ပို့ကုန်ပဲစင်းငုံကို တိရစ္ဆာန်အစာအဖြစ် ဝယ်ယူမှုများလာ😞😞
- လက်ရှိအချိန်တွင် ပြည်တွင်း ဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပို့ကုန်ပဲများ ဈေးအနည်းငယ်ကျ ဆင်းမှုရှိသလို ပြည်တွင်းသုံး ကုလားပဲများလည်း လိုက်ပါကျ ဆင်းနေကြောင်း၊ ထိုသို့ ဈေးကျ ဆင်းမှုကြောင့် ပို့ကုန်ပဲစင်းငုံကို သွင်းကုန်ပဲပုပ်အစား တိရစ္ဆာန် အစာအဖြစ် လက်ရှိအချိန်တွင် အဝယ်သွက်နေကြောင်း၊ အလားတူ ပဲဖတ်ဈေးကောင်းလာတာကြောင့် မြေပဲဆီဆန်၊ မြေပဲလုံးဆန်ဈေး များ မြင့်တက်လာကြောင်း ပဲ၊ နှမ်း ကုန်သည် ဦးကျော်သွင်က ပြောသည်။ - `` ပြည်တွင်းသုံး ကုလား ပဲတွေကတော့ အတက်အကျ အနည်းငယ်ပဲရှိပါတယ်။ မြေပဲဆန် ဈေးကတော့ ပဲဖတ်ဈေး တစ် ပိဿာ ငွေကျပ် ၆၀၀၀ နီးပါး ဖြစ်လာတော့ မြေပဲဆန်တွေ ဈေး ကောင်းလာတယ်။ ပဲပုပ်ဈေးတက် တော့ ပဲဖတ်လည်း လိုက်ပါဈေး တက်လာတာပါ။ ဒေါ်လာဈေး ကျပေမယ့် နှမ်းနက်ဈေးကတော့ ဆက်ကောင်းနေပါတယ်။ ကျွန်း စားတော်ပဲကတော့ မျိုးစိုက်ပျိုးရန် အဝယ်ရှိလာတော့ ဈေးတက်လာ ပါ။ ပုံမှန်ကျွန်းစားတော်ပဲကတော့ တစ်အိတ်ခြောက်သိန်း ကျော်ပဲ ရှိပါတယ်။ ပဲစင်းငုံက တစ်အိတ် ၂၃၅၀၀၀ ပေါက်ဈေး က ပဲယင်းဈေးအောက် ရောက်နေ တော့ တိရစ္ဆာန်အစာလုပ်လို့ရပါ တယ်။ အဓိက က ဈေးကျဆင်း တော့ တိရစ္ဆာန်အစာအဖြစ် အဝယ် ကောင်းလာတာပါ ´´ ဟု ၎င်းက ပြောသည်။ - စက်တင်ဘာ ၁၇ ရက်တွင် ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေ ကျပ် ၂၃၅၀၀၀၊ မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၇၃၀၀၀၊ ပဲတီစိမ်း(အညာ) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀ အထိ ပေါက်ဈေးရှိနေသည်။ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အနည်းငယ်အတက်အကျရှိသော် လည်း အရောင်းအဝယ်ပုံမှန်ရှိနေ ရာ V2 ကုလားပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅၃၀၀၀၊ V7 သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၃၈၀၀၀၊ ထိုင်ဝမ်ကုလား ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ၉၂၉ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၂၄၃၀၀၀ ပေါက်ဈေးရှိ နေသည်။ - ပြည်တွင်းသုံးပဲမာလိုင်းများ မှာ စက်တင်ဘာ ၁၇ ရက်တွင် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ ကျွန်းစားတော်ပဲ(မျိုး) တစ်အိတ်လျှင် ငွေကျပ် ၇၂၀၀၀၀၊ ပဲနီပြာ(ကျွန်း) တစ်အိတ်လျှင် ငွေကျပ် ၅၂၀၀၀၀၊ ပဲထောပတ် (သစ်)တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၉၀၀၀၀၊ စား တော်ပဲ(ကနေဒါ)တစ်အိတ်လျှင် ငွေကျပ် ၃၈၅၀၀၀ ပေါက်ဈေးရှိ နေသည်။ - နှမ်းမျိုးစုံဈေးကွက်မှာ စက် တင်ဘာ ၁၇ ရက်တွင် နှမ်းနက် သုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၇၃၅၀၀၀၊ နှမ်းဖြူ(ဂျပန်) သုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၃၀၀၀၀၀၊ နှမ်းဖြူ(ဗမာ) သုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၂၈၀၀၀၀၊ နှမ်းညို သုံးတင်း ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၈၃၀၀၊ မြေပဲဆီ တစ် ပိဿာလျှင် ငွေကျပ် ၁၅၀၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ အသီးသီး ပေါက်ဈေး ရှိနေသည်။ - မန္တလေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းပေါက်ဈေးများမှာ ပစ္စည်း အရည်အသွေးနှင့် ဝယ်လိုအား၊ ရောင်းလိုအား ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲများဖြစ်နိုင် သလို ဈေးအတက်အကျကိုလည်း ကုန်သည်ပွဲစားများမှ ထိန်းသိမ်း ကာ သတင်းထုတ်ပြန်မှုများ ကြောင့် နေ့စဉ်ပေါက်ဈေးများ မှာ အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။ - ရွှေမန်း - မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။ - ------------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
