cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အရွက်များကြွေကျကုန်သည်အထိဆိုးဝါးလာသော ပန်းမုံလာဘက်တီးရီးယားရွက်ပြောက်ရောဂါ

. ရောဂါ
ပန်းဂေါ်ဖီ/ပန်းမုန်လာ ဘက်တီးရီးယားရွက်ပြောက်ရောဂါမှာ Pseudomonas syringae pv. Maculicola ဟုခေါ်သော ဘက်တီးရီယားကြောင့်ဖြစ်ပြီး ရောဂါကျမျိုးစေ့၊ အပင်အကြွင်းအကျန်များနှင် မြေကြီးထဲတွင်ခိုအောင်းနေထိုင်ကာ တိုက်ခိုက်လေ့ရှိပါသည်။
  • ပန်းဂေါ်ဖီ/ပန်းမုန်လာသည် အေးသောရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း အပူဒဏ် ခံနိုင်သည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ခြောက်သွေ့လွန်းသော ရာသီဥတုတွင် အပွင့်ဖြစ်ထွန်းရန် ခက်ခဲပါသည်။ မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများတွင် ဧပြီ၊မေ၊စက်တင်ဘာ၊နှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပါသည်။  

    ပန်းဂေါ်ဖီ/ပန်းမုန်လာ ဘက်တီးရီးယားရွက်ပြောက်ရောဂါမှာ Pseudomonas syringae pv. Maculicola ဟုခေါ်သော ဘက်တီးရီယားကြောင့်ဖြစ်ပြီး ရောဂါကျမျိုးစေ့၊ အပင်အကြွင်းအကျန်များနှင် မြေကြီးထဲတွင်ခိုအောင်းနေထိုင်ကာ တိုက်ခိုက်လေ့ရှိပါသည်။ သွင်းရေ/မိုးရေတို့မှ တဆင့် ကူးစက် ပြန့်နှံ့တတ်ပါသည်။  ရောဂါလက္ခဏာမှာ အရွက်နှင့် ပန်းပွင့်များပေါ်တွင် သေးငယ်သော အစက် အပျောက်လေးမှ စတင်ကာ တဖြေးဖြေးကြီးလာပြီး ပုံသဏ္ဍန်မမှန်သော အကွက်များဖြစ်လာပြီး ဒေါင်းနီးရွက်ပြောက်ရောဂါနှင့် ဆင်တူပါသည်။ အရွက်များပေါ်တွင် ဆိုးဝါးစွာကျရောက်ပါက အရွက်များကြွေကျသွားကာ အပွင့်ပေါ်တွင် ကျရောက်ပါက စျေးကွက်မဝင်ပဲဖြစ်သွားတတ်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - 

    • ရောဂါကင်းသောမျိုးစေ့ရွေးချယ်စိုက်ပျိုးပါ။ 
    • မစိုက်ခင် မျိုးစေ့ကို ရေနွေးစိမ်ပေးပါ။ 
    • မျိုးရင်းမတူညီသောသီးနှံဖြင့် အနည်းဆုံး ၁နှစ် သီးလှည့်စိုက်ပေးပါ။ 
    • ရေဝပ်ခြင်းမှရှောင်ကြဥ်ပါ။ 
    • ပင်ကြွင်းပင်ကျန်များနှင့် ပေါင်မြက်များအားရှင်းလင်းဖယ်ရှားပေးပါ။ 
    • ဓာတုဆေးသုံးလိုပါက ကော့ပါးပါဝင်သောဆေးများဖြစ်သည့် Copper hydroxide၊ Tri-basic Copper sulphate၊ Copper oxychloride တို့ကို Bismerthiazol နှင့် Kasugamycin တို့ဖြင့် ရောစပ်၍ ပက်ဖျန်းပေးပါ။ 

    ထွက်တိုး 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe     

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။     


  • article
likes
8
comments
0
views
2993
cover
cover
cover
cover
cover