cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြုစုစောင့်ရှောက်ရလွယ်ပြီး ဈေးကွက်အလားအလာကောင်းနိုင်သည့် နဂါးမောက်

. စိုက်ပျိုးနည်းစနစ်များ
နဂါးမောက်ပင်ကို အထူးတလည် ဂရုစိုက်စရာမလိုပဲ လွယ်ကူစွာစိုက်ပျိုးနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မှုနည်းခြင်းနှင့် ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်းတို့ကြောင့် စီးပွားဖြစ် စိုက်ပျိုးသင့်သော သီးစားပင် တစ်ခု ဖြစ်ပါသည်။ နဂါးမောက်သီးပင်သည် အပင်သက်တမ်း အနှစ် ၂၀ ခန့်ရှိပြီး တစ် ဧကတွင် အပင် ၁,၆၀၀ မှ ၅,၀၀၀ စိုက်ပျိုး နိုင်ပါသည်။ အကြမ်းအားဖြင့် နဂါးမောက်ခြံတစ်ဧကလျှင် အသီး ၁၀ တန်ခန့် ရရှိပါ မည်။
  • နဂါးမောက်သီးသည် အရွက်မရှိ၊ ပင်စည်တွင် အစာနှင့် ရေသိုလှောင် ထားနိုင်သော တွယ်ကပ်ပင် အမျိုးအစား ဖြစ်ပါသည်။ နဂါးမောက်သည် တောက်ပသော အနီရောင် အခွံပျော့ရှိပြီး အစိမ်းရောင် ရွက်ဖတ်များ ပါဝင်သည်။ အစိမ်းရောင် ရွက်ဖတ်သည် အသီးရင့်မှည့်ပါက အနီရောင်သို့ အသီးခွံ ပျော့နှင့်အတူ ပြောင်းလာမည်။ အသီး၏ အတွင်းအသားရောင်မှာ သေးငယ်သောအနက်ရောင်စေ့များပါဝင်သောအဖြူရောင်၊

    သို့မဟုတ် ကြက်သွေး ရောင်၊ ခရမ်းရောင် ရင့်ရင့်၊ အနီရောင်၊ အသားရောင် အသားပါရှိသည်။

    နဂါး မောက်ပင် ၏ အပွင့်မှာ အလွန်လှပပြီး ညတွင် ပွင့်သောကြောင့် ည၏ ဘုရင်မပန်း ဟုပင် တင်စားခေါ် ပါသည်။

    နဂါးမောက်ပင်စိုက်ပျိုး ရာတွင် အပင်တွယ်တက်ရန် တိုင်နှင့်တန်း များ၏ တန်ဖိုးကြောင့် အရင်းအနှီးကြီး သည်ဟု ပြောနိုင်သော်လည်း မိမိပတ်ဝန်း ကျင်တွင် လွယ်ကူစွာနှင့် စျေးချိုစွာရနိုင် သော သစ်ဝါးကို အသုံးပြု၍ စိုက်ပျိုးပါက အရင်းအနှီးမများလှပဲ စတင်စိုက်ပျိုးနိုင်ပါသည်။

    နဂါးမောက်ပင်ကို အထူးတလည် ဂရုစိုက်စရာမလိုပဲ လွယ်ကူစွာစိုက်ပျိုးနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မှုနည်းခြင်းနှင့် ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်းတို့ကြောင့် စီးပွားဖြစ် စိုက်ပျိုးသင့်သော သီးစားပင် တစ်ခု ဖြစ်ပါသည်။ နဂါးမောက်သီးပင်သည် အပင်သက်တမ်း အနှစ် ၂၀ ခန့်ရှိပြီး တစ် ဧကတွင်

    အပင် ၁,၆၀၀ မှ ၅,၀၀၀ စိုက်ပျိုး နိုင်ပါသည်။ အကြမ်းအားဖြင့် နဂါးမောက်ခြံတစ်ဧကလျှင် အသီး ၁၀ တန်ခန့် ရရှိပါ မည်။

