cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီမြစ်ရေ ‎နှင့် ချင်းတွင်းမြစ်ရေ သုံးသပ်တင်ပြချက်⛈⛈

. ရာသီဥတု သတင်းများ
လက်ရှိဖြစ်ပေါ်နေတဲ့ ‎မိုးလေဝသအခြေအနေအရ ဧရာဝတီမြစ်ရေ ‎နှင့် ချင်းတွင်းမြစ်ရေ သုံးသပ်တင်ပြချက်
  • #တင်ပြချိန်

    ‎Date_10.8.2025

    ‎Time_19:30 pm ည ၇း၃၀

    ‎လက်ရှိဖြစ်ပေါ်နေတဲ့

    ‎မိုးလေဝသအခြေအနေအရ ဧရာဝတီမြစ်ရေ ‎နှင့် ချင်းတွင်းမြစ်ရေ သုံးသပ်တင်ပြချက်

    ‎‎ဒီကနေ့ နံနက် ပိုင်း မိုးလေဝသ ဂြိလ်တုမှ ပေးပို့သော ပုံများအရ

    ‎မြန်မာနိုင်ငံ အရှေ့ ဘက် တရုတ်ပြည်မကြီးပေါ် ‎မှာဖြစ်ပေါ် စိုက်ဆင်းလျှက်ရှိနေတဲ့လေဖိအားနည်း ဆဲလ် နှင့် အနောက်

    ဘင်္ဂလားဘက်မှ ရွေ့လျားလာတဲ့ လေဖိအားနည်း ဆဲလ် တစ်ခုတို့ဆုံတွေ့ကြရာမှာ ၊လေဖိအားနည်း မြှောင်တန်းတစ်ခုဖြစ်ပေါ်ဖြတ်သန်း လျှက်ရှိနေသည့်အတွက်

    ‎#အထူးသဖြင့်

    ‎မြန်မာပြည် မြောက်ပိုင်း စွန်းဒေသ များနှင့်ဧရာဝတီ မြစ်အထက်ပိုင်း မေခမြစ်နှင့်မလိခ မြစ်ဝှမ်း ဒေသများအပါအဝင် ကချင်ပြည်နယ် တစ်ခုလုံး၊စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့မှာ‎ယခုတင်ပြချိန်မှ နောက် ၃ ရက် အထိ မိုးဆက်တိုက်ရွာသွန်းနိုင်ပြီး ရံဖန်ရံခါ နေရာကွက်၍ မိုးကြီးခြင်းများဆက်လက်ရှိနေနိုင်ကြောင်းတွေ့ရှိရပါတယ်

    ‎#‎ဆိုတော့

    ‎ဧရာဝတီ မြစ်အထက်ပိုင်း မှာ မိုးအားကောင်းမယ်ပေါ့ဗျာ

    ‎မိုးအားကောင်းတော့ ရေပါလာတော့မှာပေါ့

    ‎ရေပါလာတော့ မြစ်ကြီးနား မြစ်ရေဆက်တိုက်

    ‎အတက်ဖက်ကို ဦးတည်လာနိုင်တယ်ပေါ့

    ‎#‎ဒါပေမယ့်

    ‎ဆိုသလောက်ပြောသလောက်ကြီး တော့လည်းမဟုတ်ပြန်ပါဘူးနော်

    ‎ခန့်မှန်းသုံးသပ်ချက်အရတော့ လက်ရှိ ရေအမှတ်အထက် နောက်ထပ် (200)cm မှ (250)cm၆ ပေ မှ ၈ ပေ လောက်တော့ ဖြစ်နိုင်တဲ့အနေအထားတွေ့ရတယ်ပေါ့

    ‎လက်ရှိရေအမှတ်နဲ့ဆိုတော့ မြစ်ကြီးနား မြစ်ရေ‎(850) cm လောက်အထိ တော့ရောက်လာနိုင်တယ်လို့ ပထမ အဆင့်အနေနဲ့သုံးသပ်ထားပါတယ်

