ဧရာဝတီတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ဧရာဝတီတိုင်းအတွက် ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်များ ဖြစ်ပါသည်။ - ပုသိမ်မြို့နယ် - သြဂုတ်လ ၁ ရက်နေ့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းရှိပြီး ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသဖြင့် နေသာချိန်များ ပိုများလာပါမည်။ - မအူပင်မြို့နယ် - သြဂုတ်လ ၁၊ ၅၊ ၆ရက်နေ့အတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိသဖြင့် ယခုတစ်ပတ်အတွင်း မိုးအားလျော့နည်းလာပါလိမ့်မည်။ - ကျိုက်လတ်မြို့နယ် - သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မိုးရွာရန် ၈၀ ရာခိုင်နှုန်း နီးပါးရှိပါသည်။ - ဖျာပုံမြို့နယ် - သြဂုတ်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ မိုးရွာရန် ၈၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါသည်။ - ဘိုကလေးမြို့နယ် - သြဂုတ်လ ၁ ရက်နေ့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းရှိပြီး ၅ ရက်နေ့တွင် ၈၀ ရာခိုင်နှုန်းရှိပါသည်။ ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါသည်။ - Source: Accuweather - --------- - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - · မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း ၊ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို လျော့ချသင့်ပါသည်။ - · ငါးမွေးမြူထားသော ကန်တစ်ကန်၏ရေချဉ်ဖန်နှုန်းသည် (၇.၅)မှ (၈.၅)အတွင်းရှိပါက အကောင်းဆုံး အခြေအနေရှိပါသည်။ငါးကန်အတွင်းရှိ ကန်ရေသည် အက်စစ်ဓာတ် (၅.၅)နှင့်အောက်ရောက်နေပါက လည်းကောင်း၊ ထုံးဓါတ်ဘက် (၉.၅)အထက် ဖက်ရောက်နေပါကလည်းကောင်း တွေ့ရှိပါက ကန်အတွင်းရှိ ငါးများကျန်းမာရေးမကောင်းဖြစ်ခြင်းနှင့် အစာ စားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။ - · ထို့ကြောင့် ငါးမွေးကန် ၏ရေချဉ်ဖန်နှုန်းကို (၃)ရက်တစ်ကြိမ် တိုင်းတာရန်ရန်နှင့် လိုအပ်ပါက နေ့စဉ်တိုင်းတာပေးသင့် ပါသည်။ - · ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
