cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆီးချိုသမားများအတွက် မိုးရာသီရဲ့ ဓာတ်စာ....”ခဝဲသီး”

. ကျန်းမာရေးဆောင်းပါးများ
ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ ခဝဲသီးလေးက စားလိုက်ရင် အခုလို အကျိုးကျေးဇူး လေးတွေ ရရှိစေနိုင်ပါတယ်။
  • ခဝဲသီးမှာ လူကြိုက်နည်းသော်လည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပါဝင် ပါတယ်။ ထို့အပြင် ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ ခဝဲသီးလေးက စားလိုက်ရင် အခုလို အကျိုးကျေးဇူး လေးတွေ ရရှိစေနိုင်ပါတယ်။  

    သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်တုံ့ပြန်မှုကို ကောင်းစေပါတယ်။ အချိုဓါတ်လေးရှိပေမယ့် သွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်မှု မရှိတာကြောင့် ဆီးချိုရှိ သူတွေနဲ့ အထူးသင့်တော်ပါတယ်။ 

    ခဝဲသီးကို မကြာခဏစားပေးတာကခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို အထိရောက် ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ သွေးသန့်စေပြီး အသည်းကျန်းမာရေးကိုကောင်းစေပါတယ်။ အယ်လ်ကိုဟောကြောင့် အသည်းထိခိုက်တာကို လျှော့ချပေးနိုင်ပါတယ်။ 

    အမျှင်ဓါတ်ကြွယ်ဝမှုက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်မှုကင်းဝေးစေပြီး အစာအိမ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။အသားဝါတာကို သက်သာစေနိုင်တယ် ခဝဲသီးက အသားဝါတာကို သက်သာစေနိုင်တာကြောင့် အသားဝါရောဂါခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။ 

    အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး အဆီပါဝင်မှုနည်းတာကြောင့် ကိုလက်စထရောစားမိနိင်ခြေကိုလည်း သိသိသာသာလျော့ကျစေနိုင်မှာပါ။ ဝိတ်ကျစေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေတာကြောင့် ဝိတ်ကျချင်တဲ့သူတွေစားသုံးဖို့ သင့်တော်ပါတယ်။ 

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဖျားနာမှုကိုကင်းစေတယ်။ ဒါကြောင့် ဖျားနာမှု ကင်းစေပြီး ရောဂါပိုးတွေကနေကာကွယ်ချင်တယ်ဆိုရင်တော့ခဝဲသီးစားပေးပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ သွေးသန့်စေတာကြောင့် ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ထို့အပြင်အစာအိမ်ကိုကျန်းမာစေပြီး ခန္ဓာကိုယ်ကို အင်အား ပြည့်ဝစေနိုင် ပါတယ်။ ထို့ကြောင့် အရသာရှိတဲ့ ခဝဲသီးဟင်းလေးစားပြီး အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။ 

    Hello ဆရာဝန် ဆောင်းပါးမှ ကူးယူဖော်ပြသည်။ 

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
8
comments
1
views
2352
cover
cover
cover
cover
cover