cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လူကြီးရောကလေးပါ ကြိုက်နှစ်သက်ကြတဲ့ သရေစာ...ပြောင်းဖူးဖက်ထုပ်ပြုလုပ်နည်း

. တန်ဖိုးမြှင့် ထုတ်ကုန်များ
ပြောင်းဖူးပေါများတဲ့ ရာသီရောက်နေပြီဆိုတော့ သာသားမီးမီးတို့လဲ ကြိုက်နှစ်သက်ပြီး ပြုလုပ်ရ လွယ်ကူသော ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ ရာသီစာပြောင်းဖူးဖက်ထုပ်လေးတွေ လုပ်စားကြည့်ကြစို့။
  • ပထမဦးစွာ ပြောင်းဖူးဝယ်တဲ့အခါ ပြောင်းဖူးအရွက်လေးတွေကအစ လတ်ဆတ် ပြီးချိုမယ့် သကြားပြောင်းဖူးလေးကို ရွေးဝယ်ကြမယ်နော်။  

    ပါဝင်ပစ္စည်းများကတော့ -  

    • ပြောင်းဖူး - ၃ ဖူး 
    • သကြား - ၁၀၀ ဂရမ် (အချိုကြိုက်ပါက ပိုထည့်နိုင်) 
    • ဆား - အနည်းငယ် 
    • ဂျုံမှုန့် - ၁၅၀ ဂရမ် 
    • ဆီ - အနည်းငယ် 
    • ရေ - ၅၀ ml 

    ပြုလုပ်နည်း 

    • ပြောင်းဖူးရွက်များကို မပြဲစေပဲ စနစ်တကျလေးခွာ၍ ရေဆေးထားပါ။ 
    • ပြောင်းဖူးများအား ခြစ်ပါ။ ( ဓား (သို့) ခြစ် အဆင်ပြေရာသုံးနိုင်သည်) 
    • ရရှိလာသော ပြောင်းဖူးအနှစ်များထဲသို့ ဆား၊ သကြား၊ ဂျုံမှုန့်များနှင့် ရေတို့ကိုထည့်၍ သမအောင် မွှေပေးပါ။ 
    • အုန်းနို့ကြိုက်နှစ်သက်ပါက ရေနေရာတွင် အစားထိုးအသုံးပြုနိုင်ပါတယ်။ 
    • ရေဆေးစင်ကြယ်ထားသော ပြောင်းဖူးရွက်များကို ဆီဖြင့်သုပ်ကာ ရောမွှေထားသော ပြောင်းဖူး အနှစ်များအားထည့်၍ ထုပ်ပေးပါ။ 
    • ပြောင်းဖူးဖက်ထုပ်လေးများအား (၄၅ ) မိနစ်ကြာအောင်ပေါင်းပေးပါ။ 
    • ပြောင်းဖူးနံ့မွှေးမွှေးလေးနဲ့ အရသာရှိလှသော ပြောင်းဖူးဖက်ထုပ်လေးများသုံးဆောင်နိုင်ပါပြီ။ 

    ရတနာမှ ပြန်လည်မျှဝေသည်။ 

    ----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
14
comments
0
views
2544
cover
cover
cover
cover
cover