cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးကန်များ ရေနောက်ကျိခြင်း နှင့် ပြုပြင်နည်း

. ငါးမွေးမြူရေးဆောင်းပါးများ
ရွှံ့နွံကြောင့် ကန်ရေနောက်ကျပါက ငါးများ၏ ပါးဟက်တွင် ရွှံ့နွံများကပ်ညှိကာ ငါးများအသက်ရှူခြင်းကို ထိခိုက်နိုင်ပြီး အောက်စီဂျင်ပြည့်ဝစွာမရရှိနိုင်ပါ။ ထိုအခါတွင် ငါးများ အစာစားခြင်း နှင့်ကြီးထွားခြင်းကို ထိခိုက်လာနိုင်ပါသည်။
  •            ငါးမွေးတောင်သူများသည် ယခုချိန် မိုးရာသီတွင် ကန်ရေများနောက်ကျိခြင်းကို ကြုံတွေ့ရတတ်ပါ သည်။ ကန်ရေနောက်ကျိရခြင်းအကြောင်းရင်းမှာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ကန်ဘောင်မှရွံများ အရည်ပျော်ပြီး ကန်ရေနောက်ကျိတတ်ပါသည်။ ကန်ရေတွင် အခြားသော အမှုန်အမွှားများ အခြားဓါတ်စင် များကြောင့်လည်း ကန်ရေနောက်ကျိတတ်ပါသည်။ ကန်အောက်ခြေနေထိုင်သောငါးများ များစွာထည့် သွင်းခြင်းကြောင့်၊ အဆိုပါငါးများလှုပ်ရှား မှုကြောင့်လည်း ကန်ရေနောက်ကျိတတ်ပါသည်။

               ကန်ရေနောက်ကျိပါက ကန်ရေအလယ် ပိုင်းနှင့် အောက်ခြေသို့ နေရောင်ခြည် နှင့် အလင်းရောင်ထိုးဖောက်နိုင်ခြင်းမရှိသဖြင့် ကန်အတွင်း ဇီဝပြောင်းလဲခြင်းများကို မလုပ်ဆောင်နိုင်ပါ။ တနည်းအားဖြင့် ကန်အောက်ခြေထိအလင်းရောင် မရောက်နိုင်သဖြင့် ကန်အတွင်းအစာချက် ခြင်းမလုပ်နိုင်ခြင်းကြောင့် အပင်မျှောလှေနှင့်အကောင်မျှောလှေးများ မပေါက်ဖွားနိုင်ပါ။ ဒေသအခေါ် ကန်ရေဩဇာတက်ခြင်း မရှိနိုင်ကြောင်းတွေ့ရှိရပါသည်။ ရွှံ့နွံကြောင့် ကန်ရေနောက်ကျပါက ငါးများ၏ ပါးဟက်တွင် ရွှံ့နွံများကပ်ညှိကာ ငါးများအသက်ရှူခြင်းကို ထိခိုက်နိုင်ပြီး အောက်စီဂျင်ပြည့်ဝစွာမရရှိနိုင်ပါ။ ထိုအခါတွင် ငါးများ အစာစားခြင်း နှင့်ကြီးထွားခြင်းကို ထိခိုက်လာနိုင်ပါသည်။

               ထို့ကြောင့် ကန်ရေ နောက်ကျိခြင်းကို အောက်ပါနည်းများဖြင့် ဖြေရှင်းနိုင်ပါကြောင်းအကြံပြုအပ် ပါသည်-

    Ø ငါးမွေးကန်တဧကလျှင် ထုံး (၃၁)ပိဿာထည့်ပေးရန်

    Ø ငါးမွေးကန်တဧက လျှင် ဂျစ်ပ်ဆမ် (၆၂)ပိဿာထည့်ပေးရန်

    Ø ငါးမွေးကန်တဧကလျှင် ကျောက်ချဉ် (၁၅)ပိဿာ ထည့်ပးနိုင်ပါသည်။

    Ø ငါးမွေးကန်တဧကလျှင် ကောက်ရိုး (၆၂)ပိဿာကို (၁၀)ကျပ်သားခန့် အထုံးလေးများ ပြုလုပ်ပြီး ကန်ရေနေရာအနှံ့ ပစ်ချထားပေးပါ။ (၃)ရက်ခန့်အကြာတွင် အဆိုပါကောက်ရိုးထုံးလေးများကို ပြန်ဆယ်ယူပါ။

    ဦးစန်းအောင်

    ထွက်တိုး

    -----------

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
8
comments
0
views
2746
cover
cover
cover
cover
cover