    စိုက်ပျိုးပြီးရှစ်လကျော်လျှင် နဂါး မောက်သီး စတင်သီးလာမည်ဖြစ်ပါ သည်။ စွမ်းအားပြည့် သီးပွင့်လာစေရန် အတွက် အပင်သက်တမ်းနှစ်နှစ်မှ ငါးနှစ် ကြာပါသည်။ နဂါးမောက်သီးပင်ကို နွား ချေး၊ မြေဆွေးစသည့် ပတ်ဝန်းကျင်တွင် လွယ်ကူစွာရနိုင်သော အော်ဂဲနစ်မြေသြဇာ သုံး၍ စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ နဂါးမောက်သီးပင်သည် နိုက်ထရိုဂျင်လိုအပ်မှု နည်းသောကြောင့် နောင်တွင်

    တွင်ကျယ်လာမည့် စီးပွားရေးအရ အလားအလာ ကောင်းသော သီးစားပင်ဖြစ် လာနိုင်ပါသည်။

    နဂါးမောက်သီးပင် မျိုးကွဲများစွာ ရရှိသော်လည်း စာရေးသူအနေနှင့် အတွင်းသား အဖြူရောင်နှင့် အနီရောင်နှစ်မျိုးကို သာ အဓိက ဆွေးနွေးသွားပါမည်။

    နဂါး မောက်ပင်ကို လေ့လာရာတွင် သုံးထောင့်ပုံ ပင်စည်၊ ပင်လုံးရှိပြီး အဖြူရောင်ပန်းပွင့် ရှိပါသည်။

    စားသုံးနိုင်သော နဂါးမောက်သီး ပင်၏ ပင်စည်၊ ကိုင်း၊ အပင်၏သဘာဝ၊ အသီး၏ အရောင်နှင့် အသီးအတွင်း အသား၏အရောင်ကိုမူတည်၍ ခွဲခြား လေ့လာနိုင်ပါသည်။ နဂါးမောက်သီးဟု လွယ်ကူစွာခေါ်သလို နိုင်ငံအလိုက် လူမျိုး အလိုက် အခေါ်နာမည်များ ကွဲပြားခြားနား ပါသည်။

    ရုက္ခဗေဒဆိုင်ရာ ဖော်ပြရာတွင် နဂါးမောက်ပင်သည် အပေါက်မြန်ကြီးထွားသော တွယ်ကယ်ပင်ဖြစ်သည်။

    အများအား ဖြင့် သုံးထောင့်ပုံပင်စည်ကို ရှားပါးစွာ တွေ့ရတတ်ပါသည်။

    ပင်စည်မှ အကိုင်း၊ အခက်၊ အတက်ခွဲများ ထွက်နေသည်ကိုတွေ့ရပါ မည်။ အကိုင်း၊ အခက်၊ ပင်စည်မှ အမြစ် ပွားများ ထွက်လာပြီး ယင်းအမြစ်ပွားများက တွယ်ကပ်၍ရသော သစ်ပင်၊ ကျောက်နံရံ စသည့် အသင့်အတင့်စွတ်စိုသော မှီတွယ် စရာကို မှီတွယ်၍ တက်ပါသည်။

    #နဂါးမောက်ပန်းပွင့်

    သုံးခုမှ ငါးခုပါသော အဖူးတို့သည် ပင်စည်မှ တိုက်ရိုက်ထွက်လာပါသည်။ ယင်းအဖူးတို့သည် ၁၃ ရက်ခန့်တွင် ပန်းဖူးများ အဖြစ်ပြောင်းလဲ သွားပါမည်။ အစိမ်းရောင်ဖျော့ဖျော့ပန်းဖူးတိုသည် ၁၇ ရက် အကြာတွင် ၂၈ စင်တီမီတာ ခန့်သို့ ရောက်ရှိမည် ဖြစ်ပါသည်။ ပန်းပွင့်တို့သည် ညနေ ၆ နာရီမှစ၍ လျင်မြန်စွာပွင့်လာပြီး ည ၁၀ နာရီခန့်တွင် အစွမ်းကုန်ပွင့်ပါမည်။ နောက် နေ့ည၂ နာရီခန့်တွင် ပန်းပွင့်ဝတ်မှုန်ကူးပြီး ပန်းပွင့်ညှိုးပိတ်နေပါမည်။ ပတ်ဝန်းကျင် ရာသီဥတု အပူချိန်၊ အလင်းရောင် ပန်းပွင့်ခြင်းကို သြဇာ သက်ရောက် ပြောင်းလဲစေနိုင် ပါသည်။ ပူနွေး၍ တိမ်သာသောနေ့တွင် ညနေ လေးနာရီခန့်တွင် ပန်းပွင့်နိုင်သလို အေးမြသော ရာသီဥတုတွင် ပန်းပွင့်ဖတ်များ ညှိုးပိတ်ခြင်းကို နေ့ခင်း တစ်နာရီခန့်အထိ တွေ့နိုင်ပါမည်။

