cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
မြန်မာနိုင်ငံအထက်ပိုင်းမှ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ နေရာကွက်၍ မိုးများနိုင်ပြီး ၂၄ နာရီအတွင်းမိုးရေချိန် ၁.၂ လက်မ မှ ၂ လက်မ ခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    တောင်တရုတ်ပင်လယ်တွင်ဖြစ်လာမည့်တိုင်ဖွန်း MATMO 

    ·          ဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်တိုက်ခတ်မည့် မုန်တိုင်း 27W(ဖိလစ်ပိုင်အမည် PAOLO)သည် အောက်တိုဘာ ၃ ရက် နံနက်တွင် တိုင်ဖွန်းမုန်တိုင်း MATMO အဖြစ် ပိုမိုအားကောင်းလာပါတယ်။ 

    ·          ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အောက်တိုဘာ ၃ ရက် ည တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်စဉ် အားကောင်းသောအပူပိုင်းမုန်တိုင်းအဖြစ် ခေတ္တအားလျော့လာပြီး၊ 

    ·          အောက်တိုဘာ ၄ ရက် နံနက်၊ ဟောင်ကောင်တောင်ဘက် မိုင်၃၅၀ ခန့်အကွာ၊ တောင်တရုတ်ပင်လယ်ပြင်တွင် တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ပြန်လည်အားကောင်းလာပြီး၊ 

    ·          အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ဟိုင်နမ်ကျွန်းကို အောက်တိုဘာ ၅ ရက် ည တွင်လည်းကောင်း၊ 

    ·          တရုတ်ပြည်အနောက်တောင်ဘက်ကမ်းခြေကို ဗီယက်နမ်-တရုတ်နယ်စပ်အနီးမှ အောက်တိုဘာ ၆ ရက် မြန်မာစံတော်ချိန် နံနက်အစောပိုင်းတွင်လည်းကောင်း၊ ဆက်လက်ဖြတ်ကျော်ဝင်ရောက်ပြီးနောက်၊ 

    ·          မုန်တိုင်းအကြွင်းအကျန်များသည် ဗီယက်နမ်နိုင်ငံမြောက်ကိုဖြတ်သန်း၍ ဗီယက်နမ်-တရုတ်နယ်စပ်အထိ အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် လည်းကောင်း ဖြတ်သန်းရွှေ့လျားရောက်ရှိနိုင်ပါတယ်။ 

    ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ် 01B 

    ·           ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သောမုန်တိုင်းငယ်(JTWC သတ်မှတ်ချက်အရ Cyclonic Storm 01B)သည် အောက်တိုဘာလ ၃ ရက် နံနက်ပိုင်းက အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် ဩရိဿပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီနောက် ကုန်းတွင်းမုန်တိုင်း၊ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အနောက်-အနောက်မြောက်ဘက်သို့ အိန္ဒိယနို်ငံအတွင်းတွင် ဆက်လက်ရွေ့လျားလျှက်ရှိပါတယ်။ 

    အာရေဗျပင်လယ်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် 01A 

    ·          အိန္ဒိယနိုင်ငံအနောက်ဘက် အိန္ဒိယ-ပါကစ္စတန်နယ်စပ်အနီး အာရေဗျပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်းငယ် (JTWC သတ်မှတ်ချက်အရ Cyclonic Storm 01A) သည် အာရေဗျပင်လယ်အတွင်း အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အောက်တိုဘာ ၄ ရက်နံနက်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm – SC) အဖြစ်သို့လည်းကောင်း၊ 

    ·          အောက်တိုဘာ ၄ ရက် ည တွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm - VC) အဖြစ်သို့လည်းကောင်း၊ ပိုမိုအားကောင်းလာပြီး ပါကစ္စတန်နိုင်ငံ ကရာချိမြို့အနောက်တောင်ဘက် မိုင် ၃၂၀ ခန့်ပင်လယ်ပြင်တွင် ဗဟိုပြုနေနိုင်ကြောင်း JTWC မှ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 

