cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်ပျိုးရေးတွင် ဘက်စုံအသုံးပြုနိုင်သည့် စပါးခွံပေါင်းခံရည်

. အပင်အာဟာရ
စပါးခွံပေါင်းခံရည်မှာ ပိုးမွှားရောဂါကာကွယ်နိုင်သည့်အပြင် မြေဆီဩဇာကိုပါထက်သန်စေနိုင်သော သဘာဝဆေးတစ်မျိုးဖြစ်ပါသည်။
  • ယနေ့ခေတ်စိုက်ပျိုးရေးတွင် ဓာတုဆေးအန္တရယ်များ ပိုမိုသိရှိလာပြီးနောက် တောင်သူ အများစုမှာ သဘာဝမှိုသတ်ဆေး၊ သဘာဝပိုးသတ်ဆေးများကို စတင်သုံးဆွဲလာကြပြီဖြစ်ပါသည်။ ၎င်းတို့ထဲမှ ယနေ့ဖော်ပြလိုသော စပါးခွံပေါင်းခံရည်မှာ ပိုးမွှားရောဂါကာကွယ်နိုင်သည့်အပြင် မြေဆီဩဇာကိုပါထက်သန်စေနိုင်သော သဘာဝဆေးတစ်မျိုးဖြစ်ပါသည်။ 

    စပါးခွံပေါင်းခံရည်မှာ organic acid, alcohols, and phenols (polyphenols)အပြင် အခြားသော အော်ဂဲနစ် ကွန်ပေါင်းများ ပါဝင်တဲ့အတွက် အပင်ကြီးထွားမှု၊ ပန်းပွင့်မှုတို့ကို အားပေးသည့်အပြင် ရောဂါပိုးမွှားများကိုပါ ကာကွယ်နှိမ်နှင်းနိုင်ပါတယ်။ 

    မြေပြင်ချိန်တွင် မြေကြီးကို စပါးခွံပေါင်းခံရည် ဖျန်းပြီးနောက်ဆုံးထယ်ရေး ပြုလုပ်ပါက အဏုဇီဝပွားများမှုအားကောင်းစေပြီး မြေဆီသြဇာထက်သန်လာစေပါသည်။ 

    မြေဆွေးပုံများပြုလုပ်ရာတွင် ရေဖြင့် ၁:၁၀၀၀နှုန်းရောစပ်ဖျန်းပေးပါက ဆွေးမြေ့မှုမြန်စေပြီး မြေဆွေးအာနိသင်ပိုကောင်းစေပါသည်။ 

    မျိုးစေ့စိမ်ရာတွင် ရေ ၁:၃၀၀ ရော၍ မျိုစေ့အခွံအထူအပါးပေါ်မူတည်ကာ ၁- ၅ နာရီအကြာ စိမ်ပါ။ အပင်ပေါက်နှုန်းကောင်းပြီး အမြစ်နှင့် အညွန့်ထွက်အားကောင်းစေပါသည်။ 

    ပိုးမွှားရောဂါကာကွယ်ရန်အတွက် ဝါးရှာလကာရည်ကို ရေ အဆ(၂၀၀- ၅၀၀) အထိရောပြီး စိုက်ပျိုးပင်ကို တစ်ပတ်တစ်ခါဖျန်းပေးပါ။ ရောဂါကျရောက်မှုများပါက ၃ ရက်တစ်ခါ ဖျန်းပေးပါ။ 

    ပတဲကော၊ ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ အစရှိသော အနံ့ပြင်းသည့်အပင်များထောင်း ထည့်ပြီး ဝါးရှာလကာရည်တွင် တစ်လကြာစိမ်ထားပါက အလွန်အာနိသင်ကောင်းသော ပိုးမွှား ကာကွယ်ဆေး ဖြစ်ပါသည်။ စပါးခွံပေါင်းခံရည်ကို ကြွက်ပြေးဆေးအဖြစ်လည်း အသုံးပြုကြသည်။ 

    ဓာတုဆေးများနှင့် ရောနှောအသုံးပြုနိုင်သော်လည်း အယ်လ်ကာလီဓာတ်ရှိသော ဓာတုဆေးများနှင့် ရောစပ်မသုံးရပါ။ 

    ခိုင်တိုစန်၊ ငါးအမိုင်နိုအက်စစ်တို့နှင့် ရောနှောအသုံးပြုခြင်းဖြင့် သီးနှံအထွက်တိုးစေပါသည်။  

     -------

    ဒေါက်တာ မြင့်လွင် ထံမှကိုးကားဖော်ပြသည်။ 

    Photo crd to - Myanmar Digital News 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
13
comments
1
views
2349
cover
cover
cover
cover
cover