cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းပြီးနောက် လိုက်နာကျင့်သုံးရမည့် နည်းလမ်းများ မိုးစပါးကို ရိတ်သိမ်းခြင်း

. ရိတ်သိမ်းချိန်လွန် နည်းပညာ
ရာသီဥတုဒဏ်ကြောင့်လည်း စပါးအရည်အသွေး ကျဆင်းနိုင်သောကြောင့် အချိန်မှန် ရိတ်သိမ်းခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် စပါးပန်းပွင့်ပြီး (၂၅-၃၀)ရက် ကြာပြီးနောက်မှာ စပါးခင်း အပြည့်နီးပါး စပါးနှံများ မှည့်ဝင်းလျှင် ရိတ်သိမ်းဖို့ အကောင်းဆုံး အချိန် ဖြစ်ပါတယ်
  • မရိတ်သိမ်းခင် (၁၀-၁၅) ရက်အလိုတွင် ရေဖြတ်ထားပေးရမည်။

    • စပါးစေ့၏ အရောင်နှင့် အစိုဓါတ်ကို ကြည့်ခြင်းအားဖြင့် ရိတ်သိမ်းချိန်ကို ခန့်မှန်းနိုင်သည်။

    • အချိန်စောပြီး ရိတ်သိမ်း မယ်ဆိုလျှင် မရင့်မှည့်သေးသော စပါးနှံများနှင့် အဆံ မအောင်တာတွေ ပါဝင် လာတတ်သောကြောင့် စပါးကြိတ်တဲ့အခါ အလွယ်တူ ကျိုးပဲ့ ပျက်စီးစေနိုင်တဲ့ အပြင် မျိုးစေ့အဖြစ် ပြန်လည် အသုံးပြုတဲ့ အခါမှာလည်း “မျိုးစေ့မမှန် ပင်မသန်”ဆိုတဲ့ စကားအတိုင်း မျိုးအောင်နိုင်မှာ မဟုတ်ပါဘူး။

    • နောက်ကျမှ ရိတ်သိမ်းသောအခါ စပါးနှံများ ကြွေကျပြီး ငှက်များ၏ ရန်ကြောင့် ပျက်စီးခြင်းများ ကြုံကြိုက်နိုင်သဖြင့် ပျက်စီးဆုံးရှုံးမှု ပမာဏ ပိုမိ များသွားနိုင်ပါသည်။

    • ရာသီဥတုဒဏ်ကြောင့်လည်း စပါးအရည်အသွေး ကျဆင်းနိုင်သောကြောင့် အချိန်မှန် ရိတ်သိမ်းခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် စပါးပန်းပွင့်ပြီး (၂၅-၃၀)ရက် ကြာပြီးနောက်မှာ စပါးခင်း အပြည့်နီးပါး စပါးနှံများ မှည့်ဝင်းလျှင် ရိတ်သိမ်းဖို့ အကောင်းဆုံး အချိန် ဖြစ်ပါတယ်။

    • မရိတ်သိမ်းမီ အောက်ဘက်နား ရောက်နေသော စပါးနှံများအား မာမမာ သွားဖြင့် ကိုက်၍ စမ်းသပ်ကြည့်ပါ။ မာဆတ်ဆတ် ဖြစ်နေပြီဆိုပါက ရိတ်သိမ်းရန် သင့်တော်နေပြီ ဖြစ်ကြောင်း သိရှိရမှာ ဖြစ်ပါတယ်။.