    ပင်လယ်ပြင်များတွင်ဖြစ်ပေါ်သည့် မုန်တိုင်းများကြောင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေ 

    ·          လက်ရှိဖြစ်ပေါ်နေသည့်/ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများကြောင့် မြန်မာနိုင်ငံ၏မိုးလေဝသအခြေအနေများအပေါ် တိုက်ရိုက်သက်ရောက်မှုအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်တို့တွင်သက်ရောက်မှုအနည်းငယ်ရှိနိုင်ပြီး၊ 

    ·          အောက်တိုဘာလ ၅ ရက်နောက်ပိုင်း အားအသင့်အတင့်မှအားကောင်းလာနိုင်မည့် မုတ်သုံလေကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်ယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသအချို့တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာသွန်းနိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မ ဝန်းကျင်ခန့်၊ 

    ·          မြန်မာနိုင်ငံအထက်ပိုင်းမှ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ နေရာကွက်၍ မိုးများနိုင်ပြီး ၂၄ နာရီအတွင်းမိုးရေချိန် ၁.၂ လက်မ မှ ၂ လက်မ ခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ 

    ယခု ၁ ပါတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၇ ရက်အတွင်း မိုးရေချိန်အများဆုံး ၂.၅ လက်မခန့်(လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ တန့်ယန်း မြို့နယ်/ခရိုင်များ) 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၇ ရက်အတွင်းမိုးရေချိန်အများဆုံး ၂ လက်မ ခန့်(ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းခတ်၊ မိုင်းယောင်း မြို့နယ်/ခရိုင်များ) 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၇ ရက်အတွင်းမိုးရေချိန်အများဆုံး ၂.၆ လက်မခန့်(ဖယ်ခုံ၊ ပင်လောင်း၊ ညောင်ရွှေ၊ ကလော၊ လွိုင်လင်၊ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်၊ မိုးနဲ ခရိုင်များ)ဖြစ်ပြီး 

    ·          မိုးရေချိန်များနိုင်သည့် မိုးတိမ်များ/လေပွေလှိုင်းများကြောင့် ကျောက်မဲ၊ လားရှိုး၊ ကလော၊ အောင်ပန်း၊ တောင်ကြီးခရိုင်များတွင် ခန့်မှန်းမထားသည့် နေရာကွက်မိုးများခြင်းများ ဖြစ်ပေါ်ပြီး၊ 

    ·          နေ့စဉ်ရက်ဆက်၍ ၆၀ မီလီမီတာအထက်မိုးရွာသွန်းနိုင်သော ကလော-ပင်းတယ၊ ပင်လောင်း-ဖယ်ခုံနှင့် သီပေါ-ကျောက်မဲ စသည့် တောင်စောင်းဒေသများ/ လမ်းပိုင်းများတွင် မြေပြိုနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်အရပ်ရပ်မှ စိုက်ပျိုးရေးတောင်သူများအနေဖြင့်၊ တောင်စောင်းများမှ လှေခါးထစ်စိုက်ခင်းများတွင် အစိုဓါတ်များလာခြင်း၊ မိုးများပြီးရေဝပ်နိုင်ခြင်းကြောင့် စိုက်ခင်းများရေလွှမ်းနိုင်ခြင်းစသည့် သဘာဝဘေးဖြစ်ပေါ်နိုင်ချေများကို သတိပြု၍ ကြိုတင်ပြင်ဆင်သင့်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ခန့်ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၇°C ခန့် ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အနောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အရှေ့တောင်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၇ မိုင်နှုန်းခန့် မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်မှာ အောက်တိုဘာ ၄ ရက်နေ့မှ စတဆင်၍ နေရာအချို့မှာ မနက်ပိုင်း ၈ နာရီခန့်အထိ မြူဆိုင်းခြင်း(Foggy Weather condition)ဖြစ်လာနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်ရဲ့ လေထုစိုထိုင်းဆအခြေအနေများအနေနဲ့ ၈၀% မှ ၁၀၀% အထိ ရှိနေနိုင်ပါတယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားချိန် ၂၉ ရက်အထိ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၃၀°C ခန့်ရှိနေနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်တခုလုံးတွင် လေထုညစ်ညမ်းမှုအခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ရှမ်းပြည်နယ်အတွင်း ကြက်သွန်ဖြူစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 