    ညတွင် ပန်းဖြစ်သော်လည်းပန်းဝတ်မှုန်ကူးခြင်း ညတွင် မဖြစ်ခဲ့ပါက နောက်နေ့နံနက်အထိ ပန်းဆက်လက်ပွင့် နေမည် ဖြစ်ပါသည်။

    ပန်းပွင့်အဖူးမှ ပန်းပွင့်သည်အထိ ၂၅ မှ ၃၅ ရက်ခန့်ကြာတတ် ပါသည်။ စာရေးသူ၏ နဂါးမောက်ခြံတွင် ဧပြီ လမှ နိုဝင်ဘာလအထိ နဂါးမောက်ပန်းများ ပွင့်ပါသည်။

    ဒီဇင်ဘာလအအေးပေါ့သော ကာလတွင်လည်း အနည်းငယ် သီးပွင့်တတ်ပါသည်။

    #ပန်းဝတ်မှုန်ကူးခြင်း

    သစ်သီးများ ကြီးထွား အောင်မြင်စေရန် ဝတ်မှုန်ကူးခြင်းသည် အလွန်အရေး ကြီးသည်။ နဂါးမောက် ပန်းပွင့် တို့သည် ညတွင်ပွင့် သောကြောင့် ညတွင်သွားလာနေသော အင်းဆက်၊ တိရစ္ဆာန်ငယ်များကြောင့် ဝတ် မှုန်ကူးခြင်း အောင်မြင်နေရပါသည်။

    စာရေး သူ၏ခြံတွင် သီးနှံအသစ်အဖြစ် စိုက်ပျိုး ရာတွင် သဘာဝအလျောက် ဝတ်မှုန်ကူး ခြင်းအောင်မြင်မှု သင့်တင့်အောင် ရှိပါသည်။

    သို့သော် ဝတ်မှုန်ကူးခြင်းအားလုံး အောင်မြင်ရန်မှာ လူနှင့် ဝတ်မှုန်ကူးခြင်း ပြုလုပ်ပေးရမည်ကို အလေးအနက်ထား၍ စဉ်းစားရပါမည်။

    ပျားမွေးမြူ ခြင်းကို တွဲ ဖက် ပြုလုပ်ပါက ဝတ်မှုန်ကူးခြင်းကို ပျားများက တာဝန်ယူသွားမည် ဖြစ်ပါသည်။

    ပင်ထီး ဝတ်မှုန်ကူးခြင်းထက် ပင်ခြား ဝတ်မှုန် ကူးခြင်းက သာလွန်ကောင်းမွန် သော အသီးများရနိုင်သဖြင့် နဂါးမောက် အဖြူသီးနှင့် အနီရောင် အသီးမျိုးပင်တို့ကို သင့်တင့်စွာရော၍ စိုက်ပေးထား သင့်ပါသည်။

    #နဂါးမောက်အသီးသီးခြင်း

    နဂါးမောက် အသီးအရွယ် အစားကြီးသည် ဖြစ်စေ၊ အလယ် အလတ်စား ဖြစ်စေ ပုံသဏ္ဌာန်မှာ ကြက်ဥကြီး၊ ဘဲဥကြီးအဝိုင်း ပုံနှင့် ပွင့်ဖတ်ချပ်များပါဝင်သည်။ အသီး အရောင်မှာ အနီရောင်ဖြစ်ပါသည်။

    အသီး ၏အတွင်းအသားရောင်မှာ အဖြူရောင်၊ သို့မဟုတ် အနီရောင်ဖြစ်ပါသည်။ အဝါ ရောင် နဂါးမောက်သီးကိုတော့ စာရေးသူ ၏ခြံတွင် မရရှိသေးပါ။ နဂါးမောက်သီး၏ ပြင်ပအရောင်မှာ

