cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်း မတ်ပဲစျေး ဆက်တိုက်ကျဆင်းလာ📈📈

. ဈေးကွက်သတင်းများ
အိန္ဒိယနိုင်ငံမှ ဝယ်လိုအားနည်းနေခြင်းကြောင့် ပြည်တွင်း မတ်ပဲစျေး ဆက်တိုက်ဆိုသလို ကျဆင်းနေကြောင်း ကုန်စည်ဒိုင်များထံမှ သိရပါသည်။
  • အိန္ဒိယနိုင်ငံမှ ဝယ်လိုအားနည်းနေခြင်းကြောင့် ပြည်တွင်း မတ်ပဲစျေး ဆက်တိုက်ဆိုသလို ကျဆင်းနေကြောင်း ကုန်စည်ဒိုင်များထံမှ သိရပါသည်။

    ပြည်တွင်းထွက် ပဲများကို အိန္ဒိယနိုင်ငံသို့ အဓိကထား တင်ပို့နေရခြင်းဖြစ်ပြီး လက်ရှိ အိန္ဒိယနိုင်ငံတွင် အရည်အသွေးရောနှောနေသည့် မတ်ပဲအသစ်များ ဝင်ရောက်နေခြင်းကြောင့် အဆိုပါ နိုင်ငံမှ ကုန်သည်များ နှင့် ပဲခွဲစက်များက ထိန်းဝယ်နေခြင်းကြောင့် စျေးကွက်အေးနေကြောင်း သိရပါသည်။

    ဘုရင့်နောင် ကုန်စည်ဒိုင်တွင် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မတ်ပဲ (FAQ )တစ်တန်ကို ၂၉၅၉၀၀၀ ကျပ်ထိ ပြန်တက်လာခဲ့သော်လည်း စက်တင်ဘာလ ၂၃ ရက်နေ့မှာ မတ်ပဲ (FAQ )တစ်တန်ကို ၂၈၅၈၀၀၀ ကျပ်အထိ ပြန်ကျဆင်းသွားကြောင်း သိရပါသည်။

    ထို့ကြောင့် ပြီးခဲ့တဲ့အပတ်ဖြင့် ယှဉ်ရင်တော့ တစ်တန်ကို ငွေကျပ် ၁သိန်း ကျော်အထိ ဈေးကျလာသည်။

    “ပြည်တွင်းပဲကို အဓိက ဝယ်တာက အိန္ဒိယနိုင်ငံပါ။ အိန္ဒိယနိုင်ငံမှာ မတ်ပဲအသစ်တွေ ဝင်နေတော့ ထိန်းဝယ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် တင်ပို့နေတဲ့ ပြည်တွင်းပဲတွေ အရောင်းအဝယ်အေး၊ စျေးမရဖြစ်နေတယ်။

    စျေးက ကျလိုက် တက်လိုက်ပဲ။ အခုဆို ၂၉သိန်းအောက်ထိ ဆင်းသွားတယ်။ ၉လပိုင်းကျော်လောက်မှာ တက်လာမယ်လို့ ထင်ခဲ့ပေမဲ့ အခုထိတော့ ကျနေတုန်းပဲ ။” ဟု ပဲကုန်သည် တစ်ဦးက သုံးသပ်ပြောထား ပါသည်။

    ယင်းအပြင် ပြည်ပ ပေါက်စျေး FOB အနေဖြင့် ပြီးခဲ့ သည့် အပတ်ဖြင့် ယှဉ်ပါက FAQ မတ် ပဲ တစ်တန်လျှင် ဒေါ်လာ ၇၃၅ မှ ဒေါ်လာ ၇၂၀ ဒေါ်လာ ထိ ကျဆင်းသွားကြောင်း တွေ့ရပါသည်။

    ပြည်တွင်းပဲအထွက်နှုန်းမှာ သွင်းအားစုစျေးနှုန်းတွေ မြင့်တက်နေမူ နှင့် တခြား ပြည်တွင်းအခက်အခဲများကြောင့် စိုက်ဧကများ လျော့ကျလျက်ရှိကြောင်းလည်း သိရသည်။

    လက်ရှိ မတ်ပဲအပြင် ပဲစိမ်းငုံစျေးများပါ အရောင်းအဝယ်အေး စျေးကျနေကြောင်း သိရပါသည်။

    ပြည်ပသို့ တင်ပို့နေသည့် ပဲစျေးများမှာ အဓိက ၀ယ်လက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါအပေါ်မှာလည်း အများကြီး သက်ဆိုင်ကြောင်း ကုန်သည်များက ဆိုသည်။

    မြန်မာနိုင်ငံ မှ ပဲ များကို အိန္ဒိယနိုင်ငံသို့ ၇၅ ရာခိုင်နှုန်းထိ အားထားတင်ပို့နေကြောင်းလည်း သိရပါသည်။

    အိန္ဒိယအစိုးရအနေဖြင့် ပြည်တွင်း မတ်ပဲ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားကြောင့်လည်း သိရပါသည်။

    ဖိုးချဲ(AMIA)

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
6
comments
0
views
2159
cover
cover
cover
cover
cover