cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာသီစာမှိုပေါချိန်မှာ သတိထားရမည့် မှိုအဆိပ်သင့်ခြင်းအကြောင်းအရာများ

. ကျန်းမာရေးဆောင်းပါးများ
ပထမအဆင့်အနေဖြင့် စားပြီး ၂၄ နာရီအတွင်း ဗိုက်အောင့်ဗိုက်နာတာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ ဝမ်းပျက် ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေ စပြလာမှာပါ။
  • မှို ရဲ့ နူးညံ့ပြီး ချိုတဲ့အရသာက လူကိုစွဲလမ်းစေပါတယ်။ စျေးကွက်ထဲတွင် အတွေ့များသော ကောက်ရိုးမှို၊ အပ်မှိုတို့အပြင် နိုင်ငံခြားဖြစ်မှိုအမျိုးအစားတွေကိုလည်း စျေးကြီးပေး ဝယ်စားတတ် ကြပါတယ်။ ၎င်းမှိုများမှာ စားသုံးလို့ရသော မှိုအမျိုးအစားများဖြစ်သည့်အတွက် အသက်အန္တရာယ် ဖြစ်စေနိုင်မှုနည်းသည့်အတွက် ဘေးကင်းပါတယ်။ သို့ပေမယ့် နှစ်စဥ် မိုးရာသီ မှိုပေါချိန်သို့ရောက်ပါက မှို အစားမှားလို့ ဒုက္ခရောက်သူတွေ ရှိနေပါသေးတယ်။ 

    မိမိတို့အိမ်နားတဝိုက်မှာ ပေါက်တာဖြစ်ဖြစ်၊ ခရီးသွားရင်းလမ်းမှာတွေ့တာဖြစ်ဖြစ်၊ တောထဲမှာ တွေ့တာဖြစ်ဖြစ် ကိုယ်မသိတဲ့ မှိုအမျိုးအစားတွေကို မစားသုံးမိစေရန် အရေးကြီးပါတယ်။ အဆိပ်အတောက်ရှိလို့ မစားသင့်တဲ့ မှိုတွေကို စားလိုက်မိတယ်ဆို ဒုက္ခရောက်ရပါလိမ့်မယ်။ မှိုဟင်းတစ်ခွက်ကလည်း ကိုယ့်အတွက် နောက်ဆုံးထမင်းတစ်နပ် ဖြစ်သွားနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးကြတာပါ။ 

    အဆိပ်အတောက်ရှိတဲ့ မှိုတွေကို စားမိရင် ဖြစ်လာနိုင်တဲ့အဆိပ်သင့်ခြင်းက အဆင့်သုံးဆင့် ရှိပါတယ်။ 

    • ပထမအဆင့်အနေဖြင့် စားပြီး ၂၄ နာရီအတွင်း ဗိုက်အောင့်ဗိုက်နာတာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ ဝမ်းပျက် ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေ စပြလာမှာပါ။ 
    • ထို့နောက် အထက်ဖော်ပြပါ လက္ခဏာများ ခတ္တခဏငြိမ်သွားတာကို အကုန်သက်သာသွားပြီလို့ မှားယွင်းထင်မှတ်စေတဲ့ အဆင့်ပါ။ 
    • စားပြီး ၄၈ နာရီလောက် အကြာ နောက်ဆုံးအဆင့်မှာတော့ အသည်း စတင်ပျက်စီးစေပြီး ကိုယ်တွင်းအင်္ဂါများစွာ ပျက်စီးရတာ၊ အသက်ဆုံးရှုံးရတာတွေအထိ ဖြစ်သွားနိုင်ပါတယ်။ အဆိပ်သင့်မှု အတိုင်းအတာဟာ မှို ရဲ့ အဆိပ် ပြင်းထန်မှု၊ စားသုံးလိုက်တဲ့ ပမာဏ တို့ကိုလည်း မူတည်ပြီး ကွာခြားနိုင်ပါတယ်။ 

    သတိထားရမယ့် နောက်တစ်ချက်က စားနေကျ မှို အမျိုးအစားကိုပဲ ရက်လွန်ပျက်စီးနေတာတွေ စားမိရင်လည်း အစာအဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။ 

    မှိုအဆိပ်သင့်တဲ့အခါ အများအားဖြင့် ဖြစ်လာတတ်တဲ့ လက္ခဏာများမှာ – 

    • ဗိုက်နာ၊ ဗိုက်အောင့်ခြင်း 
    • ချွေးစေးတွေ ပြန်ခြင်း၊ 
    • မအီမသာ၊ ပျို့အန်ခြင်း၊ 
    • ဝမ်းလျှောခြင်း၊ 
    • အဖျားတက်ခြင်း၊ 
    • သတိလစ် မေ့မြောခြင်း၊ 
    • ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ 
    • အမြင်အာရုံ ဝေဝါး လာခြင်း၊ 
    • အာရုံ ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ 
    • အသက်ရှူရခက်လာခြင်း၊ 
    • ရေ တအားငတ်လာခြင်း တွေ ပါဝင်ပါတယ်။ 

    မှိုအဆိပ်သင့်မှု အများစုက အသက်အန္တရာယ်ဆုံးရှုံနိုင်သည်အထိ မဖြစ်တတ်ပေမယ့်လည်း ကုသမှုတော့ လိုအပ်ပါတယ်။ အိမ်တွင်းကုထုံးတွေနဲ့ ကြိတ်ကုသလို့ မရပါဘူး။ အသည်းကို ထိခိုက်နေပြီဆိုတာ စားသုံးသူကိုယ်တိုင်သတိမထားမိဘဲ ခဏတာသက်သာသွားပေမယ့် နောက်ဆက်တွဲ ပြဿနာတွေ ပိုဆိုးလာနိုင်ပါတယ်။ ထို့ကြောင့် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံး သွားရောက် ကုသရန်လိုအပ်သဖြင့် မှိုအဆိပ်သင့် လူနာကို ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ရောက်အောင် ပို့ပေးရန်လိုအပ်ပါသည်။ 

    မှိုတွေက အရသာရှိတာ မှန်ပေမယ့် စျေးကွက်ထဲ တရားဝင် ရောင်းချတဲ့ မှိုတွေက လွဲပြီး အမျိုးအစား မသိတဲ့မှို၊ စားနေကျ မဟုတ်တဲ့ မှို၊ ဟိုနားဒီနား ပေါက်လာတဲ့မှို တွေကို လုံးဝ မစားသင့်ပါဘူးနော်။ မှိုခြေကျင်းတို့၊ မှို‌အောက်ခြေမှာ ခွက်လေးတွေ ပါနေတာတို့၊ အရောင်ဆန်းဆန်း မှိုလေးတွေ၊ ဖိချေလိုက်လို့ အရောင်ပြောင်းသွားတဲ့ မှိုလေးတွေက အဆိပ်ရှိတတ်တာများလို့ မစားသင့်ပါဘူး။ ဒီအချက်တွေအပြင် တခြားနည်းလမ်းဖြင့် အဆိပ်ဖြစ်စေနိုင်တဲ့ မှိုများ ရှိနိုင်သောကြောင့် မိမိစားသုံးနေကျ မှိုမဟုတ်ပါက မစားသုံးသင့်ပါ။ အစားတလုတ်ကြောင့် အသက်မဆုံးရှုံးရစေဖို့ ယခုဆောင်းပါးလေးနဲ့ သတိပေးလိုက်ပါတယ်။ 

    Hello ဆရာဝန် ကျန်းမာရေးဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
9
comments
1
views
3180
cover
cover
cover
cover
cover