အုန်းပင်အား အိမ်သုံးဆား (Sodium Chloride) ကျွေးခြင်း
- အုန်းပင်တွေကို အိမ်သုံးဆားကျွေးသင့်ပါသလား? အုန်းပင်ခြေမှာ ဆားပုံသင့်ပါသလား? - ဒီကိစ္စနဲ့ပက်သက်ရင် အငြင်းပွားစရာတွေ၊ စိတ်ပူစရာတွေ ရှိကြပါတယ်။ - အိမ်သုံးဆားထဲမှာ အဓိကပါဝင်တဲ့ ဆိုဒီယမ် (Na) က အပင်တွေအတွက် မရှိမဖြစ်မဟုတ်တဲ့အပြင် အနှောင့်အယှက်ဖြစ်စေတာကိုး။ - အပင်တွေလိုအပ်တဲ့ အဓိကအာဟာရဓာတ်တွေထဲ ဆိုဒီယမ်မပါပါဘူး။ - ဗဟုသုတအနေနဲ့ပြောရရင် အုန်းပင်လိုမျိုး ဆားငန်ဒဏ်ခံနိုင်ရည်ရှိတဲ့အပင် (ခံနိုင်ရည်ရှိတာပေါ့၊ သူက ပင်လယ်ကမ်းစပ်မှာ ပေါက်လေ့ရှိတာကိုး) တွေမှာတော့ ဆိုဒီယမ်က ကောင်းတဲ့အကျိုးကျေးဇူးတွေကို ပေးပါတယ်။ - ဥပမာ- အပင်ဆဲလ်တွေတောင့်တင်းအောင်၊ ရေနဲ့ အာဟာရစုပ်ယူမှုအဆင်ပြေအောင် ထိန်းသိမ်းပေးပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ချို့တဲ့တဲ့မြေတွေမှာဆိုရင် ပိုတက်ဆီယမ်ရဲ့တာဝန်ကိုယူပြီး အရှေ့ကလုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။ - ဆားငန်မြေနဲ့ မိုးခေါင်တဲ့ဒေသတွေမှာ အပင်အတွင်း ရေခြွေတာ၍ မျှမျှတတဖြစ်စေရန် ဆဲလ်တွေကို ထိန်းချုပ်ပေးပါတယ်။ - ထို့ပြင် ပြောင်းပင်၊ ကြံပင်၊ ဟင်းနုနယ်၊ ဟင်းနုနယ်ဆူးပေါက်၊ ဘာလီပင်၊ မြက်မျိုးရင်းအချို့၊ လမုပင်၊ ကျောက်ဆူးပင်၊ ပင်လယ်ကမ်းခြေရှိအပင်အချို့နဲ့ အခြားဆူးပါသောကန္တရပင်တွေမှာဆိုရင် PEP လို့ခေါ်တဲ့ အဓိကကွန်ပေါင်းတွေကို ထုတ်လုပ်ခြင်းအားဖြင့် အရွက်များ၌အစာချက်ခြင်းကို အားပေးပါတယ်။ - သုတေသနများအရ အုန်းသီးအထွက်နှုန်းနဲ့ အုန်းဆံခြောက်၊ အုန်းဆီအထွက်နှုန်းကိုပါ တိုးစေပါတယ်။ - အုန်းရည်နဲ့ အုန်းနို့ရည်ရဲ့အရသာကို တက်စေပါတယ်။ - အိမ်သုံးဆားမှာပါတဲ့ Chloride (Cl) သည်လည်းပဲ အလင်းမှီအစာချက်ဖို့နဲ့ အင်ဇိုင်းတွေအလုပ်လုပ်ဖို့ မရှိမဖြစ် အရေးပါပါတယ်။ - အထက်မှာရေးခဲ့သလို အုန်းပင်တွေရဲ့ မူရင်းဇာတိဖြစ်တဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ ပင်လယ်ရေဝင်ရောက်မှု၊ ဆားတွေစုပုံလာမှုကြောင့် ဆိုဒီယမ်ရော ကလိုရိုဒ်ရော ကြွယ်ဝလေ့ရှိပါတယ်။ မြေချဥ်ငန်ကိန်း pH က (၆.၀-၇.၅)၊ (၇.၅-၈.၅)နဲ့ (၇.၅-၈.၀) ခန့် ရှိကြပါတယ်။ - အုန်းပင်တွေသည် ဆားငန်ဒဏ်ကို အတန်အသင့်ခံနိုင်ရည်ရှိပါတယ်။ - ထို့ပြင် ထူးဆန်းစွာဖြင့် အိမ်သုံးဆားကို ပမာဏအနည်းငယ် (အနည်းငယ်)ကို လိုအပ်လေ့ရှိပါတယ်။ - ဒါကြောင့်မို့ ကမ်းခြေမဟုတ်ဘဲ ကုန်းတွင်းပိုင်းမှာစိုက်ပျိုးတဲ့ အုန်းခြံတွေမှာ အိမ်သုံးဆားကို ပမာဏနည်းနည်း ထည့်သွင်းကြပါတယ်။ - ထည့်မယ်ဆိုပါက အများကြီးတော့ မထည့်သင့်ပါဘူး။ - အရွယ်ရောက်ပြီးသား အုန်းပင်တစ်ပင်ကို တစ်နှစ်လျှင် (၁-၂) ကီလိုဂရမ်ခန့် ကျွေးနိုင်ပါတယ်။ - (၂)ခါ ခွဲကျွေးသင့်ပါတယ်။ မိုးဦးကျအချိန်နဲ့ မိုးရာသီလွန်မြောက်ပြီး နှစ်လည်အချိန်ပါ။ - အုန်းပင်အခြေမှ (၃)ပေခန့်အကွာ အမြစ်ဇုံတဝိုက်မှာ အိမ်သုံးဆား ကီလိုဝက်ခန့်ကို ဖြန့်ပေးပါ။ - ဆားကို အပင်နဲ့ အမြစ်နုတွေကို တိုက်ရိုက်ထိတွေ့စေခြင်းမှ ရှောင်ကြဥ်ရပါမယ်။ - အိမ်သုံးဆား ထည့်မည်ဆိုပါက ဂရုပြုရမည့်အချက်များ....... - မိုးများသောဒေသများ၌သာ အုန်းပင်များ၌ ဆားကျွေးသင့်ပြီး၊ မိုးနည်းတဲ့ဒေသများ၌ ဆားထည့်ခြင်းကို မပြုလုပ်သင့်ပါ။ - အလွန်အကျွံထည့်သွင်းပါက ဆားငန်မြေဖြစ်၍ အခြားအာဟာရဓာတ်များကို အပင်များမှ မရယူနိုင်တော့ဘဲ စိုက်ပျိုးရေးကို ထိခိုက်နိုင်ပါမယ်။ - မြေဆီလွှာအတွင်း အဏုဇီဝပိုးများပေါက်ပွားမှုကို ထိခိုက်နိုင်ပါမယ်။ - ဆားမထည့်ခင် မြေဆီလွှာကိုစစ်ဆေး၍ ဆိုဒီယမ်နှင့် ကလိုရိုဒ်အလွန်နည်းပါးမှသာ ဆားထည့်ပေးပါ။ - ဆားပေါက်မြေ၊ ဆားငန်မြေမဖြစ်စေရန်အတွက် မြေဆွေးများ၊ အော်ဂဲနစ်မြေဩဇာများကိုပါ ထည့်သွင်းပေးပါ။ - အုန်းပင်အခြေ၌ သစ်ရွက်ခြောက်များ၊ အုန်းလက်များဖြင့်အုံ့ဆိုင်းပေးခြင်းဖြင့် မြေသားအစိုဓာတ်ကို ထိန်းပေးပြီး၊ မြေသားအတွင်း ရေငွေ့ပြန်ခြင်းမှတဆင့် ဆားများမြေပေါ်တက်လာ၍ ဆားပေါက်ခြင်းအား တားဆီးနိုင်မည်ဖြစ်သည်။ - ဂျစ်ပဆန်ကျောက်မှုန့်ထည့်သွင်းပေးခြင်းဖြင့် မြေသားအတွင်းပိုနေသော ဆိုဒီယမ်အား ကယ်လဆီယမ်ဖြင့်ဖယ်ထုတ်၍ မြေဆီဩဇာကို တက်စေနိုင်ပါမယ်။ - နိဂုံးချုပ်အနေနဲ့ ဆားပေါက်တဲ့မြေ၊ ဆားငန်မြေဆိုရင် စိုက်ပျိုးရေးအတွက် မကောင်းတာ အားလုံးသိကြပါတယ်။ - ဆားများတဲ့မြေထဲမှာ အမြစ်တွေက ရေမစုပ်ယူနိုင်လို့ ရေငတ်ပြီး ကြီးထွားမှုရပ်မယ်၊ နောက်ဆုံး အပင်လောင်ပြီးသေသွားနိုင်တယ်။ - အပင်တစ်သျှူးတွေထဲ ဆိုဒီယမ်တွေများနေရင် ဆဲလ်နံရံတွေပျက်စီးပြီး အရွက်လောင်မယ်၊ ရောင်မညီကွက်ကျားတွေ ဖြစ်ပါတယ်။ - ဆိုဒီယမ်က ပိုတက်ဆီယမ်၊ ထုံးဓာတ်နဲ့ မဂ္ဂနီဆီယမ်ကဲ့သို့ အခြားဓာတ်တွေကို အပင်တွေထဲအလုပ်မလုပ်နိုင်အောင် အနှောင့်အယှက်ပေးလို့၊ အပင်တွေ၌ အဆိုပါဓာတ်တွေ ချို့တဲ့လာပါတယ်။ - မြေကြီးထဲမှာလည်း ထုံးဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ကို ဖယ်ထုတ်လိုက်တာကြောင့် မြေသားပုံစံကို ပျက်စီးစေတယ်၊ မြေသားအတွက်လေဝင်လေထွက်နည်းစေတယ်၊ အမြစ်ဖွံ့ဖြိုးမှုကို နည်းစေပါတယ်။ - အုန်းပင်စိုက်ပျိုးဖို့ အကောင်းဆုံး မြေချဥ်ငန်ကိန်း pH က (၆.၀-၇.၅) ခန့် ဖြစ်တာမို့၊ မြေအရမ်းငန်နေရင်လဲ အုန်းပင်မဖြစ်ထွန်းပါဘူး။ - ဒါကြောင့် အိမ်သုံးဆားကို မကျွေးသင့်ပါဘူး။ မြေဆီလွှာထဲ မထည့်သင့်ပါဘူး။ - အုန်းပင်တွေသည် ဆိုဒီယမ်ဆားမထည့်လဲ ရှင်သန်ကြီးထွားနိုင်ပါတယ်။ - သုတေသနများအရ အခြားလိုအပ်တဲ့ အဓိကနဲ့ အနည်းလိုအာဟာရဓာတ်များပါဝင်သော မြေဩဇာတွေကို စနစ်တကျကျွေးမည်ဆိုရင် အိမ်သုံးဆားမထည့်ပေးလဲ အုန်းပင်ပုံမှန်ဖွံ့ဖြိုး၍ အုန်းသီးနဲ့ အုန်းဆီအထွက်နှုန်းကောင်းမှာ သေချာပါတယ်ခင်ဗျာ။ - ဒေါက်တာဝဏ္ဏထွန်း - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
