မန္တလေးတိုင်း ဩဂုတ်လ ၂၉ ရက် မှ စက်တင်ဘာလ ၄ ရက်အထိ မိုးလေဝသအခြေအနေ
- ဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ - · ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းမှ စတင်၍ Depression Twenty(20W)သည် အပူပိုင်းမုန်တိုင်း(Tropical Storm - TS 20W) ဖြစ်လာနိုင်မည်(JTWC) - · အပူပိုင်းမုန်တိုင်းဖြစ်လာပြီး၊ ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက် - အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားကာ မုန်တိုင်းအကြွင်းအကျန်များသည် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်မှတဆင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်မြောက်ပိုင်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတောင်ဘက်နှင့် မကွေးတိုင်းအထိ ဆက်လက်ရွေ့လျားဝင်ရောက်လာနိုင်သည်။ (ECMWF and ICON Model ကြိုတင်ခန့်မှန်း) (ပုံ-၁ နှင့် ပုံ ၂ တွင် ကြည့်ပါ) - ပြည်နယ်တိုင်းဒေသများအလိုက် မိုးရေချိန်ရရှိနိုင်သည့်အခြေအနေ - - · ဩဂုတ်လ ၃၁ ရက် နေ့လည် ၁၂ နာရီ မှ စက်တင်ဘာလ ၁ ရက် နေ့လည် ၁၂ နာရီအထိ - ၂၄ နာရီ မိုးရေချိန်သည် ပဲခူးတိုင်းအရှေ့ပိုင်း၊ နေပြည်တော်(မန္တလေးတိုင်းတောင်ပိုင်း)နှင့် မကွေးတိုင်းတောင်ပိုင်းဒေသများတွင် မိုးများ/မိုးအလွန်များနိုင်သည်။ (ပုံ-၃ တွင် ကြည့်ပါ) - · မန္တလေးတိုင်းအလယ်ပိုင်း(မန္တလေးမြို့တောင်ဘက်)၊ မကွေးတိုင်းအလယ်ပိုင်း(နတ်မောက်၊ ရေနံချောင်း)၊ ရှမ်းပြည်နယ်တောင်ပိုင်း(တောင်ကြီးမြို့အောက်ဘက်)၊ ကယားပြည်နယ်တခုလုံး တွင် မိုးအသင့်အတင့်မှ မိုးများနိုင်သည်။ - · ကျန်ပြည်နယ်နှင့်တိုင်းများ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်သည်။ - မန္တလေးတိုင်းအတွင်း ဩဂုတ် ၂၉ ရက် မှ စက်တင်ဘာ ၄ ရက်အထိ ၇ ရက်အတွင်းရွာသွန်းရရရှိနိုင်သည့် မိုးရေချိန် - မန္တလေးတိုင်းတောင်ဘက်(ကျောက်ဆည်မြို့တောင်ဘက်)ဒေသများမှာ ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ မှ ၄ လက်မဝန်းကျင်ရွာသွန်းရရှိနိုင်ပြီး ကျောက်ဆည်မြို့အထက်ဘက်ဒေသများတွင် ၇ ရက် မိုးရေချိန် ၂ လက်မဝန်းကျင်ခန့်ရွာသွန်းရရှိနိုင်ပါမယ်။ - မန္တလေးတိုင်းအတွင်း မုန်တိုင်း(လက်ရှိအချိန်တွင် လေဖိအားနည်းရပ်ဝန်း 20W)၏ အကြွင်းအကျန်များဖြတ်သန်းဝင်ရောက်လာနိုင်တာကြောင့် စက်တင်ဘာလ ၁ နှင့် ၂ ရက်နေ့များတွင် နေရာကွက်၍ မိုးသည်းထန်နိုင်၊ မိုးအသင့်အတင့်မှ မိုးများနိုင်ခြင်း(၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မအထက် ၅ လက်မအောက် ရွာသွန်းရရှိနိုင်ခြင်း)များဖြစ်ပေါ်နိုင်ပါတယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - မန္တလေးတိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၀°C မှ ၃၄°C အထိ ဒေသအလိုက်ကွာခြားနိုင်ပြီး အနိမ့်ဆုံးညအပူချိန်မှာလည်း ၂၂°C မှ ၂၆°C ကြားတွင် ဒေသအလိုက် ကွာခြားမှုရှိနေနိုင်ပါမယ်။ - အနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့မြောက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၀ မိုင်အထက်ရှိနိုင်ပါတယ်၊ မိုးရွာသည့်ဒေသများအလိုက်လေထုစိုထိုင်းဆ ၆၀% မှ ၉၀% ကြားတွင် ရှိနေနိုင်ပြီး၊ ခံစားရသည့်အပူချိန် ၃၉°C အထိ ရှိနိုင်ပါမယ်။ - မန္တလေးတိုင်းရဲ့ ယခုတပါတ်လေထုညစ်ညမ်းမှုအညွှန်းကိန်းအခြေအနေသည် အများဆုံး ၃၀ အထိသာရှိနိုင်သဖြင့် အန္တရာယ်ရှိနိုင်သော အခြေအနေမဟုတ်ပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာစိုက်ပျိုးရာတွင် ပန်းပွင့်အထွက်ကိုထိခိုက်စေပြီး ပန်းအရည်အသွေးကို ကျဆင်းစေတဲ့ ဂန္ဓမာရွက်ထွင်းပိုး ကာကွယ်နည်းအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဂန္ဓမာရွက်ထွင်းပိုးမှာ ဥ မှစစပေါက်ချင်းသားလောင်းဘဝမှစ၍ ၁၇ ရက်အတွင်း ဂန္ဓမာအရွက်များကို ထိုးဖောက်စားသောက်ကာဖျက်ဆီးတတ်ကြပါတယ်။ ကာကွယ်နှိမ်နင်းနည်းလမ်းများကတော့- - ၁. သီးလှည့်စိုက်ပျိုးရမည်။ - ၂. ပုလဲ(နိုက်ထရိုဂျင်)မြေသြဇာ လွန်ကဲစွာအသုံးပြုမူကိုရှောင်ရှားရမည်။ - ၃. ပိုးများခိုအောင်းရာ ပေါင်းမြက်များအားရှင်းလင်းပေးပါ။ - ၄. ဓာတုဆေးအနေဖြင့် ကာကွယ်လိုပါက Cartap Hydrochloride၊ Emamectin Benzoate ၊ Lambda Cyhalothrin၊ Indoxacarb ကဲ့သို့သော ပိုးသတ်ဆေးများ အသုံးပြုနိုင်ပါသည်။ - ငါးအစာကျွေးခြင်းဆိုင်ရာ အကြံပြုချက် - ငါးမွေးမြူ ရေးလုပ်ငန်းအတွက် ကန်ရေအပူချိန်သည် 25°C မှ 32°C အတွင်း (စံ)ထားသော်လည်း ၊ ကန်ရေအပူချိန် ( 27°C , 28°C, 29°C, 30°C ) အနေအထားမျိုးတွင် အစာစားနှုန်း ကောင်းမွန်ကြပါသည်။ - ထို့ကြောင့် ငါးမွေးကန်တခု၏ မနက်ပိုင်း အပူချိန်နှင့် ညနေပိုင်း အပူချိန်တွင် ညနေပိုင်းတွင် ကန်ရေအပူချိန်မြင့်တက်နေသဖြင့် အစာကို ညနေပိုင်းတွင် ပိုမိုစားသုံးကြပါသည်။ - ဖြည့်စွက်စာကို တွက်ချက်ကျွေရာတွင် ဥပမာ တနေ့လျှင် (၁)ပိဿာကျွေးရမည်ဆိုပါက ၊မနက်ပိုင်း ၄၀ကျပ်သား နှင့် ညနေပိုင်းတွင် ၆၀ ကျပ်သားကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ - ကန်ရေအပူချိန်သည် (စံ)သတ်မှတ်ချက် အတွင်း မရှိပါက အစာမကျွေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထို့အတူ မိုးရွာနေသောအချိန်တွင်လည်း အစာကျွေးခြင်းကို မပြုလုပ်ရန် အကြံပြုအပ်ပါသည်။ - မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