    နုစဉ်ကာလတွင် အစိမ်းရောင်ဖြစ်ပြီး ခန့် မှန်းခြေ ၂၅ ရက်ခန့်အကြာတွင် အနီရောင် သည် လေးရက်မှ ငါးရက်ခန့်ကြာပြီးလျှင် လုံးဝအနီရောင်သို့ ပြောင်းလဲသွားပါမည်။ နဂါးမောက်သီး၏ အသီးအဆင့်ဆင့် ဖြစ်ပေါ်လာပုံ ရင့်မှည့်လာချိန်မှာ အသီး ကင်းစသည်မှစ၍ အသီးရင့်မှည့်လာချိန် အထိ

    ရက်ပေါင်း ၂၅ ရက်မှ ၄၅ ရက်ခန့် ကြာပါသည်။ နဂါးမောက်သီးကို အခွံခွာ ၍ အခြောက်ခံလျှင်

    အလေးချိန်လျော့ကျ သွားသလို အသားသည်လည်း ပျဉ်းတွဲ လာပါသည်။ နဂါးမောက်သီးသည်

    ခူး ဆွတ်ပြီးနောက် ရင့်မှည့်ပြောင်းလဲခြင်း မရှိပါ။

    အရင့်မှည့်ဆုံးအချိန်တွင် နဂါးမောက် သီးသည် အနီရောင်သို့ ပြောင်းလဲသွား ပါမည်။ အသီးတွင်ရှိသော ရွက်ဖက်များ ၏ အရောင်သည်လည်း အနီရောင်သို့ ပြောင်းပါမည်။ အတွင်းသားအဖြူရောင် နဂါးမောက်သီး၏ ရွက်ဖက်ထိပ်သည် အစိမ်းရောင်ဖြစ်ပြီး အတွင်းသား အနီရောင် နဂါးမောက်သီး၏ ရွက်ဖက်ထိပ်သည် အနီရောင်ဖြစ်ပါသည်။ အသီးမှည့်ချိန်၊ ခူး ဆွတ်ချိန်မှာအသီးစတင်ပြီး ရက်ပေါင်း ၃၀ မှ ၅၀ ကြာပါသည်။ နဂါးမောက်သီးသည် ပူအိုက်စွတ်စို၊ သို့မဟုတ် ပူအိုက်ခြောက် သွေ့သောရာသီဥတုတွင် စိုက်ပျိုးနိုင်ပြီး

    နိုင်ငံအများအပြားတွင် အောင်မြင်စွာ စိုက်ပျိုးနေသည်ကို လေ့လာသိရသည်။

    #နဂါးမောက်သီးစားသုံးမှုနှင့်အသုံးချမှု

    နဂါးမောက်သီးကို အသီးမှည့်စား သုံးမှုသာမက စက်မှုကုန်ကြမ်းအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ အသီး၏ ၇၀ ရာခိုင် နှုန်းမှ၈၀ ရာခိုင်နှုန်းရှိသော အသီး၏ အသားကို စားသုံးနိုင်ပြီး အသီးမှည့်အတိုင်း မပြုပြင်ဘဲ စားသုံးလေ့ရှိပါသည်။

    နဂါး မောက်သီးမှည့်ကို စက်မှုကုန်ကြမ်းအဖြစ် သုံးပြီး ဖျော်ရည်၊ ယိုလုပ်ငန်း၊ ရေခဲမုန့်၊ ဂျယ်လီနှင့်ဝိုင်လုပ်ငန်းများတွင် တွင်ကျယ် စွာ သုံးလေ့ရှိပါသည်။ အစားအသောက် များကို အရောင်ဆိုးရန်အတွက် သဘာဝ ဆိုးဆေးလုပ်ငန်းတွင်လည်း အသုံးပြုပါ သည်။ နဂါး

    မောက်ပန်းအဖူးကလေးများ ကို စွပ်ပြုတ်ပြု၍စားသောက်နိုင်သလို အပွင့်ကိုလည်း လက်ဖက်ခြောက်ကဲ့သို့ ရေနွေးဆူဆူနှင့်သောက်ပါက ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါသည်များအတွက် ကျန်းမာရေးဆေးတစ်မျိုးအနေနှင့် သုံးလေ့ ရှိပါသည်။

