cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း ဩဂုတ်လ ၂၈ ရက် မှ စက်တင်ဘာ်လ ၃ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်း ၁ ခုလုံးအတွက် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မဝန်းကျင်ခန့်ရှိနိုင်ပါမယ်။ စက်တင်ဘာလ ၁ ရက် မှ ၅ ရက်အတွင်းမိုးရွာသွန်းခြင်း အနည်းငယ်ပိုလာနိုင်ပြီး နေ့စဉ် ၂၄ နာရီအတွင်း ပျမ်းမျှမိုးရေချိန်၀.၆ လက်မခန့် ရွာသွန်းရရှိနိုင်ပါတယ်။
  • ဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ 

    တောင်တရုတ်ပင်လယ်မှာ INVEST-93W နှင့် ဘင်္ဂလားပင်လယ်အော်-အနောက်အလယ်ပိုင်းမှာ INVEST-96B ၂ ခု ဩဂုတ်လ ၂၇ ရက်နေ့မှာ တပြိုင်နက်ဖြစ်ပေါ်နေပြီး၊ ကြိုတင်ခန့်မှန်းရေး model များ၏ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်မှ 96B နှင့် တောင်တရုတ်ပင်လယ်မှ 93W ၂ ခုစလုံး မုန်တိုင်းအဆင့်သို ရောက်နိုင်ချေမရှိပဲ ကုန်းတွင်းလေပွေလှိုင်းများအဆင့်အထိသာရောက်နိုင်ကြောင်း တွေ့ရပါတယ်။ တောင်တရုတ်ပင်လယ်မှ INVEST-93W သည် ဗီယက်နမ်ကမ်းခြေ၊ လာအိုနိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတိုအထိဖြတ်သန်းရွေ့လျားနိုင်ပြီး ကုန်းတွင်း၌ လေပွေလှိုင်းအဖြစ်အားလျော့သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

    အရှေ့ဘက်မှ လေပွေလှိုင်း(93W)နှင့် အနောက်ဘက်မှ 96B တို့၏ သက်ရောက်မှုကြောင့် - ဩဂုတ်လ ၃၀ ရက် ည ၉ နာရီမှ စက်တင်ဘာလ ၂ ရက်(၇၂ နာရီအတွင်း) တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်(၇၂ နာရီမိုးရေချိန် ၅ လက်မ အထက် - ၈ လက်မခန့်အထိ ရွာသွန်းရရှိနိုင်)ပြီး၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်တိုတွင် မိုးအသင့်အတင့်(၇၂ နာရီအတွင်း မိုးရေချိန် ၃ လက်မ မှ ၄ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ 

    ဧရာဝတီတိုင်းအတွင်း ဩဂုတ် ၂၈ ရက် မှ စက်တင်ဘာ ၃ ရက်အထိ ၇ ရက်အတွင်ရွာသွန်းရရရှိနိုင်သည့် မိုးရေချိန် 

    ·          မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှဒေသများတွင် မိုးရချိန်ရရှိမှုပိုမိုပြီး၊ ငါးသိုင်းချောင်းနှင့်ဇလွန်မြို့အထက်၊ ဧရာဝတီတိုင်းမြောက်ပိုင်းတွင် မိုးရေချိန်ရရှိမှုနည်းပြီး၊ 

    ·          ဧရာဝတီတိုင်း ၁ ခုလုံးအတွက် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မဝန်းကျင်ခန့်ရှိနိုင်ပါမယ်။ 

    ·          စက်တင်ဘာလ ၁ ရက် မှ ၅ ရက်အတွင်းမိုးရွာသွန်းခြင်း အနည်းငယ်ပိုလာနိုင်ပြီး နေ့စဉ် ၂၄ နာရီအတွင်း ပျမ်းမျှမိုးရေချိန်၀.၆ လက်မခန့် ရွာသွန်းရရှိနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပါမယ်၊ တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၇၀% မှ ၉၀% အတွင်း ပြောင်းလဲမှုရှိနိုင်ပါတယ်၊ 

    ·          လေထုစိုထိုင်းဆမြင့်မားချိန် ဧရာဝတီတိုင်းအထက်ပိုင်း၌ ခံစားရသည့်အပူချိန်(Apparent Temperature)၃၉°C အထိရှိနေနိုင်ပါမယ်။ 

    လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value) ၂၅ ရှိတာကြောင့် အန္တရာယ်မရှိပါ။ 

    ပင်လယ်ပြင်အခြေအနေ 

    ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ ၂၅ မိုင်နှုန်းခန့်ရှိနိုင်ပြီး လှိုင်းအမြင့် ၄ ပေ မှ ၆ ပေခန့်အထိရှိနိုင်ပါတယ်၊ ငါးဖမ်းလှေငယ်များ ရေမိုင် ၅ မိုင်အပြင်ဘက် ပင်လယ်ပြင်သို့ထွက်ရန်မသင့်လျှော်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမိုးစပါးစိုက်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • ရေထုတ်ရန်ခက်ခဲသောစပါးခင်းများ၊ အပူချိန် ၂၈-၃၂ ဒီဂရီနှင့် စိုထိုင်းဆ ၁၀၀% ရှိသောအခြေအနေတွင် အဓိကဖြစ်ပွားတတ်သည်။ 
    • ပင်ပွားစီးချိန်မှ အနှံထွက်ချိန်အတွင်းကျရောက်တတ်ပြီး ရောဂါလက္ခဏာအနေဖြင့် ရေမျက်နှာပြင်နှင့်ထိစပ်နေသော ရွက်ဖုံးနေရာတွင် မီးခိုးရောင်အလယ်ဗဟိုနှင့် အညိုရောင် အနားသတ်အကွက်များကို အဓိကတွေ့ရတတ်သည်။ 
    • စပါးရွက်ဖုံးခြောက်ကျရောက်ပါက နိုက်ထရိုဂျင်ပုလဲမြေဩဇာ အလွန်အကျွံမထည့်ပါနဲ့၊ အကြိမ်ရေခွဲထည့်ပေးပါ။ 
    • ပိုတက်ရှ် (K)မြေဩဇာ ကိုအဓိကထည့်ပေးပါ။ 
    • အပင်ဦးရေစိပ်စိပ်စိုက်ခြင်းရှောင်ပါ။ 
    • ပေါင်းမြက်၊ ပင်ကြွင်းပင်ကျန်သေချာရှင်းပါ။ 
    • အသုံးပြုနိုင်သော ဓာတုမှိုသတ်ဆေးများ - Chlorothalonil, Hexaconazole (ရောဂါစတင်ချိန်), Propiconazole, Validamycin 

    ငါးအစာကျွေးခြင်းဆိုင်ရာ အကြံပြုချက် 

    ငါးမွေးမြူ ရေးလုပ်ငန်းအတွက် ကန်ရေအပူချိန်သည် 25°C မှ 32°C အတွင်း (စံ)ထားသော်လည်း ၊ ကန်ရေအပူချိန် ( 27°C , 28°C, 29°C, 30°C ) အနေအထားမျိုးတွင် အစာစားနှုန်း ကောင်းမွန်ကြပါသည်။ 

    ထို့ကြောင့် ငါးမွေးကန်တခု၏ မနက်ပိုင်း အပူချိန်နှင့် ညနေပိုင်း အပူချိန်တွင် ညနေပိုင်းတွင် ကန်ရေအပူချိန်မြင့်တက်နေသဖြင့် အစာကို ညနေပိုင်းတွင် ပိုမိုစားသုံးကြပါသည်။ 

    ဖြည့်စွက်စာကို တွက်ချက်ကျွေရာတွင် ဥပမာ တနေ့လျှင် (၁)ပိဿာကျွေးရမည်ဆိုပါက ၊မနက်ပိုင်း ၄၀ကျပ်သား နှင့် ညနေပိုင်းတွင် ၆၀ ကျပ်သားကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ 

    ကန်ရေအပူချိန်သည် (စံ)သတ်မှတ်ချက် အတွင်း မရှိပါက အစာမ‌ကျွေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထို့အတူ မိုးရွာနေသောအချိန်တွင်လည်း အစာကျွေးခြင်းကို မပြုလုပ်ရန် အကြံပြုအပ်ပါသည်။  

    မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။  


  • article
likes
1
comments
0
views
3613
cover
cover
cover
cover
cover