    • စပါးရိတ်သည့်အခါ မြေပြင်အထက် (၄-၅) စင်တီမီတာ အထက်လောက်မှ ရိတ်သိမ်းသင့်သည်။

    • လက်ကျန် ရိုးပြတ်တွေကို တက်နိုင်သမျှ အတိုဆုံး ဖြစ်အောင် ရိတ်ပစ်ရမည်။ ထိုမှသာ နောက်အတွက် မြေပြင်သည့် အခါ ရိုးပြတ်များကို မြေကြီးနှင့်အတူ ရောမွှေပြီး အလွယ်တကူ ဆွေးမြေ့စေရန် ဖြစ်သည်။

    • စပါးရိတ်ပြီးသည့်အခါ လက်ကျန် ရိုးပြတ်များအတွင်းသို့ ဆစ်ပိုးကောင်များ ခိုအောင်း နေတက်ပြီး မျိုးဆက် ပြန့်ပွားနိုင်ပါသည်။

    • စပါးရိတ်ပြီးသည့် အခါ ရိုးပြတ်မှ အနှံပြန်လည် ထွက်လာသည့် တိုင်အောင် မထားပါနှင့်။ ထိုသို့ထားပါက စိုက်ခင်းထဲတွင် ရောဂါ၊ ပိုးမွှားများ ခိုအောင်းနေတက်ပြီး ရရှိလာသည့် အစေ့အအဆန်မှာလည်း အရည် အသွေးမပြည့်မီသောကြောင့် ဖြစ်သည်။.

    • လက်ကျန်ရိုးပြတ်ပင်မှ နောက်ထပ် စပါးနှံဖြစ်အောင် ထားမယ်ဆိုရင် -

    - ပန်းပွင့်ခြင်း၊ စပါးအစေ့အဆန်တည်ခြင်း၊ ရင့်မှည့်တဲ့ ကာလတွေမှာ ဆစ်ပိုးနှင့် နှံစုပ်ဂျပိုးတို့ အတွက် ခိုအောင်းနေထိုင် နိုင်ပြီး နောက်ပိုင်း ဆိုးဝါးစွာ ကျရောက်တဲ့ အအြေနေကို ကြုံတွေ့နိုင်ပါတယ်။

    - ရိုးပြတ်မှ နောက်ထပ်ရရှိလာသည့် စပါးနှံများသည် အရည်အသွေးညံ့ပြီး စပါးကြိတ်သည့် အခါ အကျိုးအကြေ များနိုင်သည်။

    ခြွေလှေ့ခြင်း

    ရိတ်ပြီးပြီးချင်း စပါးကို ချက်ခြင်း ခြွေလှေ့နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

    • ခြွေလှေ့ပြီးသည့်နောက် စပါးကို နေပူသည့် အချိန်၌ အပြင်ဘက်သို့ ထုတ်လှန်းခြင်း (သို့မဟုတ်) အမိုးအကာရှိသည့် အတွင်းဘက်၌ လေသလပ်ခံထား အခြောက်ထားခြင်း ကို ပြုလုပ်ပေးရမည်။

    • ရိတ်ပြီးသား ကောက်လှိုင်း (သို့မဟုတ်) စပါးထုံးများကို မိုးမိ၍ ရေစိုသွားပါက မခြွေလှေ့ခင် အခြောက်ခံရန် လိုအပ်ပါတယ်။

    • နံနက် အစောပိုင်းမှာ စပါးကို ရိ်တ်သိမ်းပြီး နေ့ခင်းပိုင်းအချိန်တွင် ခြွေလှေ့နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

    • ခြွေလှေ့သည့် အခါ လွှင့်စင်သွားသည့် စပါးစေ့များကို အလေအလွှင့် မဖြစ်စေရန် အတွက် မိုးကာ (သို့မဟုတ်) ပလတ်စတစ်စ ခင်းထားသင့်သည်။

    အခြောက်ခံခြင်း

    • ခြွေလှေ့ပြီးသော စပါးများကို မိုးကာ(သို့မဟုတ်) ပလတ်စတစ်စပေါ် ဖြန့်ခင်းပြီး နေပူထဲ၌ အခြောက်လှန်းနိုင်သည်။

    • စပါးအခြောက်လှန်းသည့် အခါ နာရီဝက် တစ်ခါ အထက်အောက် လှန်ပေးမည်။

    • စပါးကို ဖြေးဖြေးခြင်း အခြောက်ခံပါက စပါးကြိတ်သည့် အခါ ကျိုးပဲ့ ပျက်စီးမှုနှုန်းလျှော့နည်းစေပါတယ်။ မြန်မြန် အခြောက်ခံခြင်းသည် စပါးကြိတ်သည့် အချိန်တွင် ကျိုးပဲ့ ပျက်စီးမှုကို ပိုများစေပါတယ်။

