cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေပြန်ကျသွားရင် ပေါင်းတွေများလာလို့ ပေါင်းသတ်ဆေးသုံးဖို့စဉ်းစားတဲ့အခါ

. ပေါင်းမြက်
ရေပြန်ကျသွားရင် ပေါင်းတွေများလာလို့ ပေါင်းသတ်ဆေးသုံးဖို့စဉ်းစားတဲ့အခါ ဒီအချက်တွေ မမေ့မလျော့ ထည့်တွက်ရမယ်_
  • - ရေမကြီးခင်က ထိရောက်ခဲ့တဲ့ဆေးသည် ရေကြီးပြီးလို့ သုံးတဲ့အခါ ထိရောက်မှုရှိဖို့/မရှိဖို့ မသေချာတာမျိုး (ဒါက မြေအမျိုးအစားအပေါ် တုန့်ပြန်မှုရှိတဲ့ဆေးတွေမှာကြုံရနိုင်တယ်။ အထူးသဖြင့် pH နဲ့ သဲ၊နုန်း၊ မြေစေးပါဝင်မှုအရ စွဲကပ်/စုပ်ယူမှုရှိတဲ့ဆေးများ (Sulfonylurea အုပ်စု)။ ရေကျရင် ကိုယ့်စိုက်ခင်းမြေရဲ့ မြေဆီလွှာ တိုက်စားခံရမှုအခြေအနေကို သေချာလေ့လာပြီးမှ ဒီဆေးတွေကို ရွေးချယ်သင့်/မသင့် ဆုံးဖြတ်ပါ။

    - နောက်တချက် - stress weeds လို့ခေါ်တဲ့ ရေနစ်မြုပ်နေစဉ်မှာ ရှင်သန်ဖို့ကြိုးစားထားတဲ့ ဇီဝကမ္မလုပ်ငန်းစဉ် ပြောင်းလဲ အားသာချက်ရှိတဲ့ပေါင်းမျိုး (ဥပမာ - Cyhalofop သည် ရေမကြီးခင်က ဘဲစာမြက်ကို သေစေသော်လည်း ရေကြီးပြီး ပြန်တက်လာတဲ့ ဘဲစာမြက်ကို Cyhalofop နဲ့ သတ်မရတာမျိုး)။ အများစု ACCase ပေါင်းသတ်ဆေးအုပ်စုတွေနဲ့ stress weeds တွေသတ်ရင် ကြုံရတတ်တဲ့အချက်။

    - နောက်တချက်က အနုဇီဝသက်ရှိအကူအညီနဲ့ ပြိုကွဲနိုင်မှုများတဲ့ glyphosate, Pyrazosulfuron လိုဆေးတွေကို ရေကျပြီးချိန်မှာ မသုံးမိဖို့။ ရေနစ်နေတဲ့အချိန် အောက်စီဂျင်မရှိတဲ့အခြေအနေမှာ အနုဇီဝသက်ရှိတွေ ရှင်သန်မှုထိခိုက်တယ်။ ဦးရေနည်းနေချိန်မှာ ဆေးဖျန်းလိုက်ရင် ဆေးအာနိသင်မရတာအပြင် မြေကိုထိခိုက်ဖို့ အခြေအနေ အားပေးသလိုပိုဖြစ်နိုင်တယ်။

    - နောက်တချက် - 2,4-D, imazethapyr လို မြေကြီးမှာ ကပ်တွယ်နိုင်စွမ်းများပြီး နုန်း၊ မြေစေးမှာ ကြာရှည်တည်မြဲတဲ့ဆေးတွေကို ရေကြီးထားတဲ့ စိုက်ခင်းပေါင်းသတ်ဖို့ မသုံးသင့်ဘူး။ စပါးအပြီး ပဲစိုက်မှ ပဲပင် အပင်ပေါက်မကောင်းတာမျိုး ဖြစ်တတ်တယ်။

    - နောက်တချက် Atrazines - ရေကျပြီး အစိုဓာတ်အရမ်းများနေတုန်း မသုံးရဘူး။ ရေငွေ့နဲ့ အငွေ့ပျံလွယ်ပြီး ရေနစ်ခံထားရလို့ အားနည်းနေတဲ့ သီးနှံပင်ကို ဆေးလောင်ဖို့ အခြေအနေပေးသလိုဖြစ်နိုင်တယ်။

    ရေကြီးထားတဲ့ စိုက်ခင်းမှာ မြေပေါ်တိုက်ရိုက်ဖျန်းရတဲ့ဆေးကို မသုံးသင့်ပါ။ ပေါင်းပင်ပေါ်တိုက်ရိုက်ဖျန်းရမယ့်ဆေးကို အထက်မှာဖော်ပြထားတဲ့အချက်များနဲ့ ချိန်ဆပြီး လိုအပ်မှသာ ပေါင်းသတ်ဆေးသုံးပါ။

    Dr. DaDa

    Ph. D Entomology

    ------------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
15
comments
0
views
3543
cover
cover
cover
cover
cover