cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကုဆိုင် (Chives) စိုက်ပျိုးနည်း

. ဈေးကွက်သတင်းများ
အစေ့တိုက်ရိုက်ချ စိုက်ပျိုးပါက မျိုးစေ့ချစိုက်ပြီး ၂ လအကြာတွင်လည်းကောင်း၊ ပျိုးဘောင်မှ ရွှေ့ပြောင်းစိုက်ပါက စိုက်ပြီး ၁ လတွင် လည်းကောင်း ကုဆိုင်ရွက်များစတင်ခူးဆွတ်နိုင်ပြီး စ စိုက်စိုက်ခြင်း ပထမနှစ်တွင် ၃-၄ ကြိမ်အထိ ခူးဆွတ်နိုင်ပါသည်။
  • ကုဆိုင်ဆိုသည်မှာ ကြက်သွန်မျိုးရင်းဝင်တစ်မျိုးဖြစ်ပြီး အလွယ်တကူ စိုက်ပျိုးနိုင်သော နှစ်ရှည်သီးနှံပင်ဖြစ်ပါသည်။ ရုက္ခဗေဒအမည်မှာ Allium schoenoprasum ဖြစ်ပြီး Chive ဟူ၍ခေါ်ဆိုကြပါသည်။ မူရင်းဒေသတွေကတော့ ဥရောပ၊ အာရှနဲ့ မြောက်အမေရိကဒေသတွေပဲ ဖြစ်ပါတယ်။ နည်းငယ်စပ်သောအရသာရှိပြီး အထူးသဖြင့် ဥရောပနိုင်ငံတွေရဲ့ အစားအစာတွေမှာ ထည့်သွင်း စားသုံးလေ့ ရှိကြပါတယ်။ ကုဆိုင်ပင် အပင်အမြင့်မှာ ၁ ပေကနေ ၁ ပေခွဲ အထိ ရှည်လျားနိုင်ပါတယ်။ အက်စစ်အနည်းငယ်ဆန်သောမြအမျိုးအစားကိုကြိုက်နှစ်သက်ပြီး နေရောင်ခြည် ကောင်းစွာရရှိပြီး မြေဆီဩဇာ ထက်သန်သော မြေတွင် ပိုမိုဖြစ်ထွန်းပါသည်။ 

    မျိုးစေ့မှစိုက်ပျိုးပါက ၂ လက်မအကာအဝေးဖြင့် ၆ မှာထားပြီး စိုက်ပျိုးပါ။ ထို့နောက် အပေါ်မှ မြေသားခပ်ပါးပါး ပြန်ဖုံးပေးထားရပါမယ်။ ရေပေးသွင်းရာတွင် မြေဆီလွှာကို ကောင်းစွာစိုစွတ်သည်အထိ လောင်းပေးရပါမည်။ အပင်ငယ်စဥ် ပေါင်းမြက်ကင်းဝေးစေရန် အထူးဂရုစိုက်နှိမ်နင်းပေးရမည်။ မြေပြင်ရာတွင် ၁၅ ပတ်လည်နှင့် နွားချေးမြေဆွေးများကို ထည့်သွင်းပြင်ဆင်ပေးရပါမည်။ မိုးဦးကျကာစ ကာလတွင် ပုလဲဓာတ်မြေဩဇာကို ကျွေးပေးရန်လိုအပ်ပါသည်။ 

    အစေ့တိုက်ရိုက်ချ စိုက်ပျိုးပါက မျိုးစေ့ချစိုက်ပြီး ၂ လအကြာတွင်လည်းကောင်း၊ ပျိုးဘောင်မှ ရွှေ့ပြောင်းစိုက်ပါက စိုက်ပြီး ၁ လတွင် လည်းကောင်း ကုဆိုင်ရွက်များစတင်ခူးဆွတ်နိုင်ပြီး စ စိုက်စိုက်ခြင်း ပထမနှစ်တွင် ၃-၄ ကြိမ်အထိ ခူးဆွတ်နိုင်ပါသည်။ ခူးဆွတ်ရာတွင် မြေပြင်မှ ၁-၁.၅ လက်မ အကွာမှဖြတ်၍ ခူးဆွတ်ကြရသည်။ တစ်ကြိမ် ခူးဆွတ်ပြီးတိုင်း ပုလဲဓာတ်မြေဩဇာ ကျွေးပေးပါက အထွက် ပိုမိုရရှိနိုင်ပါသည်။ 

    ကုဆိုင်ပန်းပွင့်များမှာ ပန်းရောင်၊ ခရမ်းရောင်၊ အနီရောင်နဲ့ အဖြူရောင်ဆိုပြီး ရှိကာ နွေရာသီမှာ ပန်းပွင့်လေ့ရှိပါတယ်။ ထို့ကြောင့် အခြားသီးနှံများဖြင့် သီးညှပ်စိုက်ပျိုးပါက သဘာဝမိတ်ဖက်သတ္တဝါများဖြစ်သော ငှက်များကို ဆွဲဆောင်နိုင်စေရုံသာမက အခြားသော ဖျက်ပိုးများအား ထောင်ချောက်ပင်အဖြစ်ဆွဲဆောင်တိုင်သော အပင်တစ်မျိုးဖြစ်သည်။   

    ကုဆိုင်စိုက်ပျိုးရာတွင် အထူးသတိပြုကာကွယ်ရမည့် ပိုးမွှားရောဂါများမှာ ဘက်တီးရီးယားပျော့ပုပ်၊ သံချေးရောဂါ၊ ကြပ်ခိုးမှိုရောဂါ၊ အော်တာနေးရီးယားရွက်ပျောက်ရောဂါ၊ ပင်စည်ထိုးယင်၊ ပျပိုး နှင့် လှေးပိုး တို့ဖြစ်ပါသည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၌ ကုဆိုင်ကို ဖက်ထုပ်၊ ကင်မ်ချီ၊ ဟင်းထုပ်၊ အကင် စသဖြင့် ပုံစံအမျိုးမျိုးစားသုံးလာသည့်အတွက် တွင်ကျယ်စွာ စိုက်ပျိုးလာကြပြီဖြစ်သောကြောင့် ဗဟုသုတအနေဖြင့် ပြန်လည်မျှဝေပေးလိုက်ပါသည်။ 

    ရတနာ မှ ရေးသားဖော်ပြသည်။ 

    -------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
2494
cover
cover
cover
cover
cover