cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြောင်းစိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
ပြောင်းပင်သည် သက်တမ်း (၁၁၀-၁၂၀) ရက်တွင် ရင့်မှည့်သော်လည်း မျိုး၊ စိုက်ခင်းအနေအထား၊ ရာသီဥတုအပေါ်မူတည်၍ အနည်းငယ် ကွာခြားနိုင်ပါ သည်။ စံမြိတ်ထွက်ပြီး ရက် (၃၀) ခန့်တွင် ပြောင်းပင် ကောင်းစွာရင့်မှည့်ပါသည်။
    • မြေပြုပြင်ခြင်း 
    • စိုက်ခင်းမြေသည် ကောင်းစွာထယ်ရေးနက်နက် (၉ လက်မခန့်) နှင့်ထွန်ရေး (၂-၃ ကြိမ်) မောင်းထားရန်လိုအပ်ပါသည်။ အစိုဓါတ်ထိန်းသိမ်းနိုင်ရန် နောက်ဆုံး မြေညှိ ကြမ်းတုံးရိုက်ပြီးမှသာ စိုက်တန်းများဆွဲပါ။ 
    • စိုက်ပျိုးခြင်း 
    • ထောက်ပံ့ပေးထားသောမျိုးအတွက် မျိုးစေ့နှုန်း တစ်ဧကလျှင် ၅ ကီလိုခန့်အသုံးပြုပါ။ 
    • ပင်ကြား တန်းကြား (၁x၂) ပေ တွင် ပြောင်းပင်သည် ကောင်းစွာဖြစ်ထွန်းပါသည်။  
    • မျိုးစေ့ကို (၂ – ၂.၅) လက်မအနက်ခန့်တွင် တနေရာ ၁-၂ စေ့ခန့်သာမျိုးစေ့ချ စိုက် ပျိုးပါ။ 
    • မျိုးစေ့ချပြီး (၇) ရက်ခန့်တွင် ပင်ပျောက်/ ပင်သေ/ နေရာလွတ်များကို ချက်ချင်း ပြန်ဖာပါ။ မျိုးစေ့ချပြီး (၁၄) ရက်ခန့်တွင် အသန်ဆုံးတစ်ပင်သာ ချိန်ထားပါ။ 

    မြေဩဇာအသုံးပြုခြင်း 

    • သဘာဝမြေဩဇာများ၊ မြေဆွေးများသည် မြေဆီလွှာဂုဏ်သတ္တိများကို ပိုမို ကောင်းမွန်စေသောကြောင့် ဓါတ်မြေဩဇာများနှင့်အတူ ပေါင်းစပ် အသုံးပြု ရပါမည်။ 
    • မြေပြင်ချိန်တွင် ကောင်းစွာဆွေးမြေ့သောမြေဆွေး၊ သဘာဝမြေဩဇာများကို (၁၀-၁၅) လှည်းခန့် ထည့်ပေးသင့်ပါသည်။ 
    • မြေခဲအဖြစ် ယူရီးယား (N) (၂၅ ကီလို) + တီစူပါ(P) (၅၀ ကီလို တစ်အိတ်)+ ပိုတက်ရှ် (K) (၂၅ ကီလို) ထည့်ပေးရပါမည်။ 
    • ထို့နောက် မျိုးစေ့ချပြီး ၂၀-၂၅ ရက်သား၊ ကြားပေါင်းလိုက်ချိန်တွင် တစ်ဧက တွင် ယူရီးယား (N) (၂၅ ကီလို) + ပိုတက်ရှ် (K) (၂၅ ကီလို)၊ 
    • မျိုးစေ့ချပြီး ၃၅-၄၀ ရက်သားခန့် မြေဆွ ဘောင်တင်/ ပုခုံးသားတင်ချိန်တွင် တစ်ဧကလျှင် ယူရီးယား (N) (၂၅ ကီလို) + ပိုတက်ရှ် (K) (၁၂.၅ ကီလို) ထည့်ပေးရပါမည်။  