    ရှမ်းပြည်နယ်အတွင်း ကြက်သွန်ဖြူစိုက်ပျိုးရာတွင် ဘက်တီးရီးယားပျော့ပုပ်ရောဂါ ကြိုတင်ကာကွယ်ပေးပါ။ ပုပ်သွားသည့် ဥတွင် မြေမှုန်များ ကပ်မနေပါက Pseudomonas ဘက်တီးရီးယားကြောင့် ဖြစ်သည့် ရောဂါဖြစ် သည်။ ဥပတ်လည်တွင် မြေမှုန်များ ကပ်ပါနေပါက Erwinia ဘက်တီးရီးယားကြောင့် ဖြစ်သည်။ 


    ကာကွယ်နှိမ်နှင်းရန် နည်းလမ်းမှာ 


    • နိုက်ထရိုဂျင် မြေသြဇာများစွာ ထည့်မှုကိုရှောင်ကြဥ်ပါ။ 
    • မျိုးရင်းမတူသော သီးနှံများနှင့် သီးလှည့်စိုက်ပါ။ 
    • ရေအလွန်အကျွံသွင်းခြင်းမှရှောင်ကြဥ်ပါ။ 
    • မြေပြုပြင်ရာတွင် ထရိုင်ဂိုဒါးမားမှိုထည့်သွင်းပြင်ဆင်ပေးပါ။ 
    • ဓာတုဆေးသုံးလိုပါက ဥပုပ်ရောဂါများအတွက် Kasugamycin နှင့် Bismerthiazol ကို တစ်လှည့်စီသုံးပေးခြင်းဖြင့် ကာကွယ်ကုသနိုင်ပါသည်။ 

     

    ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက်  

     

    မိုးမရွာမှီကာလတွင် ငါးမွေးကန်အတွင်း ရေဩဇာရှိနေပြီး ကန်ရေ၏ ချဉ်ဖန်နှုန်းမှာလည်း (၇) အထက်ရှိနေတတ်ပါသည်။ ကန်ရေ၏ အပူချိန်လည်း ၂၈ ဒီဂရီစင်တီဂရိတ် အထက်ရှိနေကြသောကြောင့် ငါးများပုံမှန် အစာစားခြင်း၊ ပုံမှန်ကြီးထွားခြင်း ရှိနေကြပါသည်။  

     

    မိုးအဆက်မပြတ်ရွာသွန်းပြီး နေရောင်ခြည်လည်း ကောင်းစွာမရသဖြင့် ကန်အတွင်း အက်စစ်ဓာတ်များပြီး ကန်ရေ၏ချဉ်ဖန်နှုန်းသည် (၇)အောက်ရောက် ရှိလာပါမည်။ ၅.၅ အထိကျဆင်းတတ်ပါသည်။ နေရောင်ခြည်မရသောကြောင့် ကန်အတွင်း အလင်မှီ အစာချက်လုပ်နိုင်ခြင်း မရှိတော့ဘဲ ကန်ရေဩဇာဓာတ်လည်း ကျဆင်းပျောက်ဆုံးသွားပါသည်။ ထို့အတူ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် ရရှိမှုလည်း ကျဆင်းလာပါသည်။ ကန်ရေ၏ အပူချိန်လည်း ၂၅ ဒီဂရီစင်တီဂရိတ်မှ ‌အောက်သို့ ကျဆင်းလာသည်ကိုလည်း တွေ့ရှိရပါမည်။ ထိုအချက်များကြောင့် ကန်‌ရေ အရည်အသွေးများသည် သတ်မှတ်ချက်စံများ မမှီသဖြင့် ငါးများအပေါ် ဖိစီးမှုများ ကျရောက်လာပါသည်။  

     

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    -------------    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
4521
cover
cover
cover
cover
cover