cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာသီစာ ဂွေးချိုသီးလေးစားရင်း ဘယ်လိုအာဟာရတွေရရှိနိုင်သလဲ..

. ကျန်းမာရေးဆောင်းပါးများ
မိုးရာသီအချိန်လေးမှာ ဂွေးချိုသီးလေးကို ဆားလေး ငရုတ်သီးမှုန့်လေးနဲ့ နယ်စားစား၊ ငံပြာရည် ငရုတ်သီးမှုန့်လေးနဲ့ သုပ်စားစား၊ ငပိထောင်းလေးနဲ့ ကော်စားစား စားကောင်းသလို ငပိချက်ချက်စားရင်လည်း စားလို့ ကောင်းတဲ့ ဂွေးချိုသီး ကြိုက်ကြလား ……
  • ဘယ်လိုစားစား ခံတွင်းတွေ့တဲ့ ဂွေးချိုသီးလေးကို စားပေးတာက ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ယခုဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ 

    စားရတာ အရသာရှိပြီး ခံတွင်းလိုက်စေတဲ့ ဂွေးချိုသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ 

    ဂွေးချိုသီးလေးကတော့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာလဲ ရရှိစေနိုင်ပါတယ်။ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ များစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးတာ၊ သွေးပေါင်ကျတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးတွင်းအဆီဓာတ်တွေကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးရဲ့ လုပ်ဆောင်မှုတွေကို ကောင်းစေပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ 

    ဗီတာမင် C ကြွယ်ဝသလို သံဓာတ် ပါဝင်နေမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေသလို သွေးဖြူဥတွေ ထုတ်လုပ်မှုကို ကောင်းစေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် C က သံဓာတ်စုပ်ယူမှု ကောင်းစေပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ 

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်မှုက အစာခြေစနစ်ကို ကျန်းမာစေပြီး လေထိုးတာ၊ လေပွတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေ အက်ဆစ် ထွက်ရှိမှု ကောင်းစေဖို့ ဂွေးချိုသီးက လှုံ့ဆော်ပေးနိုင်ပါတယ်။ 

    ဗီတာမင် A ပါဝင်နေတာကြောင့် ပုံမှန်လေး စားသုံးပေးတာက အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကလေးတွေရော လူကြီးတွေကိုပါ အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှပါ။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာမျိုးကိုလည်း ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။ 

    ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တာကြောင့် အရေပြားကို ကာကွယ်ပေးနိုင်သလို အသားခြောက်တာ၊ ဆိုရီရေးစစ်၊ အနာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်စေနိုင်ပြီး အရေးအကြောင်းတွေကို လျော့ပါးစေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးပါတယ်။ 

    ဂွေးချိုသီးက ချောင်းဆိုး သက်သာစေနိုင်ပါတယ်။ အရွက်ကို လည်း ချောင်းဆိုးပျောက်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ပျားရည်နဲ့ အရွက်ပြုတ်ရည်ကို သောက်ပေးလို့ ရပါတယ်။ 

    သဘာဝ အချိုဓာတ် ပါဝင်နေတာကြောင့် အမောခံနိုင်စေပြီး သက်လုံကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။  

    ကဲ..ချိုချိုချဥ်ချဥ်အရသာလးနဲ့ ဂွေးချိုသီးလေးကို ထောင်းပဲစားစား၊ ငပိချက်လေးပဲချက်စားစား၊ သုပ်ပြီးပဲစားစား...... ကြိုက်နှစ်သက်သလိုစားပြီး အာဟာရဓာတ်လေးတွေရယူလိုက်ကြပါစို့....... 

    Hello ဆရာဝန် ဆောင်းပါးမှ ထုတ်ယူဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
2550
cover
cover
cover
cover
cover