    • နေရောင်ခြည်ဖြင့် (၂-၃) ရက်ခန့် အခြောက်ခံခြင်းကတော့ အကောင်းဆုံးပင် ဖြစ်သည်။

    သန့်စင်ခြင်း

    • စပါးကို ဖုန်၊ သဲ၊ အမှိုက်၊ အဖျင်း အမှော်၊ တခြားသော အစေ့ အဆန်များ ရောပါ မလာအောင် ခြွေလှေ့၍ အခြောက်ခုံပြီးသည့် အခါ သေချာ သန့်စင်ဖို့ လိုအပ်ပါတယ်။

    • စပါးကို ဆန်စက်ထဲကို ထည့်ကြိတ်တဲ့ အခါ အဖျင်းအမှော် နှင့် ဖုန်၊ သဲ၊ ခဲ များရောပါနေမယ်ဆိုရင် စပါး၏ အလေးချန်ကိုသာတိုးစေပြီး စားသုံဖို့ ရည်ရွယ်ပြီး ကြိတ်တဲ့ စပါးက သေချာခြောက်သွေ့ပြီး သန့်စင်မှသာလျှင် အရည်အသွေးကောင်းတဲ့ ဆန်ကို ရရှိမှာ ဖြစ်ပါတယ်။

    • သန့်စင်မှု မရှိတဲ့စပါး၊ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ကျောက်စရစ်ခဲ့ ပါသည့် စပါးကို ဆန်အဖြစ်ကြိတ်ခွဲဖို့ အတွက် မရွေးချယ်သင့်ပါ။

    အဆင့်ခွဲခြားခြင်း

    • အစိုဓါတ် ပါဝင်မှုကို စစ်ဆေးခြင်း

    • စပါးကြိတ်တဲ့ အခါ ကျိုးကြေပျက်စီးတဲ့ ရာခိုင်နှုန်းကို စစ်ဆေးခြင်း (Head rice and broken percentage)

    • ဆန်သား ကျိုးကြေမှု ရှိမရှိ စစ်ဆေးခြင်း

    • သန့်စင်မှု ရှိမရှိ စစ်ဆေးခြင်း ( အမှိုက်များ၊ ဖုန်၊ သဲ၊ ကျောက်စရစ်ခဲ)

    • အဖျင်းအမှော်ပါ မပါ စစ်ဆေးခြင်း။ စပါးကြိတ်တဲ့ အခါ စပါးစေ့၏ အစိုဓါတ် ရာခိုင်နှုန်းကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ကြိတ်ခွဲမည့် စပါးတွင် အစိုဓါတ်ပါဝင်မှု များပါက မှိုရောဂါ ဖြစ်လွယ်သည်။ စပါးကြိတ်ပြီးပြီးချင်း ရလာတဲ့ ဆန်ကို မချက်စားခင် ဆန်ကို သန့်စင်ပြီး အချိန်အတော်ကြာ သိမ်းဆည်း သိုလှောင်ထားဖို့ တော့ လိုအပ်ပါတယ်။

    ချိန်တွယ်ခြင်း

    • ချိန်တွယ်ခြင်းတွင် စပါးမကြိတ်ခင် အဆင့်တွင် ချိန်ခြင်းနှင့် ကြိတ်ပြီးနောက် ဆန်တင်း အရေအတွက် ဘယ်လောက် ရရှိနိုင်မလဲ ဆိုတာကို ခန့်မှန်း တွက်ချက်တာတွေ ပါဝင်ပါတယ်။

    • စပါး မကြိတ်ခင် မှာလည်း တိကျစွာ ချိန်တွယ်ဖို့ လိုအပ်သလို ကြိတ်ပြီး ရရှိလာတဲ့ ဆန်တင်း အရေအတွက်ကိုလည်း ချိန်တွယ်ဖို့ လိုအပ်ပါတယ်။