    ‎ဒါကမိုးတွင်းကာလ အတွင်း ပုံမှန်အတက်အကျ လောက်မှပဲရှိနေတာဖြစ်တယ် မြစ်ကြီးနား မြို့အတွက်တော့

    ‎စိုးရိမ်ရမယ့်အခြေအနေ တော့မဟုတ်ပါဘူး

    ‎‎ဒါပေမယ့်

    ‎အပေါ်မှာပြောထားတဲ့အတိုင်း တကယ်တော့ ​မြစ်ရေဆိုတာ မိုးလေဝသ ဖြစ်စဥ်ပေါ်မှာ တိုက်ရိုက်ကိုပတ်သတ်ဖြစ်တည်နေတဲ့အရာ

    ‎အဲဒီမှာ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း

    ‎ချင်းတွင်းအထက်ပိုင်းဒေသတွေမှာပါ

    ‎မိုးသည်းထန်လာနိုင်တဲ့အတွက် ချင်းတွင်းမြစ်ရေ ပြန်တက်လာနိုင်ပြီး

    ‎ချင်းတွင်းမြစ်ရိုးတလျှောက် မြို့များအားလုံးမှာ စိုးရိမ်ရေအမှတ်အထက်ကိုကျော်လွန်ရောက်ရှိလာနိုင်ကြောင်းသုံးသပ်ရရှိထားပါတယ်

    ‎အဲဒီမှာ ရာသီဥတု ဖြစ်စဉ်က ဧရာဝတီ မြစ်အထက်ပိုင်း မှာရော ချင်းတွင်း မြစ်အထက်ပိုင်းရော တပြိုင်နက်ထဲ မိုးသည်းထန် စွာရွာခဲ့ရင်တော့

    ‎တကယ်အရေးကြီးတဲ့ နေရာဒေသတွေက

    ‎မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေဖြစ်ပါတယ်

    #ဆိုလိုရင်းက ဒီမှာရောက်လာပြီနော်

    ‎​ပြောရမယ်ဆို မန္တလေး စစ်ကိုင်း ကနေ မြင်းခြံ မြို့နယ်လောက်ကစပြီးပေါ့

    ပခုက္ကူနယ် ဘက်‎ဆို ချင်းတွင်းမြစ်ရေ ပေါင်းဆုံလာမှာဖြစ်လို့

    ‎ပခုက္ကူ

    ‎​ညောင်ဦး

    ‎ချောက်

    ‎ဆိပ်သာ

    ‎ဟင်္သာတ

    ‎ဇလွန် မြို့တွေမှာ စိုးရိမ်ရေအမှတ်ကို နောက်ထပ်တကြိမ် ကျော်လွန်ရောက်ရှိနိုင်ပါကြောင်းတင်ပြလိုပါတယ်

    ‎မကွး ၊မင်းဘူး ၊ ပြည် ၊အောင်လံမြို့များမှာ စိုးရိမ်ရေအမှတ် ကို မရောက်ရှိနိုင်သော်လည်း‎နီးနီးသို့ကပ်လျှက် ရောက်ရှိ နိုင်ပါတယ်လို့သုံးသပ်ရရှိထား ပါတယ်

    ‎👉

    #ဧရာဝတီ မြစ်ရေ မြင့်တက် မှုကို၂၄ နာရီစောင့်ကြည့် တင်ပြပေးနေပါတယ်ခင်ဗျာ

    ‎ထူးခြားမှု ရှိလာလျှင် အချိန်နှင့်တပြေး ညီတင်ပြပေးပါမယ်

    ‎🙏#သဘာဝဘေးအန္တရာယ်အပေါင်း မှ ကင်းဝေးနိုင်ကြပါစေ#🙏

    ‎Source: Sayar NAING LIN HTWE. DMH (Kachin State)

    တောင်သူများ သိရှိနိုင်ရန် ဆရာ့သုံးသပ်ချက်အား ပြန်လည် မျှဝေပေးခြင်းဖြစ်ပါသည်။

    -----------------

    မိုးလေဝသအဖွဲ့ဝင်ရန် -

    https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
7
comments
1
views
3364
cover
cover
cover
cover
cover