဲ့ဆေးက တစ်မျိုး။ စုပ်စားတဲ့ပိုးကောင်လား? ကိုက်ဖြတ်ဝါးစားတဲ့ပိုးကောင်လား? မြေအောင်းပိုးလား? စသဖြင့်...ခွဲခြားတတ်ဖို့ အဓိက လိုအပ်ပါတယ်။ ဆေးဝယ်တဲ့အခါ ဆိုင်ရှင်ကို သေချာမေးပါ။ဆိုင်ရှင်နဲ့ သူ့ရဲ့ဝန်ထမ်းကို အရင်လေ့လာဖို့ အဓိကလိုအပ်ပါတယ်။ အချို့ ဝန်ထမ်းက ဒါကောင်းတယ်ဒီဆေးက အရမ်းရောင်းရတယ် လို့ ပြောတဲ့အခါစိတ်မပါသွားဖို့ လိုပါတယ်။ အကောင်းဆုံးနည်းကပညာရှင်နှင့်တိုင်ပင်ပြီး လိုတဲ့ဆေးကို သွားဝယ်တာပိုပြီး အဆင်ပြေပါလိမ့်မယ်။ ငမြှောင်တောင်ပိုးကို စုပ်စားပိုးသတ်ဆေး ဖျန်းပါက ရေချိုးပေးသလိုမျိုးဖြစ်နေပါလိမ့်မယ်။ ပွင့်ထွေးပိုးသတ်ဆေးဆိုပြီးထိသေစားသေ ဆေးတစ်ခုခု ဖျန်းနေပါက ... ငွေကုန်လူပန်းအချိန်ကုန်ပါလိမ့်မည်။  

    (၄) ကြားစကားများနားယောင်ခြင်း 

    "တောင်ပိုင်းက ဦးပျား သူ့စိုက်ခင်းကို ဟိုဆေးဖျန်းလိုက်တာ အပင်တွေက နေ့ချင်းညချင်းကြီး 

    တက်လာလိုက်တာ အံ့ဩစရာပဲဗျို့"  

    အဲသလို ကြားလိုက်တာနဲ့ ... ဟုတ်တာမဟုတ်တာအသာထား သူများထက် နောက်မကျအောင် ဝယ်ဖို့ 

    ဘာဆေးလဲ သိချင် ဝယ်ချင်လာပါတော့သည်။ ဦးပျားက ဘာတွေ ဘယ်လိုရောဖျန်းသလဲ သူမသိ။ 

    ဒီလို ကောင်းလာတဲ့အချက်က ဒီဆေးတစ်ခုတည်းဖျန်းလိုက်လို့ဆိုတာ ပုံသေကားချပ် ယူဆလို့မရပါ။ 

    အခြားအကြောင်းတွေ အများကြီး ရှိနိုင်ပါတယ်။မြေပြင်နည်း၊ မြေခံမြေဩဇာ၊ မျိုး ၊စိုက်နည်း နှင့် 

    စိုက်ပျိုးသက်/ရက် ဒါတွေကို ထည့်တွက်ရပါမယ်။ များသောအားဖြင့် တောင်သူအများစုက အဲသလို 

    မတွေးကြပါဘူး။ "သူ့ထက်ငါက သာနေရမယ်"သူ့လို ငါလည်း လုပ်တတ်ပါတယ် ဆိုတာကို  

    လက်စွမ်းပြချင်ကြတာပါ။ သူတို့ အဲသလိုတွေ#မခံချင်စိတ်ဖြစ်လာအောင် သွေးထိုးလှုံဆော်ကြတဲ့ 

