ရန်ကုန်တိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် မွေးမြူရေးအကြံပြုချက်
- ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း၊ ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည်။ နေ့ပွင့်ချိန်မှာ ပြန်ကျွေးနိုင်ပါသည်။ - မိုးရွာပြီး နောက်တစ်နေ့တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကို ပြန်လည် တိုင်းတာပြီး ကျဆင်းနေပါက တစ်ဧက လျှင် ထုံး (၁၅)ပိဿာ ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။ - ကန်ရေဩဇာဓါတ်လည်း ကျဆင်းပျောက်ဆုံးခြင်းများလည်း ကြုံတွေ့ရပါမည်။ ထို့ကြောင့် မိုးရွာသွန်း ပြီးနောက် ရေကြည်နှုန်း (၁၈)လက်မကျော်နေပါက ပုလဲနှင့်တီစူပါ မြေဩဇာများပြန်လည်ထည့်သွင်းပေးပါရန် အကြံပြုတင်ပြအပ်ပါသည်။ - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ - -------- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
