cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဂန္ဓမာစိုက်ပျိုးသူများကြုံတွေ့နေရသည့် ပင်ခြေပုပ်ရောဂါအန္တရာယ်

. ရောဂါ
ရောဂါဖြစ်စေသော သက်ရှိမှိုမှာ မြေကြီးနှင့်ထိဆက်နေသော အရွက်များမှတဆင့် ပင်စည်ဆစ်ကြားတွေအထိ ပြန့်နှံ့ကာ ဂန္ဓမာပင်ခြေပုပ်ခြင်းများဖြစ်ပေါ်စေတတ်ပါသည်။
  • ဂန္ဓမာပင်ခြေပုပ်ရောဂါမှာ Pythium aphanidermatum ဟုခေါ်သော မှိုကြောင့်ဖြစ်ပြီး အပူချိန် နှင့်စိုထိုင်းဆများချိန်တွင် ပိုမို ဆိုးဝါးစွာ ကျရောက်လေ့ရှိပါသည်။ရောဂါလက္ခဏာမှာ မြေမျက်နှာပြင် အပေါ် လက်မအနည်းအကွာတွင် ရေစိုနာကွက်ပုံစံဖြင့်စတင်ကာ မဲ၍ပုပ်လာတတ်ပါသည်။ ရောဂါဆိုးဝါး လာပါက ရေစိုနာကွက်များစုဝေးလာကာ ပုပ်လာတတ်ပါသည်။ ရောဂါဖြစ်စေသော သက်ရှိမှိုမှာ မြေကြီးနှင့်ထိဆက်နေသော အရွက်များမှတဆင့် ပင်စည်ဆစ်ကြားတွေအထိ ပြန့်နှံ့ကာ ဂန္ဓမာပင်ခြေပုပ်ခြင်းများဖြစ်ပေါ်စေတတ်ပါသည်။  

    ရောဂါဖြစ်စေသောသက်ရှိ Pythium မှိုမှာ မြေဩဇာလွန်ကဲစွာကျွေးပြီး ရေဝပ်တတ်သော စိုက်ခင်းတွင် ပိုမိုကျရောက်ဖျက်ဆီးတတ်ပါသည်။ ၎င်းမှိုသည် သဘာဝအတိုင်းမြေကြီးထဲတွင် ခိုအောင်းရှင်သန်နေထိုင်နိုင်ပြီး သင့်လျော်သောအခြေအနေရာရောက်ရှိလာမှသာ စတင်တိုက်ခိုက် တတ်သော မြေဆောင်မှိုအမျိုးအစားဖြစ်ပါသည်။ မြေဆောင်မှိုရောဂါအများစုမှာ လက္ခဏာ တွေ့ရှိကာမှ နှိမ်နင်းပါက ကုသရခက်ခဲသော ရောဂါများဖြစ်ပါသည်။ Pythium မှိုအပါအဝင် အခြားသော မြေဆောင်မှိုများကိုကြိုတင်ကာကွယ် နှိမ်နင်းရမည့်နည်းလမ်းများမှာ- 

    • စိုက်ခင်းအတွင်း လေဝင်လေထွက်ကောင်းမွန်ပြီး နေရောင်ခြည်ကောင်းမွန်စွာရရှိစေရန် လုပ်ဆောင်ပေးရမည်။ 
    • ဂန္ဓမာတစ်မျိုးတည်း ဆက်တိုက်စိုက်ခြင်းမှ ရှောင်ကြဥ်ပေးရမည်။  
    • မျိုးရင်းမတူသော သီးနှံများဖြင့်သီးလှည့်စိုက်ပျိုးပေးရမည်။  
    • ရောဂါဆိုးဝါးစွာ ကျရောက်တတ်ပါက မြေလှပ်၍ နေလှန်းခြင်းများ လုပ်ဆောင် ပေးရမည်။ 
    • မြေဆောင်မှိုအများစုကိုနှိမ်နင်းနိုင်သော Trichoderma မှိုအားမြေကြီးထဲထည့်၍ မြေပြုပြင်ပေးနိုင်သည်။  
    • ဓာတုဆေးသုံးလိုပါက မြေဆောင်မှိုဖြစ်သည့်အတွက် Hymexazol ကဲ့သို့သော မြေဆောင်ရောဂါသတ်ဆေးအား မြေကြီးကိုကြိုတင်ပက်ဖျန်းခြင်းဖြင့် ကာကွယ် နိုင်ပါသည်။ 
    • Metalaxyl၊ Propamocarb hydrochloride၊ Azoxystrobin တို့ကဲ့သို့သော ပင်လုံးပြန့် အာနိသင်ရှိသောမှိုသတ်ဆေးများအား သတ်မှတ်နှုန်းထားအတိုင်း ပက်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။  

    ✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
likes
7
comments
1
views
3072
cover
cover
cover
cover
cover