    ကြိတ်ခွဲခြင်း

    • စပါးကို စားသုံးဖို့တွက် ကြိတ်ခွဲတဲ့အခါ ဖုန်၊ သဲ၊ ခဲ နှင့် အမှိုက်ကင်းစင်ပြီး ကောင်းစွာ ခြောက်သွေ့ နေရပါမည်။

    • အဖျင်း အမှော် နှင့် ဖုန်၊ သဲ၊ ခဲ ပါနေတဲ့ စပါးဖြစ်လျှင် မကြိတ်ခွဲခင် ကောင်းစွာ သန့်စင်ဖို့တော့ လိုအပ်ပါတယ်။

    စပါး သိုလှောင်ခြင်း

    စပါးစေ့များ အစိုဓာတ်နည်းလာပြီး ခြောက်သွေ့ မာကြောလာမှသာ (သိရှိနိုင်ရန် အချို့သော စပါးစေ့များကို ကိုက်ကြည့်ပါ) ကာလကြာရှည် သိုလှောင်နိုင်မည် ဖြစ်ပါတယ်။

    • စပါးသိုလှောင်ဖို့ အတွက် အစိုဓါတ် ( ၁၀- ၁၂%)ခန့် ရှိရမည်။

    • စပါးအိတ်များကို မြေကြီးနှင့် ကပ်မနေစေဘဲ စင်ထိုးပြီး စနစ်တကျ သိုလှောင်ရမည်။

    • စပါးကို ကာလ ကြာရှည် သိုလှောင်နိုင်ဖို့ အတွက် အစိုဓါတ် နည်းဖို့ လိုအပ်ပါတယ်။

    • သိုလှောင်သည့် စပါးအိတ်ထဲမှာ ပါရှိတဲ့ စပါးစေ့၏ အစိုဓါတ် ရာခိုင်နှုန်း မြင့်နေမယ်ဆိုရင် အပူဓါတ်နှင့် အငွေ့လျှော့သွားစေရန် စပါးအိတ်ကို ဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် အစိုဓါတ်မြင့်နေသည့် စပါးများကို သန့်ရှင်း ခြောက်သွေ့တဲ့ အခန်းထဲမှာ ပလတ်စတစ်ခင်းပြီး ဖြန့်ထားနိုင်ပါတယ်။

    • သိုလှောင်ထာသည့် စပါးအိတ်ကို ကြွက်၊ ငှက်နှင့် တခြားသော ပိုမွှားများ ဖျက်ဆီးခြင်း၊ မိုးရေစိုခြင်း မဖြစ်အောင် ဂရုစိုက်ရမည်။

    • စပါးများကို အိတ်များအတွင်း ထည့်သွင်းသိမ်းဆည်းပါက အိတ်အမြင့်ကို (၁၂)ပေ (၄မီတာ)ထက် မကျော်စေရန် သတိပြုပါ။

    • စပါးထည့်သွင်း သိမ်းဆည်းထားသည့် အိတ်များကို အမိုးအောက်၊ စပါးကျီ သို့မဟုတ် ရေစိုခံ တာပေါ်လင်စများအောက်တွင် လုံခြုံစွာ ထားရှိပါ။

    • အကယ်၍ စပါးများကို ပိုမိုလုံခြုံစွာနှင့် ပိုမိုကြာရှည်စွာ သိမ်းဆည်းချင်ပါက လေလုံအောင် ချိတ်ပိတ် သိုလှောင်ရသည့် လေလုံသိုလှောင်နည်းစနစ်သည် အကောင်းဆုံးဖြစ်ပြီး ၄င်းသိုလှောင်နည်းစနစ်က စပါးနှံများကို အစိုပြန်ခြင်းနှင့် ပိုးမွှားများရန်မှ ကာကွယ်ပေးမည် ဖြစ်ပေသည်။

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
7
comments
0
views
2527
cover
cover
cover
cover
cover