cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် ဩဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ရှမ်းပြည်နယ်တခုလုံးတွင် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မဝန်းကျင်ရွာသွန်းနိုင်ပြီး ၀.၈ လက်မအထက်ပိုမိုရွာသွန်းနိုင်မည်မဟုတ်ပါ။
  • ဩဂုတ်လ ၂၉ ရက် ည သန်းခေါင်ကျော်၊ ၃၀ ရက်နေ့ နံနက်ပိုင်းမှာ တောင်တရုတ်ပင်လယ်က လေဖိအားနည်းရပ်ဝန်း Tropical Depression 20W(TWENTY)သည် အပူပိုင်းမုန်တိုင်း(Tropical Storm – TS)ဖြစ်လာပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပါမယ်။ 

    ဩဂုတ်လ ၃၀ ရက် နေ့လည်ပိုင်း(ဗီယက်နမ်စံတော်ချိန် ညနေပိုင်း/ညပိုင်းမှာ)ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်၊ အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းလေပွေလှိုင်းအဆင့်ကို အားလျော့သွားပြီး လေပွေလှိုင်းနဲ့ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေသည် လာအိုနိုင်ငံတောင်ပိုင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းတွေကတဆင့် မြန်မာနိုင်ငံအရှေ့ပိုင်းကို ကယားပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်းနယ်စပ်အနီးမှဖြတ်သန်းဝင်ရောက်ပြီးတဲ့အခါ ပဲခူးတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း(နေပြည်တော်)၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေအထိဆက်လက်ရွေ့လျားဖြတ်သန်းသွားမှာဖြစ်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်/မိုးအလွန်များနိုင်ကြောင်း - ဖေါ်ပြပါပြည်နယ်တိုင်းဒေသများအတွင်း ၇၂ နာရီအတွင်းမိုးရေချိန် ၃ လက်မ မှ ၁၀ လက်မအထက်အထိနေရာကွက်၍ မိုးများနိုင်သည့်ဒေသများရှိနိုင်မှာဖြစ်ကြောင်း - ECMWF, ICON စ တဲ့ ကြိုတင်ခန့်မှန်းရေး model တွေက ခန့်မှန်းထားတာတွေ့ရပါတယ်။ 

    ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၅ ရက်အတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေခန့်မှန်း - 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့၊ မန္တလေးတိုင်းနှင့် ထိစပ်နေသော ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့တွင် မိုးအသင့်ရွာသွန်းရရှိနိုင်ပြီး ကျန်ပြည်နယ်ဒေသအားလုံးတွင် မိုးနည်းနေနိုင်ပါမည်။ 

    ·          ရှမ်းပြည်နယ်တခုလုံးတွင် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မဝန်းကျင်ရွာသွန်းနိုင်ပြီး ၀.၈ လက်မအထက်ပိုမိုရွာသွန်းနိုင်မည်မဟုတ်ပါ။ 

    ·          ယခုတပတ်အတွင်းရောက်ရှိလာနိုင်သည့် မုန်တိုင်းအကြွင်းအကျန်ဝင်ရောက်လာနိုင်သည့်လမ်းကြောင်းကြောင့် ရှမ်းပြည်နယ်တွင် မိုးများနိုင်ခြင်းမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းတို့ အမြင့်ဆုံးနေ့အပူချိန် ၃၀°C ရှိနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၄°C ရှိနိုင်ပါမယ်၊ အနိမ့်ဆုံးညအပူချိန်များအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၁°C ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၂၄°C နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၈°C ရှိနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်အထိရှိနိုင်ပါတယ်၊ လေထုစိုထိုင်းဆ ၈၀% မှ ၉၀% အတွင်းမှာ ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခံစားရတဲ့အပူချိန်(Temperature Felt) ၃၅°C အထိရှိနိုင်ပါတယ်။ 

