cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထူးခြားမိုးလေဝသအခြေအနေများ 💦💦

. ရာသီဥတု သတင်းများ
ဩဂုတ်လ ၂၈ ရက် မှ စက်တင်ဘာလ ၂ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေများ
  • ===== 

    🔸 တောင်တရုတ်ပင်လယ်မှာ INVEST-93W နှင့် ဘင်္ဂလားပင်လယ်အော်-အနောက်အလယ်ပိုင်းမှာ INVEST-96B ၂ ခု ဩဂုတ်လ ၂၇ ရက်နေ့မှာ တပြိုင်နက်ဖြစ်ပေါ်နေပြီး - 

    🔸 ဘင်္ဂလားပင်လယ်အော်မှ INVEST-96B သည် အိန္ဒိယမိုးလေဝသဌာန(IMD)မှသတ်မှတ်ချက်အရ Well-Mardked LPA - လေဖိအားနည်းဖြစ်ကြောင်းဖေါ်ပြထားပြီး၊ 

    🔸 တောင်တရုတ်ပင်လယ်မှ INVEST-93W မှာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်လာရန် LOW အဆင့်မှာရှိနေကြောင်း - အနောက်ဘက် ဗီယက်နမ်ကမ်းရိုးတန်းအလယ်ပိုင်းသို့ဦးတည်ရွေ့လျားလျှက်ရှိကြောင်း JTWC မှ ထုတ်ပြန်ထားပါတယ်။ 

    🔸 ကြိုတင်ခန့်မှန်းရေး model များ၏ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်မှ 96B နှင့် တောင်တရုတ်ပင်လယ်မှ 93W ၂ ခုစလုံး မုန်တိုင်းအဆင့်သို့ ရောက်နိုင်ချေမရှိပဲ ကုန်းတွင်းလေပွေလှိုင်းများအဆင့်အထိသာရောက်နိုင်ကြောင်း တွေ့ရပါတယ်။ 

    🔸 တောင်တရုတ်ပင်လယ်မှ INVEST-93W သည် ဗီယက်နမ်ကမ်းခြေ၊ လာအိုနိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့အထိဖြတ်သန်းရွေ့လျားနိုင်ပြီး ကုန်းတွင်း၌ လေပွေလှိုင်းအဖြစ်အားလျော့သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

    🔸 အနောက်ဘက်မှ 96B အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အနောက်တောင်မုတ်သုံလေအားကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှ မုတ်သုံလေအားအသင့်အတင့်သာရှိနိုင်ပါမယ်။ 

    အရှေ့ဘက်မှ လေပွေလှိုင်း(93W)နှင့် အနောက်ဘက်မှ 96B တို့၏ သက်ရောက်မှုကြောင့် - 

    💦 ဩဂုတ်လ ၃၀ ရက် ည ၉ နာရီမှ စက်တင်ဘာလ ၂ ရက်(၇၂ နာရီအတွင်း) တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်(၇၂ နာရီမိုးရေချိန် ၅ လက်မ အထက် - ၈ လက်မခန့်အထိ ရွာသွန်းရရှိနိုင်)ပြီး၊ 

    💦 ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်(၇၂ နာရီအတွင်း မိုးရေချိန် ၃ လက်မ မှ ၄ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ 

    (ဩဂုတ် ၂၇ ရက် ည ၇ နာရီချိန် သုံးသပ်ချက်) 

    Source: U Win Naing 

    မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 


  • article
likes
6
comments
0
views
4028
cover
cover
cover
cover
cover