သစ်သီးဝလံများ အနံ့အရသာတက်စေရန် မဖြစ်မနေထည့်သွင်းရမည့် အာဟာရဓာတ်များ
- သစ်သီးဝလံများသာမက သီးနှံအားလုံးဖွံ့ဖြိုးကြီးထွား၍ အရည်အသွေးကောင်းမွန်စေရန် အကြမ်းအားဖြင့် အာဟာရဓာတ် (၁၇)မျိုး လိုအပ်ပါတယ်။ - အပင်တွေမှာ အများကြီးလိုအပ်တာကတော့ (Carbon, Hydrogen, Oxygen, Nitrogen, Phosphorous, Potassium, Calcium, Magnesium, Sulfur) တို့ ဖြစ်ပါတယ်။ - ပမာဏအနည်းငယ်သာလိုအပ်တာတွေကတော့ (Iron, Manganese, Zinc, Copper, Boron, Molybdenum, Chlorine, Nickel) တို့ ဖြစ်ကြပါတယ်။ - Carbon, Hydrogen, Oxygen တို့ကို လေနဲ့ ရေမှရရှိပြီး၊ ကျန်သော (၁၄) မျိုးကိုတော့ မြေ၊ရေနှင့် မြေဩဇာများမှ ရရှိခြင်းဖြစ်ပါတယ်။ - ဒီပိုစ့်မှာ ဆွေးနွေးချင်တာကတော့ အပင်ဖွံ့ဖြိုးမှု၊ အထွက်နှုန်းတိုးဖို့မဟုတ်ဘဲ သီးနှံတွေရဲ့ အနံ့ အရသာတိုးစေသော အာဟာရဓာတ်များအကြောင်းဖြစ်ပါတယ်။ စိုက်ပျိုးသူများအနေဖြင့် မိမိတို့သီးနှံအလိုက် မဖြစ်မနေကျွေးရမယ့် အာဟာရဓာတ်များဖြစ်ပါတယ်။ - ပုလဲချည်းပဲ ကျွေးမယ်၊ ကွန်ပေါင်းမြေဩဇာချည်းပဲ ကျွေးမယ်ဆိုရုံနဲ့ အသီးတွေရဲ့ အနံ့အရသာကို တိုးစေမှာ မဟုတ်ပါဘူး။ တချို့အာဟာရများသည် အနည်းလိုဆိုပေမယ့်၊ သူ့နေရာနဲ့သူ တကယ့်ကို အရေးပါလှပါတယ်။ - ယေဘူယျအားဖြင့် သစ်သီးဝလံတွေရဲ့ အနံ့အရသာတွေကို တိုးစေတာကတော့ သကြား၊ အော်ဂဲနစ်အက်ဆစ်နဲ့ အနံ့ကွန်ပေါင်း အစရှိသည်တို့ ရောနှောနေခြင်းကြောင့် ဖြစ်ပါတယ်။ - (၁) သကြား (အချိုဓာတ်) - Glucose, fructose နှင့် sucrose တို့သည် အချိုဓာတ်တက်ရန် အရေးပါဆုံး သကြားများဖြစ်ကြပါတယ်။ - သကြားဓာတ်များမှသာ အချိုဓာတ်နှင့် အရသာတစ်ခုလုံးကို တက်စေပါတယ်။ - #အချိုတက်စေရန်မဖြစ်မနေထည့်ပေးရမည့်အာဟာရများ - ပိုတက်ဆီယမ်- သကြားများ ပို့ဆောင်ပေးရန်နှင့် စုဆောင်းရန် - Magnesium - အလင်းမီအစာချက်ခြင်း သို့မဟုတ် Photosynthesis (သကြားထုတ်လုပ်ခြင်း) - (၂) အော်ဂဲနစ်အက်ဆစ်များ (အချဥ်ဓာတ်နှင့် အရသာမျှစေရန်) - အချိုအချဥ်မျှတမှသာ အရသာရှိသည့် အသီးများရရှိပါမည်။ - ဥပမာ - Citric acid, malic acid, tartaric acid - #မဖြစ်မနေထည့်ပေးရမည့်အာဟာရများ - Phosphorous – အက်ဆစ်များ ဖြစ်ပေါ်ရန် ATP စွမ်းအင်များ ကူးပြောင်းပေးရာ၌ အဓိကဖြစ်သည်။ - Boron - သကြား-အက်ဆစ် မျှတစေရန် ထိန်းချုပ်သည်။ - (၃) အနံ့ကွန်ပေါင်း (အနံ့နှင့် ရောနှောအရသာများ) - ဥပမာ- အငွေ့ပျံနိုင်သော ကွန်ပေါင်းများဖြစ်သည့် Esters, terpenes, aldehydes, alcohols များသည် အသီးများ၏ အနံ့ကို ဖြစ်စေပါသည်။ အသီးများရင့်မှည့်ချိန်တွင် ရရှိလေ့ရှိသော အနံ့များဖြစ်သည်။ - #မဖြစ်မနေထည့်ပေးရမည့်အာဟာရများ - Sulfur - အနံ့မော်လီကျူးများဖြစ်ပေါ်စေရန် လိုအပ်သည်။ - Nitrogen - အငွေ့ပျံနိုင်သောကွန်ပေါင်းအများစု၏ အခြေခံအမိုင်နိုအက်ဆစ်များထွက်ခြင်းကို အားပေးသည်။ - Zinc - အငွေ့ပျံနိုင်သောကွန်ပေါင်းအများစုဖြစ်ပေါ်စေ့မည့် အင်ဇိုင်းကို လှုံ့ဆော်ပေးနိုင်သည်။ - (၄) အရသာကိုတက်စေသည့် ဒုတိယပစ္စည်းများ - Phenolics, flavonoids, anthocyanins များသည် အခါးဓာတ်၊ အဖန်ဓာတ်နှင့် အရောင်များကို ဖြစ်ပေါ်စေ၍ အသီးများ၏ အရသာကို ပိုမိုတိုးစေသည်။ - #မဖြစ်မနေထည့်ပေးရမည့်အာဟာရများ - Calcium- ဆဲလ်နံရံများနှင့် ခုခံစနစ် (အခါးဓာတ်နှင့် အဖန်ဓာတ်များ ထုတ်လွှင့်ခြင်း) (Stress များကြုံချိန်တွင် အပင်၌ထုတ်လုပ်သည့် ခုခံစနစ်၌ အဆိုပါဓာတ်များပါဝင်ပါသည်) - Manganese – Phenolic လမ်းကြောင်းဆိုင်ရာအင်ဇိုင်းများအတွက် ဖြစ်သည်။ - ထို့ပြင် သီးနှံအလိုက် ထည့်သွင်းရမည့် အပင်အာဟာရဓာတ်များကို ထပ်မံဆွေးနွေးလိုပါတယ်။ - ------------------- - အချိုဓာတ်- Fructose, glucose မြင့်မားသည် - အချဥ်ဓာတ်- သရက်သီးအစိမ်းများ၌ Malic acid, citric acid များ အနည်းငယ်ပါဝင်သည် - အနံ့- Terpenes (myrcene - စပ်ရှားရှားအနံ့ဖြစ်၍ ရင်ကွဲသရက်၌ အမြင့်မားဆုံးပါဝင်သည်) အမြောက်အမြားပါဝင်သည်။ ထို့ပြင် lactones (ချိုအီသည့်အနံ့) - စုပေါင်း အရသာ - အသီးနုချိန် ဖန်သည့်အချိန်၌ Phenolics အချို့ပါဝင်သည် - သရက်သီးအရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများ- (Potassium, Sulfur, Zinc, Boron) - အချိုဓာတ်- Fructose, Sucrose မြင့်မားသည် - အချဥ်ဓာတ်- အနည်းငယ် အချဥ်စူးသည့် Malic ကဲ့သို့ အော်ဂဲနစ်အက်ဆစ်များ - အနံ့- Ethanethiol ကဲ့သို့ ဆာလဖာကွန်ပေါင်းများ အလွန်မြင့်မားစွာပါဝင်ခြင်းကြောင့် အနံ့အလွန်ပြင်းသည်။ - စုပေါင်း အရသာ - အီဆိမ့်စေသည့် Fatty အက်ဆစ်များပါဝင်သည် - ဒူးရင်းသီးအရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများ- (Potassium, Sulfur, Nitrogen, Magnesium) - အချိုဓာတ်- အခြားသစ်သီးများနှင့် နှိုင်းယှဥ်ပါက သကြားဓာတ်အလွန်နည်းသည် - အချဥ်ဓာတ်- နည်းသည်။ အနည်းငယ်သော အော်ဂဲနစ်အက်ဆစ်များသာ တွေ့ရှိရသည် - အနံ့- Aldehyde, ketone ကဲ့သို့ အငွေ့ပျံအဆီများပါဝင်၍ ထောပတ်ကဲ့သို့အနံ့ကို ပေးသည် - စုပေါင်း အရသာ - အဆီပါဝင်မှု (Monounsaturated အဆီများ) မြင့်မား၍ အခါးဓာတ်အနည်းငယ်ပေးသည့် Phenolic များ ပါဝင်သည် - ထောပတ်သီးအရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများ- (Potassium, Nitrogen, Zinc, Calcium) - အုန်းသီးအရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများ- (Potassium, Boron, Magnesium, Sulfur) - ဖရဲသီးအရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများ- (Potassium, Magnesium, Boron, Sulfur) - အရွက်စားဟင်းသီးဟင်းရွက်များ အရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများမှာ - ဟင်းနုနယ် (Potassium, Magnesium, Calcium) - ဆလတ် (Potassium, Calcium, Boron) - ကိုက်လန် (Sulfur, Nitrogen, Calcium) - မုန်ညင်း (Sulfur, Nitrogen, Potassium) - Source: Dr.Wunna Htoon- ------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
