ဒိန်ချဉ် ကိုယ်တိုင်ပြုလုပ်နည်း
- လိုအပ်သည့်ပစ္စည်းများ- နွားနို့ (၁) လီတာ- မြေအိုး ပြုလုပ်နည်း (အဆင့် - ၁)မြေအိုးသန့်သန့်တစ်လုံးကို ရေပြောင်အောင်ဆေး၍ အခြောက်ခံပါ။ အိုးထဲသို့ ကျိုထားပြီးသားနွားနို့ ထမင်းစားဇွန်း (၂-၃) ဇွန်းခန့်ထည့်ပြီး အဖုံးအုပ်ကာ နေရောင်အောက်တွင် နေ့တပိုင်းခန့်ထားပေးပါ။အိုးတွင်းမှ နို့များ ခဲလာပြီး ဒိန်ချဉ်နံ့ထွက်လာပါက ဒိန်ချဉ်ပြုလုပ်ရန် အသင့်ဖြစ်ပါပြီ။ (ဆိုင်ကဝယ်လာတဲ့ ဒိန်ချဉ်ကိုလည်းအသုံးပြုနိုင်ပါသည်) - ပြုလုပ်နည်း (အဆင့် - ၂)ဒိန်ချဉ်ပြုလုပ်မည့် နွားနို့ကို အိုးသန့်သန့်တွင်ထည့်၍ ၁၀ မိနစ်ခန့် ဆူပွက်အောင် ကျိုပေးပါ။ဆူပွက်နေသောနို့ကို အနွေးဓါတ်ရှိရုံအနေအထားထိ အအေးခံထားပါ။ - အအေးခံပြီးပါက အဆင့် (၁) တွင် ပြုလုပ်ထားသော ဒိန်ချဉ် (၂-၃) ဇွန်းကို မြေအိုးထဲသို့ထည့်ပါ။ အခဲများကြေအောင် ခြေပေးပါ။ပြီးနောက် အိုးထဲသို့ အအေးခံထားသော နွားနို့လောင်းထည့်ပါ။ အနည်းငယ် သမအောင်မွေပေးပြီးပါက အဖုံးကို ပိတ်စပါးပါးဖြင့် ပိတ်ထားပေးပါ။ - **သတိပြုရန်မှာ အိုးကို နေရာရွှေ့ခြင်း၊ လှုပ်ခြင်း ပြုလုပ်မိပါက နို့ကွဲတတ်သဖြင့် မပြုလုပ်မိရန်ဖြစ်သည်။ပုံမှန်ပူနွေးသော အခန်းတွင် ၆ နာရီခန့်ထားပါက ဒိန်ချဉ်ကို စတင်စားသုံးနိုင်ပြီဖြစ်ပါသည်။ ပြုလုပ်ထားသော ဒိန်ချဉ်များကို ရေခဲသေတ္တာတွင် သိမ်းဆည်းထားနိုင်ပါသည်။** - --------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