    နဂါးမောက်သီးအနီတွင် ကျန်း မာရေးအထောက်အကူပြု ဂုဏ်သတ္တိများ ဆေးဖက်ဝင်သည့် အကျိုးကျေးဇူးရှိပါ သည်။

    နဂါးမောက်သီးအနီသည် ကင်ဆာ ရောဂါကို ကာကွယ်နိုင်သလို ဆီးချိုရောဂါ ကိုလည်း သက်သာစေပါသည်။

    အဆိပ်အတောက်ကိုပြေစေသဖြင့် ကိုလက်စထရောကိုကျစေပြီး သွေးတိုးကို သက်သာစေပါသည်။ သွေးတွင် ပါဝင်သော သကြားပမာဏကို လျော့ကျစေပြီး သွေး ယိုစီးမှုကို ကာကွယ်ခြင်းနှင့် သွားများကို လည်း ခိုင်မာစေပါသည်။ နဂါးမောက်သီးတွင်ဗီတာမင်စီနှင့် ဖော့စရပ်စ်ဓာတ်များ ပါဝင်သဖြင့် အရိုးများကို ခိုင်မာစေပြီး သွားများကို ခိုင်မာစေခြင်းနှင့် အသားအရေ၊အရေပြားတို့ကို လှပစေပါသည်။ အားလုံးခြုံငုံ၍ ပြောရလျှင် နဂါးမောက် အနီသီးသည် ကျန်းမာရေး အထောက်အကူ ဖြစ်သည့်

    ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ် ပါသည်။

    နဂါးမောက်သီးပင် စိုက်ပျိုးရေးခြံ များကို အိမ်တွင် တစ်နိုင်တစ်ပိုင်မှစ၍ ဧက ပေါင်းများစွာ စိုက်ပျိုးသော ခြံများအထိတွေ့ရနိုင်ပါသည်။

    စာရေးသူ၏ခြံတွင် နဂါး မောက်ပျိုးပင်များနှင့် ကိုင်းဖြတ်များကို လိုအပ်သလောက် ဝယ်ယူရရှိနိုင်ပါ

    သည်။ နဂါးမောက်ပင် စိုက်ပျိုးခြင်းသည် ဝင်ငွေ ကို အမြန်ဆုံးပြန်ရရှိစေသော နှစ်ရှည်သီး စားပင် ဖြစ်ပါသည်။ ပထမ ၈လမှ နှစ်နှစ် အတွင်း ဝင်ငွေရရှိနိုင်ပြီး ငါးနှစ်အတွင်း အပြည့်အဝသီးပွင့်၍ ပုံမှန်ဝင်ငွေကောင်း ရရှိစေနိုင်ပါသည်။

    နဂါးမောက်သီးပင် စိုက်ပျိုးခြင်းသည် ပူနွေးခြောက်သွေ့သော နေရာဒေသများ တွင် စိုက်ပျိုးရန် အထူးသင့်လျော်သော နှစ်ရှည်သီးစားပင် ဖြစ်ပါသည်။

    အသင့်အတင့် ဆားပေါက်နေရာများတွင်လည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ မြန်မာ နိုင်ငံ၊ နောင်ချိုမြို့နယ်နှင့် ပုပ္ပားတောင်ဒေသတွင် စီးပွားဖြစ် အောင်မြင်စွာ စိုက်ပျိုးနေ သည်ကို တွေ့ရှိရပါသည်။ နဂါးမောက်ပင် ကို အခြားသီးနှံများနှင့်အတူတွဲ၍အောင်မြင်စွာစိုက်ပျိုးခြင်း

    သစ်တောဌာနနှင့်ပေါင်း ၍ စိုက်ပျိုးခြင်းများကိုလည်း စီးပွားဖြစ် ပြုလုပ်နိုင်ပါသည်။

    - ဦးကျော်နိုင်

    မြန်မာတောင်သူကြီးများဂျာနယ်

    ----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
likes
6
comments
1
views
2829
cover
cover
cover
cover
cover