cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေပဲစိုက်တောင်သူများ မြေပဲစွယ်ချချိန် လိုက်နာရမည့် အပင်ပြုစုနည်းလမ်းများ

. စိုက်ပျိုးနည်းစနစ်များ
မြေပဲစိုက်ချိန်နှင့် စွယ်ချချိန်တို့တွင် နိုက်ထရိုဂျင် မြေဩဇာထည့်သွင်းပေးခြင်းအားဖြင့် သီးတောင့် အရေအတွက်များစေပြီး မြေပဲအထွက်တိုးစေနိုင်ပါသည်။ ယူရီးယားမြေသြဇာကို တစ်ဧကလျှင် အိတ်ဝက်နှုန်းဖြင့် မြေပဲစိုက်ပျိုးချိန် သို့မဟုတ် စွယ်ချချိန်တို့တွင် ထည့်သွင်း ပေးသင့်ပါသည်။
  • မြေပဲသီးနှံသည် ရေငတ်ဒဏ်ခံနိုင်သည့်သီးနှံဖြစ်သော်လည်း သုတေသနတွေ့ရှိချက်များအရ စိုက်ပျိုးပြီး ၈ ပတ် မှ ၁၀ ပတ်အတွင်း ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ စွယ်ချပြီး သီးတောင့်ကြီးထွားချိန်တို့တွင် ရေအလိုအပ်ဆုံး ကာလများဖြစ်ပါသည်။ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် အစိုဓာတ်ရရှိအောင် ဆောင်ရွက်ပေးခြင်း သည် မြေပဲသီးနှံ အထွက်တိုးစေနိုင်မည်ဖြစ်ပါသည်။ 

    မြေပဲစိုက်ချိန်နှင့် စွယ်ချချိန်တို့တွင် နိုက်ထရိုဂျင် မြေဩဇာထည့်သွင်းပေးခြင်းအားဖြင့် သီးတောင့် အရေအတွက်များစေပြီး မြေပဲအထွက်တိုးစေနိုင်ပါသည်။ ယူရီးယားမြေသြဇာကို တစ်ဧကလျှင် အိတ်ဝက်နှုန်းဖြင့် မြေပဲစိုက်ပျိုးချိန် သို့မဟုတ် စွယ်ချချိန်တို့တွင် ထည့်သွင်း ပေးသင့်ပါသည်။ မြေပဲစိုက်ပြီး(၃၀-၃၅)ရက်အတွင်း ပေါင်းမြက်များအပြီး ရှင်းပါ။ အထက်စွယ်များကို အတောင့်ဖြစ်စေရန် ပန်းဖြိုင်ချိန်မှစ၍ နောက်ပိုင်းတွင် ဘောင်တင်ခြင်း မပြုလုပ်ရပါ။ စွယ်ချချိန်နှင့် အဆံဖြည့်တင်းချိန် များဖြစ်သော အပင်သက်တမ်း (၄၅-၇၅) ရက်သား အတွင်းအစိုဓါတ်လိုအပ်ပါကရေသွင်းပေးပါ။ 

    မြေပဲစွယ်ချချိန်တွင် ဂျစ်ပဆန်ကျောက်မှုန့်ကို ထည့်သွင်းပေးခြင်းဖြင့် မြေပဲတောင့် ကြီးထွားချိန်တွင် လိုအပ်သည့် ကယ်လ်ဆီယမ်အားရရှိစေပြီး ဆီပါဝင်မှုများစေသည့် ဆာလ်ဖာဓာတ်ကို ရရှိစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဂျစ်ပဆန် ကျောက်မှုန့်ကို စိုက်ပြီး ၄၅ ရက်သားတွင် တစ်ဧကလျှင် ၄ အိတ် မှ ၅ အိတ်အထိ ထည့်သွင်းပေးသင့်ပါသည်။ သို့ရာတွင် ဂျစ်ပဆန်ကျောက်မှုန့် ထည့်သွင်းချိန်တွင် အစိုဓာတ် လုံလောက်ရန်လည်း အရေးကြီးပါသည်။ 

    မြေပဲစွယ်ချချိန်တွင် ရွက်ဖျန်းမြေသြဇာများအနေဖြင့်လည်း ဖော့စဖိတ်၊ ပိုတက်စီယမ်နှင် အခြားအနည်းလို အာဟာရများပါဝင်သော ရွက်ဖျန်းမြေသြဇာများကို အမိုင်နိုအက်ဆစ်နဲ့ တွဲစပ်၍ ပက်ဖျန်းပေးပါက အသီးအပွင့်များအားကောင်းစေပြီး အစေ့အစံများပိုမိုအောင်မြင်စေနိုင်ပါသည်။ 

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
12
comments
0
views
3365
cover
cover
cover
cover
cover