cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစောင်းခါးစားရင် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်တယ်ဆိုတာသိပြီးပြီလား

. ကျန်းမာရေးဆောင်းပါးများ
အခုဆို သဘာ၀ ပိန်ဆေး အနေ နဲ့ တစောင်းခါး ကိုစားနေကြပါပြီ။ သူက သွေးထဲက ကိုလက်စထရောကို ကျစေပါသည်။ အဆီကျပြီး အသားကို ကျစ်စေပါသည်၊ များများစားရင် တုတ်နေသော ခါးလေးသွယ်လျပြီး လှလာမှာပါ။
  • ယုခုလို သြဂုတ်လမှာ တစောင်းခါး တွေ ပေါပေါများများ တွေ့ရပါတယ်။ တစောင်းခါးလေးတွေကို အမြစ်ကိုဖယ် ပင်စည်ကို ရေစင်အောင်ဆေး၊ အပင်လေးတွေ အလော်တော်ဖြတ်၊ စဉ့်နီတုံးပေါ်တင်။ ပြီးရင် ဒါးပြားကြီးကြီးနဲ့ခတ်ပြားပြားလေးဖြစ်အောင် ရိုက်ချရတယ် ၊ အရောင်မည်း မသွားရအောင် ဆားရည်ထဲ ခဏလေးစိမ်ထား ရတာကလည်း ပညာဘဲ ၊ ကြက်သွန်ဖြူနည်းနည်းကို ဆီသပ်ထား နနွင်း နဲ့ အရောင်တင်မှုံ့ သင့်ရုံသုံး ၊ သူနဲ့ အလိုက်ဖက်ဆုံးက ပုဇွန်ခြောက် ဘဲ (ကိုယ့် အကြိုက်ပြောတာနော်) ။ ပုဇွန်ခြောက်လေးကို ညက်ညက်လေးထောင်း၊ ပင်စည်ပြားပြားလေးနဲ့ ၂ ခုကို ရောပြီးကြော်စားလိုက်ရင် အရသာက ချဉ်ခါးသက်သက်လေးမို့ ဆွေမျိုးမေ့လောက်သည်။ ကြိုက်တတ်ရင် အသား တမျိုးမျိုးနဲ့လည်း ရောချက်စားလို့လည်းရသည်။   

    အခုဆို သဘာ၀ ပိန်ဆေး အနေ နဲ့ တစောင်းခါး ကိုစားနေကြပါပြီ။ သူက သွေးထဲက ကိုလက်စထရောကို ကျစေပါသည်။ အဆီကျပြီး အသားကို ကျစ်စေပါသည်၊ များများစားရင် တုတ်နေသော ခါးလေးသွယ်လျပြီး လှလာမှာပါ။  

    ဆေးဖက်၀င်ပုံ  

    တစောင်းခါးက ကိုလက်စထရော ကျစေလို နှလုံးသွေး ကြောကျဉ်းရောဂါကို ကာကွယ်နိုင်သည်။ အမျှင်ဓါတ် fibers ပါသောကြောင့် အသက်အရွယ်ကြောင့် သွေးကြောများမာကြောပြီး ကိုယ်အင်္ဂါကိုက်ခဲနာကျင်သောရောဂါကိုလည်း ကာကွယ်နိုင်သည်။ အဝလွန်သူများတွက် ပိန်ဆေးအဖြစ်စားသုံးနိုင်သည်။ ဆီးချိုရောဂါသည်များ ဆီးချိုကျစေသော စားစရာ အဖြစ်စားနိုင်သည်။ လိပ်ခေါင်းရောဂါ သက်သာစေသည်။ တစောင်းခါးစားသုံးခြင်းဖြင့် ဆာလောင်ခြင်း နှင့် ရေငတ်ခြင်းတို့ကိုတာရှည်ထိမ်းထားနိုင်သည်။ 

    https://www.facebook.com/share/p/1VvHcqqwaC/ 

    ---------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
12
comments
0
views
2449
cover
cover
cover
cover
cover