    အရောင်းသမားတွေရဲ့ကြားစကား သတိထားကြဖို့အထူးလိုအပ်ပါသည်။  

    (၅) တစ်ရာသီစာဆေးကြိုဝယ်ထပ်တလဲလဲဖျန်းခြင်း 

    ရှေးခေတ် ဘိုးတော် ဘွားတော် တောင်သူကြီးတွေကတစ်ရာသီစာအတွက် ပိုးသတ်ဆေး မှိုဆေးတွေကိုကြိုဝယ်ထားလေ့ရှိပါတယ်။ အရောင်းဆိုင်တွေကကျရောက်မယ့်ပိုးရောဂါကို ကြိုသိသလိုလိုနဲ့ သူ့ဆိုင်က အရောင်းထိုင်းဆေးတွေနဲ့ ပရိုမိုးရှင်းဆေးလေးငါးမျိုး တစ်ရာသီစာ ယူယူမယူယူ ချပေးလေ့ရှိကြပါတယ်။ တောင်သူကို ချုပ်ကွက်နည်းမျိုးစုံအသုံးချပြီး လုပ်စားကြတာတွေ အများကြီး တွေ့ရမြင်ရကြားရပါတယ်။ ဧက များတဲ့ တောင်သူကြီးတွေစီးပွားရေး ဖြစ်သင့်သလောက် မဖြစ်ကြတဲ့အဓိကအချက်ထဲမှာ ဒီကိစ္စ အများကြီး ပါပါတယ် ။ 

    အရောင်းဆိုင်က ဈေးနှုန်းမရေးပေးလိုက်တာကြောင့်"တစ်ဗူး ဘယ်ဈေးလဲ" မမေးရဲကြပါ။ ပေးထားတဲ့ပုဆိုး၊ စွပ်ကျယ် ၊ ထီး မျက်နှာက ရှိသေးတယ်လေ ။ပြီးတော့ "သူ့မို့လို့ အကြွေးပေးတာ အခြားသူတွေဒီလို မရဘူး " ဒီ ချုပ်ကွက်ထဲ ညှပ်နေတာကိုး။ အချို့ အကြွေးဈေး အမြင့်ကြီး ရေးပေးလိုက်ပါတယ်။ ဘောင်ချာမှာ ဆယ်သိန်းကျော် (၅ဧကစာ) အတွက်။ မကုန်တဲ့ဆေး ပြန်ပေးလို့ ရတယ်ဆိုတဲ့ ချုပ်ကွက်။ 

    ရာသီပြီးလို့ အကြွေးဆပ်တဲ့အခါ ဆယ်သိန်းထဲက၂ သိန်းကျပ် မုန့်ဖိုး ပြန်ကန်တော့တာပါ ဆိုတဲ့  

    ချုပ်ကွက်အကြီးကြီး အထဲမှာ ပိတ်မိမှန်း မသိ အပျော်ကြီး ပျော်နေပြီး ပြုံးနေတဲ့မျက်နှာ ...တကယ်တော့ မလုပ်သင့်တဲ့အရာတွေပါ။ 

    နောက်တစ်ချက်က အားနာပြီး သူပေးထားတဲ့ဆေးထပ်တလဲလဲဖျန်း ၊ ပိုးကမသေ ၊ ဖုန်းလှမ်းဆက်သွယ်ဆေးနာမည် နောက်တစ်မျိုး ဖျန်းပါဆိုလို့ ဖျန်းတယ်။ ပိုးကမရှင်း ဆေးနာမည်သာ ပြောင်းသွားတယ် ... ဆေး အေအိုင်က ဒါကဒါပဲ ။ နောက်ဆုံး ပိုးတွေကသက်တမ်းရင့်ပြီး လိပ်ပြာဘဝ ၊ ပိုးတုံးလုံးဘဝတွေအဆင့်ဆင့်သာ ပြောင်းသွားတယ်။ တောင်သူဘဝတွေကတော့ အခုထိ မပြောင်းလဲသေး။ 

    “ဒါတွေ ရေးတာ စေတနာတွေ ဖြစ်ပါတယ် ။အနာပေါ် တုတ်ကျမှနာ ဆိုသလို ဒီစာဖတ်ပြီး စိတ်တိုဒေါသ ရှိပါက သင့်မှာ အနာရှိနေလို့ပါ။” 

    ဆရာ စိုးမိုးဂျူလှိုင် ထံမှ ရေးသားချက်များအား လေးစားစွာကူးယူဖော်ပြလိုက်ပါသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
17
comments
2
views
3492
cover
cover
cover
cover
cover