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း၊ ဆီဆိုင်၊ မောက်မယ် စ တဲ့မြို့တွေမှာ ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်း(၁၁ နာရီမှ ၁၂ နာရီအတွင်း) ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(UV Index) 11 အထိရှိနေနိုင်တာကြောင့် အဲ့ဒီအချိန်အတွင်း နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေခြင်း၊ နေကိုတိုက်ရိုက်ကြည့်ရှုခြင်းများ မပြုလုပ်သင့်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရှမ်းပြည်နယ်အတွင်း စပါးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း စပါးစိုက်ပျိုးရာတွင် ရွက်လိပ်ရွက်ကပ်ပိုး သတိပြုကာကွယ်ပေးပါ။ ဖျက်ဆီးပုံမှာ-အရွက်များပေါ်တွင် အလင်းဖေါက်နိုင်သော အဖြူရောင်အစင်းများရှိနေခြင်း၊ အရွက်များလိပ်နေခြင်း၊အရွက်မပြန့်သေးသောရွက်နုများ၏အောက်ခြေပိုင်းတွင် ရွက်လိပ်ပိုးသားလောင်း အငယ်အဆင့်များစားသောက်နေသည်ကိုတွေ့နိုင်ပါသည်။ 

    ကာကွယ်နှိမ်နင်း နည်းလမ်းများမှာ- 

    • ပိုးဒဏ်ခံနိုင်သောစပါးမျိုးများကိုရွေးခြယ်စိုက်ပျိုးခြင်း၊ 
    • အခြားသောသီးနှံများနှင့်သီးလှည့်စိုက်ခြင်း၊ 
    • လယ်ကွက်အတွင်းနှင့် ကန်သင်းပေါ်ရှိပေါင်းမြက်များကိုနှိမ်ခြင်း၊ 
    • ကောက်ကွက်ကျဲကျဲစိုက်ခြင်း၊ 
    • ပုလဲမြေသြဇာတမျိုးတည်းသုံးစွဲခြင်းမှရှောင်ကျဉ်ပြီး N:P:K မြေသြဇာများကို စနစ်တကျ အချိုးကျသုံးစွဲခြင်း၊ 
    • ရိုးပြတ်များကိုစပါးရိတ်သိမ်းပြီးချိန်တွင်ဖျက်ဆီးပေးခြင်းများလုပ်ဆောင်ပေးသင့်ပါသည်။ 
    • ပိုးသတ်ဆေးသုံးစွဲမည်ဆိုပါက Carbosulfan ၊ Cartap Hydrochloride နှင့် Indoxacarb၊ Emamectin Benzoate ပိုးသတ်ဆေး တစ်မျိုးမျိုးကို တစ်ပတ်ခြားတစ်ကြိမ် စီသုံးပေးခြင်းဖြင့်ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

    ငါးအစာကျွေးခြင်းဆိုင်ရာ အကြံပြုချက်  

    ငါးမွေးမြူ ရေးလုပ်ငန်းအတွက် ကန်ရေအပူချိန်သည် 25°C မှ 32°C အတွင်း (စံ)ထားသော်လည်း ၊ ကန်ရေအပူချိန် ( 27°C , 28°C, 29°C, 30°C ) အနေအထားမျိုးတွင် အစာစားနှုန်း ကောင်းမွန်ကြပါသည်။  

    ထို့ကြောင့် ငါးမွေးကန်တခု၏ မနက်ပိုင်း အပူချိန်နှင့် ညနေပိုင်း အပူချိန်တွင် ညနေပိုင်းတွင် ကန်ရေအပူချိန်မြင့်တက်နေသဖြင့် အစာကို ညနေပိုင်းတွင် ပိုမိုစားသုံးကြပါသည်။  

    ဖြည့်စွက်စာကို တွက်ချက်ကျွေရာတွင် ဥပမာ တနေ့လျှင် (၁)ပိဿာကျွေးရမည်ဆိုပါက ၊မနက်ပိုင်း ၄၀ကျပ်သား နှင့် ညနေပိုင်းတွင် ၆၀ ကျပ်သားကျွေးပေးပါရန် အကြံပြုအပ်ပါသည်။  

    ကန်ရေအပူချိန်သည် (စံ)သတ်မှတ်ချက် အတွင်း မရှိပါက အစာမ‌ကျွေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထို့အတူ မိုးရွာနေသောအချိန်တွင်လည်း အစာကျွေးခြင်းကို မပြုလုပ်ရန် အကြံပြုအပ်ပါသည်။   

    မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။   


  • article
likes
5
comments
0
views
3642
cover
cover
cover
cover
cover