    ရေသွင်း/ရေထုတ်စီမံခြင်း 

    • ပြောင်းပင်သည် အပင်ငယ်စဉ် ခြောက်သွေ့ဒဏ်ကိုမခံနိုင်ဘဲ အလွယ်တကူ ညှိုးတတ်သော်လည်း အပင်ကြီးလာပါက ရေပြတ်လတ်မှု အတော်အသင့်အထိ ခံနိုင်ရည်ရှိပါသည်။ 
    • ထို့ကြောင့် အပင်ငယ်စဉ်တွင် မြေဆီလွှာ အစိုဓါတ်ကောင်းစွာရှိရန် လိုအပ်ပါသည်။ 
    • စိုက်ခင်း၊ ရာသီဥတု အခြေအနေများပေါ်မူတည်၍ လိုအပ်ပါက ပန်းပွင့်ချိန်နှင့် အဖူးတည်ချိန်တွင် စိုက်ကြောင်းမှတဆင့် ရေသွင်းပေးနိုင်ပါသည်။  

    ပေါင်းမြက်နှိမ်နင်းခြင်း 

    • ပြောင်းစိုက်ခင်းသည် ပေါင်းမြက်စေ့များ၊ သီးနှံအကြွင်းအကျန်များ ကင်းရှင်း နေရပါမည်။ 
    • ပျိုးပင်အဆင့်မှ ရက်ပေါင်း (၃၀) (အပင်ငယ်စဉ်အဆင့်များ) တွင် ပေါင်းကင်း ရှင်းခြင်းသည် အပင်ဖြစ်ထွန်းမှုနှင့် အထွက်နှုန်းအတွက် အရေးကြီးပါသည်။ 
    • မြေဩဇာမကျွေးမီ ပေါင်းရှင်းလင်းရေး လုပ်ဆောင်ပါ။ ပေါင်းသတ်ဆေးများကို အဓိကအားမထားဘဲ လက်ပေါင်းလိုက်ခြင်းအပြင် .. အခြားသင့်တော်သော နည်းမျိုးစုံ အသုံးပြုသင့်ပါသည်။ 
    • ပြောင်းကို ပဲမျိုးရင်းဝင်အပင်များ (ဥပမာ-ပဲလွန်း)တို့ဖြင့် ကြားညှပ်စိုက်ပျိုးပါက ပေါင်းပေါက်ရောက်မှုလည်း သက်သာသလို ဖောငမြောင်တောင် ကျရောက်မှု လည်း လျော့နည်းပါသည်။ 

    ရိတ်သိမ်းခြင်း 

    • ပြောင်းပင်သည် သက်တမ်း (၁၁၀-၁၂၀) ရက်တွင် ရင့်မှည့်သော်လည်း မျိုး၊ စိုက်ခင်းအနေအထား၊ ရာသီဥတုအပေါ်မူတည်၍ အနည်းငယ် ကွာခြားနိုင်ပါ သည်။ စံမြိတ်ထွက်ပြီး ရက် (၃၀) ခန့်တွင် ပြောင်းပင် ကောင်းစွာရင့်မှည့်ပါသည်။ 
    • ပြောင်းသီးနှံတွင် ပြောင်းရွက်များ ၈၀-၉၀ % ခန့် ခြောက်သွေ့ သောအခါ (သို့မဟုတ်) ပြောင်းစေ့ထိပ်တွင် အမည်းရောင်အမှတ်ကို သိသာစွာ မြင်ရပါက ရိတ်သိမ်းရန် အကောင်းဆုံး ဖြစ်ပါသည်။  
    • ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စားနပ်ရိက္ခာအဖွဲ့ (FAO Myanmar ) မှကူးယူဖော်ပြအပ်ပါသည်။ 

    ✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
likes
13
comments
0
views
2562
cover
cover
cover
cover
cover