ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲပုပ်၊ ပြောင်း စျေးကွက် သုံးသပ်ချက် 📈📈
- တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် " - ( ၁၅. ၉.၂၀၂၅ မှ ၁၉.၉. ၂၀၂၅) - မတ်ပဲ - မတ်ပဲက အခုတစ်ပတ်မှာ စျေးပြန်ကျလာတာတွေ့ရပါတယ်။တနင်္လာ နေ့ နဲ့ အင်္ဂါ နေ့ မှာ တက်စျေးငြိမ်ပြီး ဗုဒ္ဓဟူး နေ့ ကနေ သောကြာနေ့အတွင်းမှာ ၆၀၀၀၀ လောက် ကျသွားတာဖြစ်ပါတယ်။ FOB စျေးထပ်တက်လာပေမယ့် ပြည်တွင်း မတ်ပဲစျေးက ကျဆင်းသွားတာပါ။ဝယ်လိုအားနည်းတဲ့အတွက်စျေးကျတာလို့သိရပါတယ်။ FOB စျေးက အမေရိကန်ဒေါ်လာ ၇၃၀ မှ ၇၄၀ အထိရှိလာတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့ မှာ ၂၉၅၉၀၀၀ ၊ အင်္ဂါနေ့မှာ ၂၉၄၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၂၇၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၉၂၂၀၀၀ ၊သောကြာနေ့မှာ ၂၉၁၈၀၀၀ ရှိပါတယ်။ - အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၄၃၀၀၀ မှ ၂၉၇၅၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ တစ်တန်ကို ၆၀၀၀၀ ကျပ်လောက်စျေးကျလာတာဖြစ် ပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံကတော့ ယခုတစ်ပတ်မှာလည်း စျေးဆက်တိုက်ထပ်ကျပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၀၀၀၀ လောက် စျေးကျလာတာဖြစ်ပါတယ်။ FOB စျေးမကျဘဲ ပြည်တွင်းပဲစဥ်းငုံစျေးကွက်ပြုတ်ကျလာနေတာဖြစ်ပါတယ်။ - ပြည်ပအဝယ်နည်းတဲ့အခြေအနေ၊ ပဲခွဲစက်အဝယ်နည်း တာကြောင့် စျေးကွက်ကျနေတာဖြစ်တယ်လို့သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၄၉၈၀၀၀၊ အင်္ဂါေန့ မှာ ၂၄၄၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၄၅၂၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၄၅၁၀၀၀ ၊ သောကြာနေ့မှာ ၂၄၄၀၀၀၀ စျေးသာရှိပါတယ်။ - အရင်တစ်ပတ်တုန်းက တနင်္လာနေ့ကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၅၀၀၀၀၀ မှ ၂၅၂၅၀၀၀ ကျပ်ရှိခဲ့ ပါတယ်။ဒါကြောင့် တစ်တန်ကို ၆၀၀၀၀ လောက်ထပ်ကျလာပါတယ်။ - ပဲပုတ် - အခုတစ်ပတ်မှာတော့ ပဲပုတ် (ရှမ်း )က စျေးကျရိပ်ပြပြီး ပဲပုတ်(ဗမာ)က စျေးငြိမ်နေပါတယ်။ - ပဲပုတ် ( ဗမာ) မိုးပဲအသစ်မဝင်သေးပေမယ့်လည်း အဝေးတင်ပို့ရမှုနည်းပြီး လက်ကျန်ပဲများခြင်း၊ လုပ်ငန်းသမားသာပုံမှန်ဝယ်ယူမှု ရှိခြင်းကြောင့် စျေးငြိမ်နေပါတယ်။ ပဲပုတ်(ရှမ်း)ကတော့ မိုးပဲအသစ်မဝင်ပေမယ့်လည်း ဆီစက်သမားသာအဝယ်အေးတာကြောင့် စျေးကျသွားပါတယ်။ - မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုတ် ဗမာက ၃၇၀၀၀၀ ကျပ်ရှိပြီး ပဲပုတ် ( ရှမ်း) က ၂၆၀၀၀၀ ကျပ်နဲ့ အရငအပတ်ကထက် ၁၀၀၀၀ မှ ၁၇၀၀၀ ကျပ်ကျသွားပါတယ်။ - ကုလားပဲ - ပြည်တွင်းစားသုံးမှု အများဆုံး ပဲဖြစ်တဲ့ ကုလားပဲကတော့ အခုတစ်ပတ်မှာ စျေးပြန်ကျသွား ပါတယ်။ ကုလားပဲက ပြည်ပတင်ပို့မှု နည်းပြီး ပြည်တွင်းအဓိကစားသုံးတဲ့ ပဲမျိုးဖြစ်လို့ စားသုံးမှုနည်းပြီး ပဲခွဲစက်တွေအဝယ်အေးပါက စျေးကျဆင်းတတ်ပါတယ်။ - မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်းဝင် တစ်အိတ်ကို ၂၅၀၀၀၀ မှ ၂၅၂၀၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ်ကျကာ ၊ ကုလားပဲ (V7) က ၂၃၆၀၀၀ မှ ၂၃၇၀၀၀ ကျပ်ရှိပြီး ၁၀၀၀၀ ကျပ်ကျပါတယ်။ ကုလားပဲ (929) က ၂၄၃၀၀၀ ကျပ်ရှိလို့ ၁၀၀၀ ကျပ်ကျ ပြီး ကုလားပဲထိုင်ဝမ်က ၂၃၀၀၀၀ မှ ၂၃၅၀၀၀ ကျပ်ရှိလို့ ၅၀၀၀ မှ ၈၀၀၀ ကျပ်အတွင်းစျေးကျ ပါတယ်။ - ပြောင်း - ပြောင်းဆံကတော့ အခုတစ်ပတ်မှာ စျေးထပ်မကျတော့ဘဲ အရင်အပတ်မှာဖြစ်ပေါ်ခဲ့တဲ့အကျစျေးတန်းမှာပဲ ရပ်နေပါတယ်။ ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့် ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြောင်းစျေးကွက် အတက်ဘက်ရောက်ဖို့ ခက်ခဲတယ်လို့သိရပါတယ်။လက်ရှိမှာစျေးကျနေပေမယ့် ပြောင်းဆံကို ပြည်တွင်းအစာစပ်စက်ရုံတွေနဲ့ ကုန်သည်တွေကတော့ ပြောင်းဆံအခြောက်အသန့်တွေကိုပုံမှန်ဝယ်ယူမှုရှိနေပါတယ်။ - မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း ( ရှမ်း) ကတော့ ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၀၀၀၀ မှ ၈၁၀၀၀ ကျပ်ရှိ ပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းတစ်ပိဿာကို ၁၅၆၀ ကျပ်မှ ၁၅၈၀ ကျပ်စျေးရှိပါတယ်။ - AMIA - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
