cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပသို့ နာနတ်သီး တန်ချိန် ၄၀,၀၀၀ ကျော်တင်ပို့နိုင်ရန် လျာထား

. ဈေးကွက်သတင်းများ
“အခုနှစ် နာနတ်သီးရာသီမှာ ပြည်ပကို နာနတ်သီးတန်ချိန် ၄၀,၀၀၀ ကျော်လောက်အထိ တင်ပို့ဖို့လျာထားပါတယ်။ သီပေါနာနတ်သီးတွေလို အရည်အသွေးမြင့်နာနတ်သီးတွေကို ပြည်ပကို တင်ပို့မှာဖြစ်ပြီး တရုတ်နိုင်ငံကို အများ ဆုံး တင်ပို့မှာဖြစ်ပါတယ် ”လို့ မြန်မာ့နာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားပါတယ်။
  • ရန်ကုန်။ ၂၀၂၅၊ ဇူလိုင် ၂၉ ရက်

    ပြည်ပနိုင်ငံများသို့ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ဒေသထွက်နာနတ်သီး တန်ချိန် ၄၀၀၀၀ ကျော်တင်ပို့နိုင်ရန် လျာထားကြောင်း မြန်မာ့နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

    လက်ရှိပြည်တွင်းမှာ နာနတ်သီးစိုက်ဧက ၂ သောင်းကျော်ရှိပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည် နယ်တို့တွင် အများဆုံးစိုက်ပျိုးနေကာ အထူးသဖြင့် ရှမ်းပြည်နယ်မှထွက်ရှိသည့် အရည်အသွေးမြင့် မြန်မာ့နာနတ်သီးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေတာဖြစ်ကြောင်း သိရပါတယ်။

    “အခုနှစ် နာနတ်သီးရာသီမှာ ပြည်ပကို နာနတ်သီးတန်ချိန် ၄၀,၀၀၀ ကျော်လောက်အထိ တင်ပို့ဖို့လျာထားပါတယ်။ သီပေါနာနတ်သီးတွေလို အရည်အသွေးမြင့်နာနတ်သီးတွေကို ပြည်ပကို တင်ပို့မှာဖြစ်ပြီး တရုတ်နိုင်ငံကို အများ ဆုံး တင်ပို့မှာဖြစ်ပါတယ် ”လို့ မြန်မာ့နာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားပါတယ်။

    ပြည်တွင်းနာနတ်သီးစိုက်ဧကများအနက် လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စိုက်ပျိုးဧကများတွင် တစ်နှစ် လျှင်ပျမ်းမျှအားဖြင့် အရည်အသွေးကောင်းမွန်သည့်နာနတ်သီးတန်ချိန်ပေါင်း ရှစ်သောင်းမှ တစ်သိန်းခန့် အထိ ထွက်ရှိကြောင်းလည်း သိရပါတယ်။

    မြန်မာနိုင်ငံအတွင်း နာနတ်သီး စိုက်ပျိုးရာဒေသများတွင် Local GAP Farm နှင့် Organic Farm ဟူ၍ Farm နှစ်မျိုးရှိပြီး တရုတ်၊ ထိုင်းနှင့် သီရိလင်္ကာစသည့် နိုင်ငံတကာမှ နည်းစနစ်များကို အသုံးပြု၍ စိုက်ပျိုးထုတ် လုပ်နေခြင်းဖြစ်သလို ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်သည့် အရည်အသွေးမျိုးရှိသည့် နာနတ်မျိုးများကို အဓိက စိုက်ပျိုးကြခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    ပြည်တွင်းမှာလည်း နာနတ်သီးကို ဒေသမရွေးစိုက်ပျိုးနိုင်ပြီး ယခင်ကပြည်တွင်းစားသုံးမှုအတွက်သာ စိုက်ပျိုးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ပြည်ပတင်ပို့နိုင်ရန်အတွက် ပို့ကုန်အဖြစ်ပါ စိုက်ပျိုးလာကြခြင်းဖြစ်ကြောင်း သိရပါတယ်။

    Myanmar Future News Agency မှ ကူးယူဖော်ပြပါသည်။

    --------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
4
comments
0
views
2008
cover
cover
cover
cover
cover